Chapter 115 ( Zawgyi)

954 20 0
                                    

ချန်ကျမ်းလှေကားကနေလွယ်ကူစွာနဲ့ဆင်းလာတာကို သူမကြည့်နေရင်းနဲ့ နားမလည်နိုင်တဲ့အမူအရာနဲ့ပြောလိုက်သည်။ "သွားရဲသွားကြည့်"
ကျူးကျူး ။ "...ငါ့ကိုကူဦး"
ချန်ကျမ်း ။ "အို"
ကျူးကျူး သူ့လက်ကိုအမှီပြုပြီး ဖြေးဖြေးချင်းထလိုက်သည်။ သူမကိုယ်ပေါ်က နှင်းတွေကိုလည်း ခါလိုက်သည်။ သူမချန်ကျမ်းကို နှင်းဘောလုံးတွေနဲ့ပစ်ပေါက်ချင်ပေမဲ့ အရင်တခေါက်က သူအဖျားတက်တာကိုစဉ်းစားမိလိုက်ပြီး မလုပ်တော့ပေ။
သူမ စတိုးဆိုင်ကို သွားမလို့လုပ်နေတုန်း လူရိပ်တခုက မြင်ကွင်းထဲဝင်လာသည်။
မိန်းမတယောက်ရဲ့ပုံရိပ်ပေ။
ဒီလောက်ချမ်းတဲ့နေ့မှာ သူမက ပါးလွှာတဲ့အင်္ကျီရှည်ပဲဝတ်ထားပြီး သူမရဲ့ဆံနွယ်တွေဟာ လေအေးကြောင့် လွှင့်ပျံနေသည်။ လှပတဲ့မျက်နှာလေးဟာ ချမ်းတာကြောင့်လား တခြားအကြောင်းအရာကြောင့်လားမသိရပေမဲ့ တဖြည်းဖြည်း ဖြူဖျော့လာသည်။ သူမရဲ့မျက်လုံးတွေဟာ ကျူးကျူးနဲ့ ချန်ကျမ်းရှိနေတဲ့ဘက်ကို မလွှတ်တမ်းစိုက်ကြည့်လျက် လှုပ်ရှားမှုမရှိရပ်နေသည်။
ကျူးကျူးစဉ်းစားကြည့်လိုက်တော့ အထက်တန်းစာအုပ်ထဲက Xianglin ရဲ့ဇနီးကို မြင်ယောင်လာမိသည်။ ခေါင်းကနေ ခြေဆုံးထိ သူမက သက်ရှိရုပ်ထုလိုမျိုးဖြစ်ကြောင်း ဖော်ပြနေသည်။
{ဒီနေရာတော့ကိုယ်လည်း သိပ်နားမလည်လို့ ကြိုးစားပြီးပြန်ထားပါတယ်။ Xianglin ကိုရှာကြည့်တော့လည်း ဒီပုံပဲထွက်လာလို့ အမှားပါသွားရင်လည်း ပြောပြပေးကြပါ။ သူကမိန်းကလေးပေမဲ့သူ့ဇနီးလို့လည်း သုံးထားတော့ မသေချာဘူးဖြစ်နေတာ}

ငါ့ကိုကူဦး"ချန်ကျမ်း ။ "အို"ကျူးကျူး သူ့လက်ကိုအမှီပြုပြီး ဖြေးဖြေးချင်းထလိုက်သည်။ သူမကိုယ်ပေါ်က နှင်းတွေကိုလည်း ခါလိုက်သည်။ သူမချန်ကျမ်းကို နှင်းဘောလုံးတွေနဲ့ပစ်ပေါက်ချင်ပေမဲ့ အရင်တခေါက်က သူအဖျားတက်တာကိုစဉ်းစားမိလိုက်ပြီး မလုပ်တော့ပေ။ သူမ စတိုးဆိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျူးကျူး ။ "..." 'ငါ့အထင် သူမခေါင်းပေါ်က ကိုယ်ရောင်ကိုယ်ဝါတွေကို ချန်ထားခဲ့ဖို့မေ့သွားတယ်နဲ့တူတယ်'
တဖက်လူရဲ့ အံ့သြနေတဲ့အကြည့်က အရမ်းကိုသိသာလွန်းတာကြောင့် ကျူးကျူးရဲ့စိတ်ထဲမှာ လူတယောက်ရဲ့နာမည်တခု ပေါ်လာခဲ့သည်။
'__ရှုဘီယင်'
'တကယ်ပဲ ရှုဘီယင်လား? ဒီလိုအရေးကြီးတဲ့အချိန်မှာ သူမ တခြားတမြို့ကို ပြေးသွားရမှာမဟုတ်ဘူးလား?' သူမဘာကိုတွေးနေမှန်း ကျူးကျူးတကယ် နားမလည်နိုင်ပေ။
ရှုဘီယင်က အဝေးကြီးမှာ ရပ်နေတာမဟုတ်ပေ။
သူမ ရင်းနှီးနေတဲ့ ပြတင်းပေါက်နဲ့လှေကားတွေကို ကြည့်ချင်ရုံပါပဲ။
ညတိုင်းလိုလို ချန်ကျမ်းစာကြည့်ခန်းရဲ့ပြတင်းပေါက်ဟာ မီးလင်းနေလိမ့်မည်ဖြစ်ပြီး အဲအချိန်တုန်းက တုံးအတဲ့သူမကို ပိုးဖလံတွေမီးကိုတိုးသလိုမျိုး တဖြည်းဖြည်းဆွဲဆောင်နေသည်။
အဲဒီအခြေအနေကို ဒီနေ့တွေ့ချင်တာကြောင့် သူမဒီကိုလာခဲ့တာပေ။ အဲဒီအထီးကျန်နေတဲ့ပြတင်းပေါက်ကိုသာ တွေ့ရရင် သူမလုံးဝစိတ်ပြတ်နိုင်လိမ့်မယ်လို့တွေးခဲ့တာပေ။
ရလဒ်ကတော့.....
ရှုဘီယင်ဟာ ချန်ကျမ်းမိန်းမတယောက်နဲ့ ပြောဆိုဆက်ဆံနေတာ၊ သူမရပ်နိုင်အောင်လို့ သူ့လက်ကိုကမ်းပေးတာ၊ ခွေးတကောင်လိုမျိုး သူမစကားတွေကိုနားထောင်ပေးတာတွေကို တွေ့လိုက်ရသည်။ သူ့ရဲ့မျက်လုံးတွေဟာ ရှုဘီယင်အပေါ်မှာ တော့ ဘယ်တော့မှမျက်စိမကျခဲ့ ဒါမှမဟုတ် အနည်းငယ်နွေးထွေးမှုတောင်မှ မပေးခဲ့ဘူးပေ။
ရှုဘီယင်ရဲ့ကမ္ဘာဟာ ပြိုကျသွားတော့သည်။
သူမ တခြားမိန်းမတွေက်ု မမှတ်မိတောင် ကျူးကျူးကိုတော့မှတ်မိသည်။ သူမအရှက်ခွဲခံရတာတောင် ရှုဘီယင်သေချာမှတ်မိနေသည်။
မှတ်မိသွားတဲ့အခိုက်အတန့်ဟာ သူမကိုထိတ်လန့်သွားစေသည်။ 'သူတို့ကွာရှင်းပြီးကြပြီမဟုတ်ဘူးလား?'
ချန်ကုမ္ပဏီဒေဝါလီခံရနီးနီးဖြစ်သွားတဲ့သတင်းကို အင်တာနက်မှာတွေ့တုန်းက ရှုဘီယင်နှလုံးသားထဲမှာ မလွယ်ကူတဲ့သံသယတချို့ဝင်လာသည်။ သူမရဲ့အကြီးမားဆုံးရွှေလက်ချောင်းက ထပ်ခါထပ်ခါလုပ်နိုင်တဲ့စွမ်းရည်ပေ။ အဲဒီရွှေလက်ချောင်းသာမရှိရင် သူမက ဘာမှမဟုတ်ပေ။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now