ကျူးကျူး ဒီလိုလှည့်စားမှုမျိုးကို TV မှာတွေ့ဖူးလေသည်။ 'အိပ်ရာခင်းနှစ်ခုကို ကြိုးထူထူဖြစ်အောင် လှိမ်လိုက်ပြီး သေချာတင်းတင်းချည်လိုက်မယ်။ ပြီးရင် ပါဆယ်လာပို့တဲ့အကို တံခါးဆီလာမှာကို စိတ်ရှည်ရှည်နဲ့စောင့်ရုံပဲ'
ပါဆယ်ပို့တဲ့ ရှောင်လီတယောက် ဒီနေ့အခက်တွေ့လေတော့သည်။
သူ တဖက်လူရဲ့ထူးဆန်းတဲ့ ပါဆယ်လက်ခံမဲ့ပုံစံကို သေချာအာင်လို့ မှတ်ချက်ကို အကြိမ်ကြိမ်ဖတ်လေသည်။ 'စားသုံးသူက ဘောက်ဆူးပေးမယ်လို့ ပြောထားတယ်' သူသွားကြိတ်လိုက်ပြီး တွန်းလှည်းကို တခြားတဖက်ကို မောင်းသွားလိုက်သည်။ အနက်ရောင် အလင်းအောက်မှာ သူခိုးတယောက်လိုမျိုး သူပါဆယ်ထုတ်ကိုကိုင်ပြီး နေရာကို အတည်ပြုဖို့ အနောက်ဘက်လှေကားဆီ တိတ်တဆိတ်သွားလိုက်သည်။
ပြတင်းပေါက်တခုပွင့်နေပြီး ကြိုးတချောင်းတွဲကျနေကာ ပါဆယ်ပို့တဲ့အကိုကြီးဆီ လွှဲပြနေသည်။
ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာကို သူနားမလည်ပေမဲ့ ပြောထားတဲ့အတိုင်းလုပ်ပေးလိုက်သည်။
ပါဆယ်ပို့တဲ့အကိုကြီး ရှောင်လီတယောက် စားသုံးသူရဲ့ဆန္ဒအတိုင်း အိတ်မပြုတ်ကျရအောင် တင်းတင်းချည်ပေးလိုက်သည်။ သူချွေးပြန်တဲ့အထိ အလုပ်များနေပြီး နောက်ဆုံးတော့ သူသက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တဖက်လူ ဆွဲတင်တာကိုစောင့်ဖို့ ခေါင်းမော့လိုက်သည်။
ထို့နောက်.....
ရှောင်လီဟာ တခြားပြတင်းပေါက်တခုပွင့်လာတာကို တွေ့လိုက်ရသည်။
ကြိုးကျနေတဲ့ပြတင်းပေါက်ဘေးက ပြတင်းပေါက်မှာ ယောင်္ကျားတယောက် ရပ်နေပြီးတော့ ဘေးပြတင်းပေါက်ကကြိုးကို မျက်လုံးမှိန်မှိန်နဲ့ ကြည့်နေလေသည်။
ပါဆယ်ပို့တဲ့အကိုကြီး ။ "........"
လေအေးအေးတိုက်ခတ်နေတာကြောင့် ပြတင်းပေါက်ကြားကနေ လေအေးတွေဝင်လာတာကြောင့် ကျူးကျူးတုန်ယင်နေတော့သည်။
သူမရဲ့နှာဖျားက အနည်းငယ်ယားယံနေပြီး နှာချေမိတော့မလို့ပေမဲ့ ကျူးကျူးအမြန်ပါးစပ်ပိတ်လိုက်မိသည်။ ' ငါပါဆယ်မှာတာကို ချန်ကျမ်းကို မသိစေချင်ဘူး။ ဒါကြောင့်ဂရုတစိုက်လုပ်ရမယ်' အဲလိုတွေးပြီးတော့ ကျူးကျူး ပိုပြီးတော့ ဂရုတစိုက်လုပ်လေသည်။
ကျူးကျူး အဲချိန်မှာ လုံးဝဂရုတစိုက်လုပ်နေတာကြောင့် မီတာအနည်းငယ်က တယောက်ယောက်ရဲ့ သေစေလောက်တဲ့အကြည့်စူးစူးဟာ သူမကိုသူမ လူမမိသွားဘူးလို့ထင်ပြီး လုပ်နေတဲ့ အပြုအမူတွေကိုကြည့်နေမှန်း သတိမထားမိပေ။
"ဂြီ...."
'ဗိုက်ဆာတာ မခံနိုင်တော့ဘူး' ကျူးကျူးဟာ စားသောက်ရင်း ဇာတ်ကားကြည့်ရမဲ့ အကြောင်းကို တွေးကြည့်ရုံနဲ့တင် သွားရည်တောင်ကျလာလေသည်။
သူမတခဏလောက် စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းလိုက်သည်။ အောက်ထပ်ကပါဆယ်ပို့တဲ့အကိုကြီးဟာ ကြိုးကိုမလှုပ်သေးပေ။ ဒါပေမဲ့လည်း သူမလက်ထဲကကြိုးဟာ တွဲကျနေတဲ့ပစ္စည်းရဲ့ အလေးချိန်ကို ခံစားလို့ရနေသည်။
"...." 'ထူးဆန်းလိုက်တာ၊ ပြီးသွားပြီလား၊ မပြီးသေးဘူးလား?'
ကျူးကျူးဟာ ကြိုးကိုလက်တဖက်ကကိုင်ထားပြီး တံခါးပေါက်ကို တဝက်လောက်ဖွင့်လိုက်သည်။ အေးစက်နေတဲ့လေက ချက်ချင်းဆိုသလို အတားအဆီးမရှိ ဝင်ရောက်လာသည်။ လေအေးအေးက ကျူးကျူးမျက်နှာက်ုတောင် လေဖြတ်စေတော့မတတ်ပေ။ သူမလည်ပင်းကျုံ့လိုက်မိပြီး သူမကုတ်အင်္ကျီမဝတ်မိတာကို နောင်တရသွားလေသည်။
အောက်မှာရှိနေတဲ့ပါဆယ်ပို့တဲ့အကိုကြီးလီဟာ နေရာမှာတင် မျက်နှာပျက်စွာရပ်နေပြီး အသိပေးရမှာလား မပေးရဘူးလားဆိုတာကို ရွေးရခက်နေလေသည်။
'ငါလည်း အလုပ်အပေါ် သစ္စာရှိတဲ့သူပါ။ တကယ်လို့ ငါမပြောလိုက်လို့ ဘောက်ဆူးမပေးတော့ရင်ရော?'
အပေါ်ကနေ ကြည့်နေတဲ့ ကျူးကျူးအမြင်မှာတော့ နေရာမှာတင်ရပ်နေပြီး ခေါင်းမော့ပြီး ကျူးကျူးကိုကြည့်နေတဲ့ ပါဆယ်ပို့တဲ့သူကိုပဲတွေ့ရလေသည်။
ကျူးကျူးဟာ သူ့ကို "OK" လက်ပုံစံလုပ်ပြလိုက်သည်။
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)