Chapter 114 (Unicode)

2.2K 258 4
                                    

ပြန်လည်မွေးဖွားလာကတည်းကနေ ရှုဘီယင်ဟာ ချန်ကျမ်းကို ဘယ်တော့မှ မဆက်သွယ်ရန် ဆုံးဖြတ်ထားသည်။ 'အဲလူကအဆင်းသာရှိပြီး  အချင်းမရှိတဲ့သူပဲ။ သူ့မှာရှိတာဆိုလို့ အလှအပတရားပဲရှိတယ်။ ဇူးမာနဲ့ယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးလိုပဲ။ ငါဘာကိုမှ စိုးရိမ်နေစရာမလိုဘူး'

ဒါပေမဲ့ စဉ်းစားလေလေ ရှုဘီယင်တယောက် အရင်ဘဝရဲ့ ခါးသီးတဲ့အကြောင်းအရာတွေကို ပိုပြန်မှတ်မိလေဖြစ်နေသည်။ 

'အရင်ဘဝရဲ့ အချိန်အ၇ဆိုရင် အခုချိန်ထိ ချန်ကျမ်း ရောင်းမစွံတဲ့အိမ်ပျက်ကြီးထဲမှာ နေလျက်ရှိနေမှာပဲ။ သူ့ဇနီးဟောင်းဆီမှာ လည်း ငွေတွေ အလိမ်ခံလိုက်၇ပြီး အနာဂတ်မရှိတဲ့ဘဝနဲ့နေနေမှာပဲ'

ရှုဘီယင်တကယ်ပဲ သူဘာမှ မရှိတဲ့အဖြစ်ကို မြင်ချင်မိသည်။

ရုတ်တရက် သူမ အနည်းငယ်ကျေနပ်မိသွားသည်။

ချန်ကျမ်းရဲ့ ကျရှုံးနေမဲ့ပုံစံကို တွေးမိလိုက်တော့ သူမရွေးချယ်မှု မှန်ကန်ကြောင်း ပိုလို့သေချာလာသည်။

'ဒါမှမဟုတ် ချန်ကျမ်းကို အဝေးကနေ တချက်ကြည့်ပြီးတော့ အရင်ဘဝရဲ့တွယ်တာမှုတွေကို အကုန်ဖြတ်တောက်ပစ်၇မယ်'

ဒီနေ့နှင်းစတင်ကျလေပြီ။

လိမ္မော်ရောင်သန်းနေတဲ့ မှောင်စပြုနေတဲ့ ကောင်းကင်အပြင် တကမ္ဘာလုံး အဖြူရောင်ဖြစ်နေသည်။ လေက အရမ်းကို အေးစက်နေတာကြောင့် ကျူးကျူးအပြင်ကို လုံးဝမထွက်ချင်‌ပေမဲ့ အိမ်က ရေခဲသေတ္တာကပြောင်ရှင်းနေတာကြောင့် အပြင်ထွက်၇တော့သည်။

သူမချန်ကျမ်းနဲ့ အတူသွားလိုက်သည်။

ကျူးကျူးရဲ့အမြင်မှာ ချန်ကျမ်းဟာ အပြင်မထွက်တာ တပတ်လောက်တောင်ရှိနေပြီဖြစ်သည်။

'ဒီနေ့က ရုံးပိတ်ရက်တောင်ဖြစ်သွားပြီ။ သူကတော့ အိမ်မှာသေနေတုန်း။ နေမကောင်းဖြစ်သွားပြီးတော့ ဝှီးချဲနဲ့သွားနေရတော့မလားတောင် ကြောက်နေပြီ '

အပြင်သွားရင် ကုတ်အင်္ကျီဝတ်သွားဖို့ မစဉ်းစားထားတာကြောင့် ချန်ကျမ်းတယောက် အနက်ရောင်ဆွယ်တာပါးလေးကိုပဲ ဝတ်ပြီးထွက်လာခဲ့သည်။ ကျူးကျူး မျက်နှာသေကြီးနဲ့ တံခါးမှာချိတ်ထားတဲ့ သူမရဲ့အမဲရောင်အင်္ကျီရှည်ကို ယူလိုက်သည်။ သူမချောင်ချောင်ချိချိဝတ်လို့၇တဲ့ အင်္ကျီဟာ ချန်ကျမ်းနဲ့တော့ ကွက်တိဖြစ်နေသည်။

ချန်ကျမ်း အင်္ကျီအိတ်ထဲ လက်ထည့်လိုက်ပြီး သူမရဲ့ အင်္ကျီကို ဝတ်ထား၇တဲ့ အပေါ်မှာ ဘာမှအထွန့်မတက်ပဲ ကျူးကျူးနောက်ကနေ ဖြေးဖြေးချင်းလိုက်လာခဲ့သည်။

နှစ်ယောက်လုံးသား ရှေ့ဆင့်နောက်ဆင့်လျှောက်နေကြပြီး ပုံမှန်လမ်းလျှောက်နှုန်းထက် နှေးကွေးနေသည်။

ကျူးကျူး ခြေလှမ်းတွေကို ဂရုတစိုက်နဲ့သွားနေသည်။

နှင်းလွှာအထူကြီးဟာ လမ်းတွေကို ဖုံးလွှမ်းနေပေမဲ့ ကံကောင်းတာက သူမက နှင်းစီးဖိနပ်စီးထားတာကြောင့် ပြုတ်မကျပေ။ သူမ လှေကားကနေ ခြေလှမ်းအနည်းငယ်ဆင်းလိုက်ပြီး ချန်ကျမ်းကို ပြောလိုက်သည်။ "နင်သတိထားနော်။ ဖြေးဖြေးချင်း..."

သူမရဲ့ ဖိနပ်အောက်ခံဟာ ချော်ကျသွားပြီး သူမရဲ့ခြေချောင်းတွေ မြှောက်တက်သွားကာ လူတကိုယ်လုံးလှေကားပေါ်ကို ပြုတ်ကျသွားတော့သည်။ 'ငါအောက်ဆုံးထိချော်ဆင်းသွားတော့ အဲမြင်ကွင်းဟာ ဘယ်လောက်တောင် ရယ်စရာကောင်းနေမလဲ???'

ကျူးကျူး ဖင်နဲ့အဆုံးမရှိ ပြုတ်ကျသွားပေမဲ့ မနာလိုက်ပေ။ အင်္ကျီအထူကြီးဟာ နူးညံ့ပြီး အထဲကလည်း ဝတ်ထားသေးတာကြောင့် ကံကောင်းသွားပေသည်။

ကျူးကျူးစိတ်လှုပ်ရှားစွာနဲ့ ဘယ်ညာလှည့်ကြည့်လိုက်ပြီး ဘယ်သူမှာ သူမကို မမြင်လိုက်တာ သေချာမှ သူမစိတ်အေးသွားတော့သည်။ နောက်တစက္ကန့်လောက်နေတော့ အနောက်ကနေ ရှင်းလင်းပြီး တိုတောင်းတဲ့ ရယ်သံကိုကြားလိုက်သည်။

ချန်ကျမ်း ။ "ဟား"

ကျူးကျူး ။ '...ဘယ်လိုလုပ်ဒီခွေးကောင်က ငါ့ကိုရယ်ရဲ၇တာလဲ???'

သူမအရမ်းဒေါသထွက်နေပြီး ထချင်နေလေပြီ။ သူမရဲ့ဖိနပ်အောက်ခံတွေက အရမ်းချော်နေပြီး သူမမြေပေါ်ပြန်ထိုင်ကျသွားသည်။ သူမရဲ့ကောင်းမွန်တဲ့ ချော်လဲမကျစေတဲ့ နှင်းစီးဖိနပ်တွေက အခုချိန်မှာတော့ စကိတ်နဲ့မခြားဖြစ်နေသည်။ သူမထပ်ခါထပ်ခါ ချော်ကျနေသည်။


(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now