Chapter 126 (Unicode0

2.4K 241 4
                                    

သူမ ကြိုးကို မရေရာမှုနဲ့ ဆွဲကြည့်လိုက်တော့ တဖက်လူက သေချာတင်းတင်းချည်ထားတာကို သိလိုက်၇တော့ ကျူးကျူး ဖြေးဖြေးချင်းဆွဲတင်လိုက်သည်။ သူမဆီကို သေချာရောက်လာဖို့အတွက် ထောင့်မှန်ကျစွာနဲ့ အရှိန်နှုန်းနှေးနှေးနဲ့ ဆွဲတင်နေသည်။

ပြောစရာမလိုတာက အထုပ်က တော်တော်လေးနေသည်။

နောက်တစက္ကန့်မှာတော့ ကျူးကျူး ကြောင်အသွားတော့သည်။

ပါဆယ်ဟာ အောက်ထပ်က ခြံစည်းရိုးမှာ  ငြိနေတော့သည်။

"...."

ကျူးကျူး မျက်နှာရဲသွားပြီး လက်ကိုပိုရှေ့ထုတ်လိုက်ကာ ပါဆယ်ထုပ်ကို ဆွဲယူဖို့ ကြိုးစားလေသည်။ ပါဆယ်ထုတ်က မပေါ့တာကြောင့် ကျူးကျူးဟာ လက်မောင်းတွေတောင် လှုပ်ပြီး ချွေးတောင်ပြန်လာသည်။ အခုချိန်မှာ သူမ စိတ်ဓာတ်ကျနေလေပြီ။ 'ငါတယောက်တည်း အစားစား၇ဖို့ကဘာလို့ ဒီလောက်တောင်ခက်ခဲ၇တာလဲဟ?'

ပါဆယ်ပို့တဲ့အကိုကြီးဟာ ရုတ်တရက် တွန်းလှည်းကို ယူပြီး ညအမှောင်ထဲမှာ အဝါရောင်ပုံရိပ်ဟာ မြန်မြန်ပြေးသွားပြီး စက္ကန့်အနည်းငယ်အတွင်း ပျောက်သွားတော့သည်။

ကျူးကျူး ဖုန်းမြည်သံကို ကြားလိုက်၇သည်။

ဖုန်းသံက ချန်ကျမ်းကို နှောင့်ယှက်မိမှာ စိုးတာကြောင့် ကျူူးကျူး မြန်မြန် လက်တဖက်နဲ့ကြိုးကို ဆွဲထားပြပီး နောက်တဖက်နဲ့ ဖုန်းကို ကိုင်လိုက်သည်။

" ဟေး?"

ကျူးကျူး အသံတိုးတိုးနဲ့ ပြောလိုက်သည်။ "စိတ်ချ၊ ကျွန်မ ရှင့်ကို အနီရောင်စာအိတ်ပို့ပေးမှာပါ..."

"မဟုတ်ဘူး။ အနီရောင်စာအိတ်ကြောင့် ဖုန်းဆက်တာမဟုတ်ဘူး။ ငါလည်း အလုပ်ကို သစ္စာရှိတဲ့သူတယောက်ပါ" ရှောင်လီအသံက တည်ငြိမ်နေသည်။ "အဲဒါက...မိန်းကလေး၊ အသိစိတ်အပြည့်နဲ့ ပြော၇မယ်ဆိုရင် မိန်းကလေး အပြင်ကို ကြည့်ပြီး အရှေ့အရပ်က ပြတင်းပေါက်ကို ကြည့်ဖို့ပြောချင်ပါတယ်။ ပါဆယ်လည်း ပို့ပေးပြီးပြီဆိုတော့ ကျွန်တော်တို့ ဒီမှာတင် နှုတ်ဆက်လိုက်ကြ၇အောင်"

"ပီ...ပီ..." တဖက်လူက ဖုန်းချသွားတော့သည်။

ကျူးကျူး ။ "????"

သူမမျက်နှာမှာ နားမလည်နိုင်တဲ့ အမူအရာနဲ့ သူမ ခေါင်းထုတ်လိုက်ပြီး ဘယ်ဘက်ပြတင်းပေါက်ကို ကြည့်လိုက်သည်။

ထို့နောက်....

အကြည့်စူးစူးပေါင်းတထောင်လောက်နဲ့ အပစ်ခံလိုက်၇သလိုမျိုး ဖြစ်သွားပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့သွားကြတော့သည်။ အချိန်အတော်ကြာပြတင်းပေါက်ရှေ့မှာချန်ကျမ်းရပ်နေပြီး သူမကို အဲနေ့တုန်း စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့အနေရခက်စရာမြင်ကွင်းလိုမျိုး မျက်နှာသေကြီးနဲ့ ကြည့်နေလေသည်။

"...."

"...."

ကျူးကျူး ကြောင်အသွားတော့သည်။

သူမလက်ရဲ့အားဟာ သူမတောင်မသိလိုက်ပဲ အားလျော့သွားပြီး ကြိုးနဲ့အတူ ပါဆယ်ထုတ်ဟာလည်း အောက်ကိုပြုတ်ကျသွားတာကို တွေ့လိုက်၇တော့သည်။ ကျူးကျူးအသိစိတ်ပြန်ဝင်လာချိန် အမြန်ကယ်ဖို့လုပ်လိုက်သည်။ သူမလက်ကို ဆန့်လိုက်ပြီး ကြိုးကို မြန်မြန်ဆွဲလိုက်သည်။ ကံမကောင်းစွာနဲ့ အရမ်းနောက်ကျသွားလေပြီ။

ကျူးကျူးဟာ သူမရဲ့ပါဆယ်ထုတ်လေး ဟာ အဖြစ်ဆိုးစွာနဲ့ ပြုတ်ကျသွားပြီး မြေပြင်ပေါ်ကို ကျကာ ပါဆယ်ဘူးဟာ ကွဲသွားပြီး ပလစ်စတိတ်အိတ်ထဲကနေ ထွက်ကျသွားတာကို တွေ့လိုက်၇လေသည်။

အဲဒီမြင်ကွင်းကို ကြည့်လိုက်ပြီး ကျူးကျူးကူရာမဲ့စွာ ခေါင်းခါလိုက်ပြီး ငိုမိတော့မလိုဖြစ်သွားတော့သည်။

'ငါ့ရဲ့ပါဆယ်လေး! ငါ့ရဲ့ငွေတွေ! င့ါရဲ့  crayfish လေးတွေ!'

'ဘာမှမရှိတော့ဘူး!!'

....

ဆယ်မိနစ်ကြာပြီးနောက်

ကျူးကျူးဟာ အမဲရောင်ဂျတ်ကပ်အထူကို ဝတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ အောက်ထပ်ကို ဆင်းလာသည်။ နောက်ကတော့ ချန်ကျမ်းလိုက်လာပေသည်။ နှစ်ယောက်သား တလျှောက်လုံးစကားမပြောကြတာကြောင့် ကျူးကျူးကို ပိုရှက်စေသည်။ 

သူမဖုန်းမီးကို ဖွင့်လိုက်ပြီး မြေပြင်ကို ပတ်ကြည့်လိုက်တော့ လွယ်လွယ်ကူကူပဲ ရက်စက်လွန်းတဲ့ မြင်ကွင်းကို  တွေ့လိုက်၇တော့သည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now