လောင်မန့် TV ဟာ မနားတမ်းဖွင့်ထားသလို ပြောနေတာကြောင့် ကျူးကျူး ဦးနှောက်တွေတောင် ထုံလာသည်။ အပြင်ထွက်ဖို့ အကြောင်းပြချက်ပြပြီး လောင်မန့်ဘေးကနေ ရှောင်ထွက်လာခဲ့တော့သည်။
နေ့လည်ခင်းမှာ အလုပ်လုပ်စရာတွေရှိသေးတာကြောင့် ကျူးကျူး နေရောင်ခဏခံပြီး ပြန်ဝင်သွားရန် ဆုံးဖြတ်လိုက်သည်။
အပြင်မှာ နေစူးနေတာကြောင့် ကျူးကျူး မျက်လုံးမမှိတ်လိုက်ခင်မှာ ရင်းနှီးနေတဲ့ပုံရိပ်ကို မြင်လိုက်ရသည်။ အဲဒါက ဇူးမာဖြစ်နေသည်။
သူက တံခါးအပြင်ဘက်မှာ ရပ်နေပြီး ခန္ဓာကိုယ်ဟာ ပိန်ပါးနေကာ သူ့ရဲ့အသက်မဲ့နေတဲ့မျက်နှာဟာ ကျူးကျူးကို တွေ့ပုံမပေါ်ပေ။
ကျူးကျူး တခဏရပ်တန့်သွားမိသည်။
'ထူးဆန်းလိုက်တာ။ ဒီနှစ်ယောက်က အလှည့်ကျလာနေကြတာလား? တယောက်ချင်းစီလာပြီး ဘာလို့ကျားချန်တံခါးဝမှာပဲ နေနေကြတာလဲဟ'
ကျူးကျူး ရှေ့တိုးလိုက်ပြီး "ဇူးမာ"
ဇူးမာရဲ့ အသက်မဲ့နေတဲ့မျက်လုံးတွေဟာ ချက်ချင်း ကြည်လင်သွားသည်။ သူကိုယ်ကို မတ်လိုက်ပြီး အဝေးကြီးရှာစရာမလိုလိုက်ပဲ ကျူးကျူးကို တွေ့သွားသည်။
"မင်း...."
ကျူးကျူး သူ့နောက်က အဆောက်အအုံကို လက်ညိုးထိုးလိုက်ပြီး "ငါဒီမှာ ပန်းချီဆွဲတဲ့အလုပ်လုပ်တာလေ"
သူ အနည်းငယ်အံ့သြသွားပေမဲ့ အကြည့်က သက်တောင့်သက်သာဖြစ်သွားသည်။ "နောက်ဆုံးတခေါက်တုန်းက CG artist ခန့်တုန်းက ပထမကျတဲ့ နံပါတ် ၂၃၃ က မင်းကိုး"
"ရှင်မှတ်မိနေသေးတာလား? ဂုဏ်ယူစရာပဲ" ကျူးကျူး သူ့က်ုကြည့်ကာ ပြုံးပြီးပြောလိုက်သည်။ "ဘယ်လိုလဲ? အထဲဝင်မှာလား? ဒါပေမဲ့ ဒီနေ့ တုနွမ်မရှိဘူး"
"...."
ဇူးမာဟာတိတ်ဆိတ်နေသည်။
နဂိုက သူ ကျားချန်ကို နောက်ဆုံးအနေနဲ့ တွေ့ဖို့လာတာဖြစ်သည်။ သူ့ဘဝရဲ့ ဆိုးရွားတဲ့ကျဆုံးမှုကိုလည်း နှုတ်ဆက်ရင်းနဲ့ပေါ့။ အခုတော့ ကျူးကျူးက ဒီလိုမျိုး ပြုံးပြပြီး အေးဆေးမေးနေတော့ ဘာတခွန်းမှ ပြောမထွက်တော့ပေ။
'သူမက ငါသန်မာတယ်လို့ ထင်မှာပဲ။ ငါလည်း အဲလိုထင်ခဲ့တာ'
ကျူးကျူးကိုကြည့်ရင်း ဇူးမာ လစ်ဇ်ကို သတိရသွားသည်။ 'လူတယောက်ကဘယ်လိုတောင်ကြံ့ခိုင်တာလဲ? ငါကကျတော့ အသက်နှစ်ဆယ်အစောပိုင်းပဲရှိသေးတယ်။ ဘဝကိုအရှုံးပေးဖို့ ပြင်ဆင်နေပြီ'
'တကယ် ပြောရမှာ ရှက်စရာပဲ'
ကျူးကျူး ။ "ဘာလဲဟင်?"
"ဘာမှမဟုတ်ဘူး"
သူ့အသံက အနည်းငယ်ခြောက်ကပ်နေပြီး နဂိုလိုပြေပြစ်မနေပေ။ ဒါပေမဲ့ သူခေါင်းမော့လိုက်ချိန်မှာတော့ စိတ်ပိုင်းဖြတ်ထားတဲ့ပုံစံပေါက်နေသည်။
"ငါလက်လျော့မှာ မဟုတ်ဘူး" ဇူးမာ ကိုယ့်ကိုကိုယ် ကျိန်ဆိုသကဲ့သို့ ရွတ်ဆိုလိုက်သည်။
ဇူးမာဟာ အဲလိုရေရွတ်ပြီးတော့ ပြန်သွားတော့သည်။
ကျူးကျူးဟာ သူကအမြဲတမ်းကွဲပြားခြားနားတယ်လို့ ထင်နေမိသည်။ 'ဒီအတွေ့အကြုံက သူ့ကိုအများကြီးပြောင်းလဲသွားစေတယ်ထင်တယ်။ တည်ငြိမ်မှု၊ ရင့်ကျက်မှုတွေတိုးလာတာက ဇူးမာအတွက် ကောင်းတာပါပဲ'
ညစာစားချိန်မှာ ချန်ကျမ်းနဲ့ကျူးကျူးဟာ စားပွဲရဲ့တဖက်တချက်စီမှာထိုင်ပြီး ရင်းရင်းနှီးနှီးစကားပြောရင်း အယောင်ဆောင်စုံတွဲရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းနေလေသည်။
ကျူးကျူး ။ "ငါလစာရလာရင် နင့်ကို သေချာတခေါက်လိုက်ကျွေးမယ်"
'တယောက်နဲ့တယောက်အမှီသဟဲပြုပြီး နေကြတာမှာ တယောက်နဲ့တယောက် ကြင်ကြင်နာနာရှိရမှာပေါ့'
သူမလစာ ဘယ်လောက်လဲဆိုတာကို ချန်ကျမ်းသိပေသည်။ တကယ်တော့ လစာကို သူဆုံးဖြတ်တာပဲလေ။ ချန်ကျမ်း ခေါင်းငုံ့လိုက်ပြီး စွပ်ပြုတ်တဇွန်းသောက်လိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်သည်။ "ကောင်းပြီလေ"
ကျူးကျူး ။ "ငါ့အထင် ငါကားမောင်းဖို့သင်ရမယ်နဲ့တူတယ်။ မဟုတ်ရင် အလုပ်က်ုသွားလာရတာက အဆင်မပြေဘူး"
ချန်ကျမ်း ။ "ဖိုက်.."
သူ့စကားဟာ ကျူးကျူးဖြတ်ပြောတာခံလိုက်ရသည်။
ကျူးကျူး ။ "ငွေရှိပေမဲ့လည်း ငွေကိုဖြုန်းတာကမကောင်းဘူး။လောင်စာချွေတာရမယ်"
"မဟုတ်ရင် ကားမောင်းပေးတဲ့လူခေါ်လိုက်ရမလား? ဒါပေမဲ့ နင်ပြောတဲ့ ယွဲ့ယွဲ့က အဲလောက်တန်လို့လား? မဖြစ်နိုင်ဘူးထင်တယ်"
ချန်ကျမ်းမျက်တောင်ခတ်လိုက်သည်။
'တကယ်တော့ သူမ ရုံးသွားဖို့ အသင်းတသင်းလုံး ငှားရင်လည်း ရတယ်'
'ဒါပေမဲ့ အဲဒါကို ပြောနိုင်တဲ့နည်းလမ်းမရှိနိုင်ဘူး'
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)