သုံးနှစ်ခန့်ကြာသော်...
ခမ်းနားလှသော ခန်းမကြီးထက်၀ယ် ကတီပါအနီရောင်ကောဇောခင်းထားသော လျှောက်လမ်းတစ်ခုပေါ်တွင် လျှောက်လမ်းနေသောသူနှစ်ယောက်...
ကောဇောရှည်၏ ထိပ်တွင် ရပ်နေသော သတို့သားတစ်ဦးရှိနေလေသည်။ သူ့မျက်နှာတွင် အပြုံးပန်းများ ပွင့်လန်း နေတော့သည်။
Projectorတွင် Pre Weddingပုံတွေတစ်ခုပြီးတစ်ခု ရွေ့လျားနေသည်။ လျှောက်လမ်းတွင်လျှောက်လာသော သူနှစ်ဦးမှ တစ်ဦးမှာ ပျော်လွန်း၍ မျက်ရည်များပင် ၀ဲနေလေတော့သည်။
သူတို့စောင့်မျှော်နေသော အချိန်တစ်ခုကိုရောက်နေပြီမို့ ပျော်ရွှင်ကြည်နူးမိကြသည်။ ဒီကိစ္စကို စီစဉ်နေသည်မှာ လွန်ခဲ့သော တစ်လခန့်ကပင်ဖြစ်လေသည်။
လွန်ခဲ့သောသုံးနှစ်က ဇေနဲ့ဟိန်းတို့ ပြင်ဦးလွင်လာ ပြန်လာသည်နှင့် သူတို့ ကျောင်းပြန်တက်ကာ စီးပွားရေးကို စတင်လုပ်ဆောင်ခဲ့သည်။ ရည်မှန်းချက် ကြီးကြီးထားကာ လုပ်ဆောင်ခဲ့သည်မို့ အချိန်တိုအတွင်း အောင်မြင်သော စီးပွားရေးသမားများဖြစ်လာကြသည်။ သုံးနှစ်ပြည့်သောအခါတွင် သူတို့ တစ်ယောက်နှင့်တစ်ယောက်ထားရှိ ထားသော ကတိအတိုင်း လက်ထပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
အားလုံးက သိထားပြီးသားဖြစ်သည်မို့ လူကြီးများကို သိပ်မပြောလိုက်ရပါ။ မင်္ဂလာအကြီးကျယ်မဆောင်ချင်သော် လည်း အောင်မြင်သော စီးပွားရေးသမားများမို့ ဧည့်ခံပွဲတော့ လုပ်လိုက်ရသည်။
Novotal Hotelတွင် ဧည့်ခံပွဲလုပ်ခဲ့သည်။ တက်ရောက်ကြသော သူမ်ားမွာ နိုင်ငံထိပ်တန်း စီးပွားရေးသမားများသာ မက အောင်မြင်ဆုံးစာရင်း၀င်သူဌေးကြီးများပင် တက်ရောက်ကြသည်။
ကော်ဇောလမ်းဆုံးသို့ရောက်လျှင် ဟိန်း၏ ဒယ်ဒီသည် ဟိန်း၏လက်ကို ဇေဆီသို့ လွှဲပြောင်းပေးလိုက်တော့သည်။
"သားဟိန်းကို အပ်ပါတယ် သားဇေ..."
"စိတ္ခ်ပါ ဒယ္ဒီ ကျွန်တော်ဟိန်းကို ပျော်ရွှင်အောင်ထားမယ်လို့ ကတိပေးပါတယ်..."
ဟိန်းဒယ်ဒီ၏ မျက်နှာတွင်လည်း ပျော်ရွှင်နေသော ပုံရိပ်တွေပေါ်နေသည်။ သက်ဆိုင်စားပွဲ၀ိုင်းသို့ပြန်သွား သော အခါတွင်၀ယ် ဟိန်း၏ကြီးမေ၊ ဟိန်း၏မာမီနှင့် မေမေတို့မှာလည်း သူတို့ကို ၀မ်းသာသော မျက်နှာများဖြင့် စိုက်ကြည့်နေလေသည်။
KAMU SEDANG MEMBACA
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomansaStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...