Chapter 100 (Zawgyi)

6K 69 2
                                    

တုနွမ်ဟာ ကော်ဇောပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ထိုင်နေပြီး "ငါ သူဌေးကိုဘာလို့ အားလပ်ရက်ခရီးသွားစေချင်တာလဲ? ... ဘာလို့ဆိုရင် ငါလည်းအားလပ်ရက်ရချင်လို့လေ"
'ဒါဆိုရင် ငါတို့ကအခုဘာလုပ်နေရတာလဲ!!'
ဖုဇီချန်ဟာ မျက်ရည်တွေနဲ့ အော်မြည်လိုက်သည်။ "လီး! ကြင်ဖက်တွေ့ရမှာက အဝါရောင်တောင်ဖြစ်နေပြီ။ ငါအချိန်မအားနိုင်လို့။ ငါမင်းကိုမုန်းတယ်"
အန်ရူဟာ သူမကြိုတင်ပြင်ဆင်လာတဲ့ ဘီကီနီကို ဝတ်ဆင်လိုက်သည်။ သူမရဲ့တကိုယ်လုံးနီးပါးဖော်ထားလေသည်။ အလုပ်ချိန်တုန်းကရှိခဲ့တဲ့ ဖြူစင်တဲ့ပုံစံဟာ လုံးဝကွဲပြားနေသည်။ ကျောင်းဖန်တောင် လုံးဝကြောင်အနေသည်။ သူမ ပျော်ရွှင်စွာနဲ့ နှုတ်ခမ်းကိုမြှင့်လိုက်ပြီး ပြောလိုက်သည်။ "သွားရအောင်၊ ရေသွားကူးဖို့ အချိန်ကောင်းပဲ"
...
နေကာထီးအောက်ကနှစ်ယောက်ဟာ အသီးစားရင်းနဲ့ ရှုခင်းကြည့်နေကြသည်။ အဲအချိန်မှာ ကမ်းခြေမှာ ဘယ်သူမှမရှိပေ။ သန့်ရှင်းနေပြီး အေးဆေးနေသည်။ ကျူးကျူး ခါးအကြောဆန့်နေလိုက်သည်။
နေ၊ ကမ်းခြေ၊ ပင်လယ်ရေလှိုင်းတွေ၊ ပြီးတော့...ဖရဲသီးစားနေတဲ့အသံတွေနဲ့ အချိန်ကုန်ဆုံးနေသည်။
ကျူးကျူး မျက်နှာသေနဲ့ ပြောလိုက်သည်။ "အားလပ်ရက်တွေ ကုန်ဆုံးနေတာပဲ"
အဲဒီအချိန်မှာ လူတချို့လာနေသည်။ ကျူးကျူးဟာ နေကာမျက်မှန်တပ်ထားတာကြောင့် သေချာမမြင်ရပဲ မျက်လုံးမှေးကြည့်လိုက်သည်။ သူမဘေးက ချန်ကျမ်းဟာ အေးဆေးစွာနဲ့သူ့လက်တွေကိုပွတ်နေသည်။ သူဟာ ရှပ်အင်္ကျီချောင်ချောင်နဲ့ ဘောင်းဘီတိုဝတ်ထားသည်။ သူ့ကိုယ်ကကြွက်သားလိုင်းတွေဟာ အားနည်းပြီး နူးညံ့ပုံပေါက်မနေပေ။ တချက်ကြည့်လိုက်ရုံနဲ့တင် သူပုံမှန်လေ့ကျင့်ခန်းလုပ်မှန်းသိနိုင်သည်။
ချန်ကျမ်းအပြင်ထွက်နေတာက gym ကိုနေ့တိုင်းသွားနေတာဖြစ်နေပြီး သူမရှေ့မှာဆိုရင်တော့ အစားမက်တဲ့လူဝကြီးလိုမျိုး ဟန်ဆောင်နေတာလားလို့ သံသယဝင်လာသည်။
လူတချို့ဟာ တဖြည်းဖြည်းနီးကပ်လာပြီး တချို့တလေက ဟန်ဆောင်ပန်ဆောင်နဲ့နှုတ်ဆက်လိုက်သည်။
ကျူးကျူးလာနေတဲ့သူတွေကိုကြည့်လိုက်တော့ ဘယ်သူတွေမှန်းမှတ်မိသွားချိန် လုံးဝအံ့သြသွားတော့သည်။ 'ထူးဆန်းလိုက်တာ! ကျားချန်ရဲ့သူဌေးကလည်း ဒီကိုအားလပ်ရက်ခရီးထွက်လာတာပဲလား? တကယ်တိုက်ဆိုင်လိုက်တာ'
တုနွမ်ဟာ အဝေးကနေ ကျူးကျူးဟာ ကမ်းခြေကခုံတန်းပေါ်မှာ ပျင်းပျင်းရိရိနဲ့ လဲလျောင်းနေတာကို တွေ့နေရသည်။ သူမရဲ့အသားအရေက တောက်ပနေပြီး သူမရဲ့သွယ်လျတဲ့ခြေတံတွေဟာ ခြေချင်းထပ်ထားပြီး သူမရဲ့ခြေသည်းတွေဟာ အနီရောင်ဆိုးထားလေသည်။
အိပ်ချင်နေတဲ့ကြောင်တကောင်လိုမျိုးပုံစံကြောင့် တချို့ဟာ သရဲကိုတွေ့လိုက်ရသလို တယောက်ပြီးတယောက်ချောင်းခြောက်တွေဆိုးပြီး မျက်နှာချင်းမဆိုင်ရဲတော့ပေ။
အခုသူမပုံစံက အနည်းငယ်မရိုမသေဖြစ်နေတာကိုသတိထားမိလိုက်တော့ ကျူးကျူးဟာ မတ်မတ်ထိုင်လိုက်ပြီး သွယ်လျပြီး နူးညံ့တဲ့ခြေတံတွေကိုဖုံးရန် စကပ်ကိုဆွဲချလိုက်သည်။
ချန်ကျမ်းဟာ သူတို့လာနေတာကိုသိနေသလိုမျိုး အသီးကိုသာ ဖြေးဖြေးချင်း ဆက်စားနေသည်။
ကျူးကျူးဟာ လေသံတိုးတိုးလေးနဲ့ သူ့ကိုသတိပေးလိုက်သည်။ "ဟေး၊ ကျားချန်ရဲ့သူဌေးဒီကိုရောက်နေတာလေ၊ ဝန်ထမ်းတယောက်အနေနဲ့ နှုတ်ဆက်သင့်တယ်မလား"
တကယ့်ကျားချန်သူဌေးဟာ အုန်းရည်ကိုတငုံလောက်အေးဆေးစွာ စုပ်သောက်လိုက်ပြီး မရေမရာပြောလိုက်သည်။
'အခုချိန်က တုန်လှုပ်နေရမဲ့သူက သူတော့သေချာပေါက်မဟုတ်ပေ'
လူတချို့ဟာ ချန်ကျမ်းကိုတွေ့ပြီး တုန်လှုပ်စွာနဲ့ သူဌေးလို့ ခေါ်မိတော့မတတ်ဖြစ်သွားပေမဲ့ အတင်းပြန်မျိုချလိုက်ရသည်။ 'ချန်ကျမ်းက သူ့ကို ရွမ်ကျူးကျူး မဟုတ်ဘူး ငါတို့မရီးရှေ့မှာဆိုရင် သူဌေးလို့မခေါ်ဖို့ ခိုင်းထားတယ်။ ဘာကြောင့်လဲဆိုတာသိချင်ပေမဲ့ မေးလည်းမမေးရဲဘူး'

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now