Chapter 129 ( Zawgyi)

840 25 0
                                    

သူမ မထိခိုက်သွားတဲ့အပြင် ချန်ကျမ်းရဲ့လျင်မြန်တဲ့တုံ့ပြန်မှုကြောင့် သူမ ကားနဲ့ အဝေးကြီးရှောင်နိုင်လိုက်သည်။
ကျူးကျူး ကြောင်အနေမှုကနေပြန်ပြီး အသိဝင်လာချိန်မှာတော့ နောက်ဆက်တွဲကြောက်ရွံ့မှုကြောင့် သူမရဲ့မျက်နှာဟာ ဖြူဖျော့သွားတော့တယ်။
"ငါဘာမှမဖြစ်ပါဘူး။ အိမ်ပြန်ကြရအောင်"
ချန်ကျမ်းဟာ "အင်း" လို့ပြောပေမဲ့ သူမကိုမလွှတ်ပေ။
ချန်ကျမ်း ကျူးကျူးရဲ့လက်မောင်းကို ဆွဲကာ အိမ်ကိုလမ်းလျှောက်ပြီး ပြန်လေသည်။ သူ့ရဲ့လမ်းလျှောက်နှုန်းက နည်းနည်း ပိုမြန်တာကြောင့် ကျူးကျူးဟာ အတင်းဆွဲခေါ်ခံနေရသလို ဖြစ်ပြီး အမှီလိုက်လျှောက်နေရသည်။ ချန်ကျမ်းဟာ သူမလိုက်မမှီနိုင်တာကို သတိထားမိလိုက်တာကြောင့် အလိုက်တသိနဲ့ ကျူးကျူးလိုက်မှီအောင် အရှိန်လျှော့ပေးလိုက်သည်။
ကျူးကျူးဟာ ရုတ်တရက် ချန်ကျမ်းက မဆိုးပါဘူးလို့ တွေးမိလိုက်သည်။ အဲဒီအချိန်တုန်းကဆိုရင် သူ့ရဲ့ပြီးပြည့်စုံတဲ့မျက်နှာကတောင် ပိုပြီးချောသွားသလို ခံစားလိုက်ရသည်။
နှစ်ယောက်သား အိမ်ပြန်တဲ့လမ်းတလျှောက် ဘာစကားမှမပြောဖြစ်ကြပဲ မြေကြီးပေါ်က ပဲ့တင်ထပ်လာတဲ့ ဖိနပ်သံ တရှပ်ရှပ်သာ မြည်ဟီးနေသည်။ ကျူးကျူးဟာ လက်မောင်းကို အကိုင်ခံထားရပေမဲ့ အဆင်မပြေဖြစ်တဲ့ခံစားချက်တော့ အဖြစ်ပေ။ သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ " ကျေးဇူးပဲနော်"
'စာချုပ်ပေါ်က အမည်ခံယောကျာင်္းပေမဲ့ ချန်ကျမ်းက တော်တော်လေးတော့ အားကိုးရသား'
ချန်ကျမ်းဟာ အသံတိုးတိုးလေးနဲ့ "အင်း" လို့ပဲပြောလိုက်သည်။
သူဟာ အနက်ရောင်လောင်းကုတ်ရှည်ကို ဝတ်ထားပြီး အရပ်ရှည်ပြီး သေးသွယ်လေသည်။ ကျူးကျူးရဲ့ ကျေးဇူးတင်တာကို လုံးဝဂရုမစိုက်တဲ့ပုံစံလိုမျိုး ခပ်မိုက်မိုက်ပုံစံဖမ်းနေလေသည်။
ကျူးကျူးဟာ သူ့ကိုထပ်တလဲလဲ ကြည့်နေမိသည်။
"ကောင်းပြီလေ......"
ကျူးကျူး အနည်းငယ်တုံ့ဆိုင်းပြီးမှ မေးလိုက်သည်။
"နင် ဘာလို့ လက်နဲ့ခြေ တတန်းတည်း လျှောက်နေရတာလဲ?"
ချန်ကျမ်း ။ "........"

(ချန်ကျမ်းတယောက်တည်း ရှက်ပြီး ဘယ်ခြေ ဘက်လက်၊ ညာခြေ ညာလက်တွေ ဖြစ်ကုန်ပါပြီ)

ကျူးကျူးတယောက် အခုတလော QQ speed မှာပဲ အချိန်ဖြုန်းဖြစ်နေသည်။ နောက်ပြန်ဆုတ်ပြီး ဂိုထောင်ထဲဝင်တာကို လေ့ကျင့်နေတယ်လို့ အကြောင်းပြပြီး စားဖို့သောက်ဖို့တောင်မေ့ကာ ကစားနေလေသည်။ စနေ၊ တနင်္ဂနွေမှာ လုပ်စရာရှိမှသာထပြီး အဟုတ်ရင်တော့ နေဖင်ထိုးအောင် အိပ်နေလေသည်။ သူမ တကယ်ကြိုးစားနေတယ်လို့ ပြောလ်ု့ရလေသည်။
ပိုင်လုံမာဟာ ကျူးကျူးကို လိုင်းပေါ်မှာ ရက်အတော်ကြာမတွေ့တာကြောင့် စိတ်ဓာတ်ကျနေတဲ့လေသံနဲ့ ကျူးကျူးကို သီးသန့်စာပို့လာလေသည်။
"အမကျူးရေ၊ ဘာတွေလုပ်နေလဲ? ဘာလို့ လိုင်းပေါ်မှာ ဂိမ်းမကစားတော့တာလဲ?"
ကျူးကျူး တည်ငြိမ်စွာနဲ့ပြန်ဖြေလိုက်သည်။ "ကားမောင်းလေ့ကျင့်နေတာနဲ့ အလုပ်ရှုပ်နေလို့"
ပိုင်လုံမာ ။ "ကားမောင်းလေ့ကျင့်နေတာ???"
ကျူးကျူး ။ "အင်း၊ အလုပ်အတွက်လေ"
သူမ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ မဟုတ်တာတွေစပြောတော့တယ်။ လိမ်တာတောင် မျက်တောင်တချက်မခတ်ပဲ ပိုင်လုံမာကို လိမ်နိုင်လေသည်။
ပိုင်လုံမာ ။ "ဟုတ်သား၊ ကျွန်တော်တို့ လာမဲ့ရက်အနည်းငယ်အတွင်းမှာ offline ပါတီလုပ်မလို့။ အမရော ဆော့အုန်းမှာလား? တခြားသူတွေ မပါပါဘူး။ ကျွန်တော်တို့ပဲ"
ကျူးကျူး ။ "နေပါစေ၊ ငါမသွားတော့ဘူး"
တချို့သူတွေက နဂိုခန္ဓာပိုင်ရှင်နဲ့သိပြီး သူမရဲ့ရှုပ်ထွေးတဲ့နောက်ကြောင်းတွေပါသိနေတဲ့သူတွေ တိုးမိနေတဲ့ မျက်နှာပန်းလှမှာ မဟုတ်တာကြောင့် ကြောက်လို့မသွားတော့ပေ။
ပိုင်လုံမာ ။ "တကယ်ပွဲသေးသေးလေးပါ။ လူ ငါးယောက် ခြောက်ယောက်လောက်ပဲပါမှာ။ ဒီလိုလုပ်လေ။ ပါတီက နောက်အပတ် စနေ၊ တနင်္ဂနွေမှာ လုပ်မှာ။ အမအရင်တွေးကြည့်လိုက်ဦး။ ကျွန်တော်ကတော့ အမကိုတကယ်တွေ့ချင်ပေမဲ့လည်း အမမသွားချင်ဘူးဆိုလည်း အတင်းမတိုက်တွန်းပါဘူး"
ကျူးကျူး ။ "ကောင်းပြီလေ၊ ငါသေချာ ပြန်တွေးကြည့်လိုက်ပါဦးမယ်"
ဒီအကြောင်းအရာကိုပြောနေရင်းနဲ့ ကျူးကျူးဟာ ရုတ်တရက် ချန်ကျမ်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအကြောင်း သတိရသွားသည်။
သူမရဲ့ ရှုပ်ပွနေတဲ့ဆံပင်ကို သေသပ်အောင်လုပ်လိုက်ပြီး စည်းလိုက်ကာ ချန်ကျမ်းဘာလုပ်နေလဲ သိဖို့ သွားကြည့်လိုက်သည်။
"....."
ကျူးကျူးဟာ မျက်နှာတည်ကြီးနဲ့ "နင် တညလုံးမအိပ်ပြန်ဘူးလား?"
ချန်ကျမ်းဟာ တိုးတိုးလေးပဲပြန်ဖြေပြီး အသက်မဲ့နေတဲ့ပုံစံပေါက်နေလေသည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now