"အတန်းလည်းဆင်းပြီ မင်းဘယ်သွားမလဲ"
ဟိန်းရဲ့အမေးကြောင့် ဇေမှာ ပြုံးစိစိဖြစ်သွားသည်
"မင်းကလည်းကွာ ငါ့အကြောင်းမသိတာကျလို့.. ငါဘယ်သွားမယ်.. ဘာလုပ္မယ္ဆိုတာ သိသားနဲ့ မေးနေသေး တယ် မင်းလိုက်မလို့လား..."
"ပြောမလားလို့ မေးတာပါကွာ ငါလည်းသွားစရာရှိတယ် မလိုက်ပါဘူး"
"အဲ့ဒါဆို ငါသွားတော့မယ် နောက်ကျရင် ငါ့ကလေးစိတ်ကောက်နေမှာ ဆိုးရသေးတယ်"
"နားကြားပျင်းကပ်လာပြီနော် အဖြစ်ကလည်းသည်းပါ့ သွားမှာဖြင့် မြန်မြန်သွားစမ်းပါကွာ"
ဇေအပြေးတပိုင်းထွက်သွားသည်ကို ကြည့်ရင်း ဟိန်းမျက်ရည်၀ိုင်းလာပြန်သည်။ နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ မျက်တောင်မြန်မြန်ခပ်နေသည်။ သက်ပြင်းတစ်ချက်ကာ မိန်းဆောင်ဘက်ကိုထွက်လာလိုက်သည်။
××××××
"ကေလး..."
"ဟာ ကိုဇေနော် ကျောင်းမှာ အဲ့လိုကြီးမခေါ်ပါနဲ့..."
"ဘာဖြစ်လို့လဲ ကလေးရဲ့..."
"ကိုဇေနော် ပြောလေကဲလေပါလား စိတ်ဆိုးလိုက်မှာနော်..."
"ဟာ ကိုကိုက ချစ်လို့စတာလေကွာ စိတ်တော့မဆိုးလိုက်ပါနဲ့..."
'ရွှေစိတ်တော်ညှိုးရင် ကျုပ်မှာ ပျာယာနေတာ...
သူမျက်စောင်းလေးထိုးမှာ အလူးလဲခံစားရ...
အပြုံးလေးတွေပျောက်ကွယ်မသွားအောင် ပြုစုပျိုးထောင်ကာ...
ကျုပ်ရဲ့ နတ်သားရဲ့ အလွအပကို ဘယ်သူယှဉ်မလဲကွာ...
သူစိတ်ကောက်တဲ့အခါ စူပုတ်ပုတ်လေးပါ...
ဖားပြုတ်မလေး ကြည့်ရင်းသိပ်အသည်းယား...
ဒီနှလုံးသားထဲက အချစ်များစီးဆင်းကာ...
မျက်နှာညှိုးမှ အရမ်းကြီးစိတ်ပူတာ'
သီချင်းဆုံးသည်နှင့် ချမ်းရဲ့ ပါးကေလး ဖွဖွလေးဆွဲညစ်လိုက်သည်။
ESTÁS LEYENDO
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...