Chapter 105 (Unicode)

2.4K 298 2
                                    

သူမစိတ်ရှည်မှုကုန်ဆုံးသွားပြီး ဂုံးကင်ဆီလက်လှမ်းလိုက်သည်။ ဒီတခေါက်မှာတော့ ချန်ကျမ်းလိုက်မလုတာကြောင့် ကျူးကျူး ဂုဏ်ယူမှုအပြည့်နဲ့ ယူ...

"ပူလိုက်တာ ပူတယ်ဟ1"

ချန်ကျမ်း ။ "ဟား"

"...."  'ငါကြားလိုက်တယ်နော်'

ကျူးကျူးတယောက် ချန်ကျမ်းကို ဒုံးပျံမှာကြိုးနဲ့ချည်ပြီး ကောင်းကင်ဆီ လွှတ်တင်ချင်စိတ်ပေါက်သွားသည်။ 'ကမ္ဘာပေါ်ပြန်မရောက်လာလေ ကောင်းလေပဲ'

သူမချန်ကျမ်းရဲ့ ဘာမှမဖြစ်သလို အေးဆေးဝါးနေတဲ့ လှပနွေးထွေးတဲ့ မျက်နှာကို ကြည့်ပြီး ချန်ကျမ်းမတုံ့ပြန်နိုင်လိုက်ခင်မှာပဲ ရုတ်တရက် ချန်ကျမ်းပါးကို ဆွဲပြီး ကြမ်းကြမ်းတမ်းတမ်းပွတ်လိုက်သည်။

ချန်ကျမ်းမျက်နှာက ဖြူစွတ်နိုင်တာကြောင့် တခေါက်နှစ်ခေါက်ပွတ်လိုက်ရုံနဲ့ ရဲသွားတော့သည်။

ကျူးကျူး ပျော်ရွှင်စွာပြောလိုက်သည်။ "နင်နောက်တခေါက် လုရဲလုကြည့်လိုက်လေ"

ချန်ကျမ်း ကြောင်အသွားတော့သည်။

သူမရဲ့ လက်ဖဝါးက နွေးထွေးပြီး လက်ချောင်းဖျားတွေက ပူလောင်တဲ့ အပူချိန်ရှိသလိုမျိုး ခံစားနေရသည်။ အဲလက်ဖျားတွေက သူ့ပါးကို တင်းတင်းဆုပ်ကိုင်ထားသည်။ 

သူ့နှလုံးသားလည်း အဲအပူချိန်ကြောင့် တောက်လောင်လာသလိုပေ။

အခုချိန်မှာ ချန်ကျမ်းရဲ့ လှပတဲ့ မျက်ဝန်းတွေ ဝိုင်းစက်သွားတာကို ကြည့်ပြီး သူမတခဏကြောင်အသွားပြီး သူမ ချန်ကျမ်း မျက်နှာကို ကိုင်ထားမိမှန်း သတိထားမိသွားသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်လျက်ရှိနေပြီး အရမ်းလည်း နီးကပ်နေသည်။

"....."

"....."

"မင်းမျက်လုံးတွေ.... "

ကျူးကျူး မျက်နှာတည်လိုက်ပြီး "ပါးစပ်ပိတ်ထား"

ဘေးမှာထိုင်နေကြတဲ့ လူတွေကတော့ တယောက်ကိုတယောက်ကြည့်နေကြသည်။ တုနွမ်ဟာ ဝိုင်တငုံသောက်လိုက်ပြီး ပြောလိုက်သည်။ "အန်ရူ၊ မင်းခေါင်းမာနေတုန်းလား? မင်းသူဌေးကို အဲလိုပုံစံမျိုးဖြစ်အောင်လုပ်နိုင်မယ်လို့ ထင်လား?"

'အန်ရူတယောက် တခြားဘာကိုမှ ဂရုမစိုက်ပဲ ရွမ်ကျူးကျူးကို သွားရန်စတယ်၊ သူမရဲ့အရည်အချင်းကြောင့်သာ ဒီနေရာမှာ ရှိနေနိုင်တာပေ'

အန်ရူဟာ တခွန်းမှမပြောပဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

"မင်းဖြစ်နိုင်ရင် နောင်တ၇သင့်နေပြီ၊ ဆက်တိုးလာရင် သူဌေးငြိမ်နေမှာမဟုတ်တာသေချာတယ်"

အန်ရူ ရုတ်တရက် အနည်းငယ်ဝမ်းနည်းသွားသည်။ "ငါတကယ် နားမလည်နိုင်ဘူး၊ ငါက သူ့ထက်ဘယ်နေရာမသာလို့လဲ? ဘာလို့နင်တို့အားလုံး သူ့ကိုပဲ အာရုံစိုက်နေကြတာလဲ? နာမည်ပဲရှိတဲ့ အိမ်ထောင်ရေးပဲကို ထိန်းသိမ်းနေစရာလိုလို့လား? အခုက ဘယ်ခေတ်တောင်ရောက်နေပြီလဲ?  တယောက်ယောက်ကို လွတ်လွတ်လပ်လပ် ကြိုက်ခွင့်တောင်မရှိဘူးလား?"

"ဘယ်လိုလူတွေကို နှိုင်းယှဉ်၇မှာလဲ? အန်ရူ မင်းသိပ်ရိုးရိုးလေးတွေးနေတာပဲ"

တချိန်လုံးတိတ်ဆိတ်နေတဲ့ ကျောင်းဖန်ဟာ သူ့မျက်နှာပျက်စွာနဲ့ ပြောလိုက်သည်။ "တစုံတယောက်ရဲ့ အိမ်ထောင်ရေးကို ဝင်ရောက်စွပ်ဖက်တာမှာ ခေတ်က အကြောင်းပြချက်မဟုတ်ဘူး၊ ငါမင်းကို အထင်မသေးပါ၇စေနဲ့"

"....."

ချန်ကျမ်း အိပ်သွားပြီလို့ ကျူးကျူးထင်နေပေမဲ့ တံခါးအပြင်မှာ ချန်ကျမ်းဟာ ပင်လယ်လေခံရင်း ရပ်နေသည်။

သူ့ရဲ့ ပွနေတဲ့ အင်္ကျီချောင်ချောင်ဟာ လေညှင်းကြောင့် လွှင့်နေသည်။ သူဟာ နူးညံ့တဲ့ သဲသောင်ပြင်ပေါ်မှာ တယောက်တည်းရပ်နေပြီး ဘာကိုတွေးနေမှန်း မသိ၇ပေ။ သူ့နောက်မှာတော့ ပုံရိပ်တခုဟာ ဖြေးဖြေးချင်း သူ့ဆီချည်းကပ်လာနေသည်။ အဲဒါက အန်ရူပေ။

အန်ရူ နူးညံ့စွာနဲ့ ပြောလိုက်သည်။ "ရှင်ကျွန်မကို ပြောစရာရှိလို့လား?"

ချန်ကျမ်း သူ့လက်တွေကို အိပ်ကပ်ထဲထည့်လိုက်ပြီး သူမဆီလှည့်လိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်သည်။ "မင်းရဲ့ အလုပ်ဂုဏ်ကို သုံးပြီး တခြားအရာတွေကို လောင်းကြေးထပ်ဖို့ မကြိုးစားနဲ့ "

"ရှင်ဆိုလိုချင်တာက...."


(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now