ထမင်းစားလိုက်တော့မှပဲ ချန်ကျမ်းဟာ အသက်ရှင်လာတဲ့ပုံစံပေါက်လာကာ သူ့မျက်လုံးတွေဟာ အရောင်တောက်လာတော့သည်။ ကျူးကျူးဟာ သူ့ဘေးနားထိုင်ကာ မေးလိုက်သည်။ "ဟေး၊ နင် ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲ သွားမှာလား?"
ချန်ကျမ်းဟာ ဖြေးဖြေးချင်းပြောလိုက်သည်။ "မသွားဘူး"
အဲစကားကို ကြားလိုက်တာနဲ့ ကျူးကျူးဟာ ချန်ကျမ်း ကျောင်းမှာ အနိုင်ကျင့်ခံနေရမဲ့ ပုံစံပေါင်း ၁ သောင်းလောက်ကို ပုံဖော်ကြည့်လိုက်တော့သည်။ သူမ လေသံကို နှိမ့်လိုက်ကာ "နင်မသွားချင်ရင်လည်း မသွားနဲ့လေနော်"
ချန်ကျမ်းဟာ 'မင်း ဘာမဟုတ်တာတွေ လျှောက်တွေးနေတာလဲဟ?' ဆိုတဲ့ မျက်နှာပေးနဲ့ ကျူးကျူးကို စိုက်ကြည့်လိုက်သည်။
ကျောင်းရဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ် တဦးဖြစ်ခဲ့တာနဲ့အညီ ချန်ကျမ်းဟာရနှစ်တိုင်း ကျောင်းပွဲတွေမှာ အဲဒီနှစ်ရဲ့ နာမည်ကြီးတဲ့သူအနေနဲ့ အမြဲဖိတ်ခေါ်ခံရလေသည်။ ဒါပေမဲ့ ချန်ကျမ်းဟာ အဲလိုပွဲတွေသွားရတာမကြိုက်တာကြောင့် ရိုးရိုးလေး တစ်မီလီယံကို လှူကာ သူ့ကျောင်းအုပ်ကြီး သွားမစိနိုင်အောင်လုပ်လိုက်လေသည်။
ဒီမှာ ကျူးကျူးကတော့ ပုံပြင် ဇာတ်လမ်း ဇာတ်ကွက် သောင်းခြောက်ထောင်တွေးကာ အတွေးများနေလေသည်။ သူမဟာ ချန်ကျမ်းကို နူးညံ့စွာနဲ့ ကြည့်လိုက်ပြီး အားပေးစကားပြောဖို့ ကြိုးစားလေသည်။
ချန်ကျမ်း ။ "ငါ ကြက်သီးထတော့မယ်ထင်တယ်"
ကျူးကျူး ။ "????"
'ဒီခွေးကောင်ကတော့ ဘယ်တော့မှ အကောင်းနဲ့ မတန်ဘူး'
....
အခုတလော ချန်ကျမ်း ကုမ္ပဏီကိုရက်အနည်းငယ်သွားစရာလိုတာကြောင့် တုနွမ်ဟာ ကျူးကျူးကို အတင်း အားလပ်ရက်ပေးရလေသည်။
တကယ်တော့ လုံးဝအားလပ်ရက်ကြီးတော့လည်း မဟုတ်ပေ။ အိမ်ပဲပြင်စရာရှိတာတွေပြင်ပြီး ရက်အနည်းလောက် အစည်းအဝေးတက်ဖို့ပဲ လိုလေသည်။
အချိန်အကြာကြီး မတွေ့တာကြာတဲ့သူဌေးကို နှုတ်ဆက်ပြီးတော့ တုနွမ်နဲ့ ကျောင်းဖန်ဟာ လွတ်လပ်တက်ကြွတဲ့ငှက်တွေလိုမျိုး ချန်ကျမ်းနားမှာ တကျီကျီနဲ့ တဝဲဝဲလည်နေကြသည်။
"သူဌေးရေ ၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့"
"ကျွန်တော် အရမ်းလွမ်းနေတာ!!"
ချန်ကျမ်းဟာ တုနွမ်ရဲ့ရွံစရာကောင်းတဲ့ စကားတွေကြောင့် အကြည့်စူးစူးတချက်ပစ်ကြွေးလိုက်တာ ကြောင့် တုနွမ်ဟာ လိမ်လိမ်မာမာနဲ့ ထိုင်သွားပြီး ချန်ကျမ်းနဲ့တွေ့ဖို့ စောင့်နေလိုက်သည်။
ကျောင်းဖန်ဟာ သူ့မျက်နှာကို ပွတ်လိုက်ပြီး တွေးကာ ပြောလိုက်သည်။ "သူဌေး၊ ကျွန်တော် နားမလည်တာက ဘာကြောင့် သူဌေးရောက်နေတာကို မရီးကို အသိမပေးတာလဲ?"
ချန်ကျမ်း တည်ငြိမ်စွာပြန်ပြောလိုပ်သည်။ "ဘာလို့ဆိုတော့ ငါက ကျားချန်ရဲ့ သူဌေးဆိုတာကို သူမ မသိလို့ပဲ"
တခြားသူတွေ ။ "ဘယ်လို????"
ဖုဇီချန်မျက်နှာပေးဟာ ရှုပ်ထွေးသွားပြီး "သူဌေးကလည်း စိတ်ပုတ်လိုက်တာ။ လင်မယားအချင်းချင်းကို ဘာလို့ ကိုယ့်မိန်းမကို မပြောပဲ ဖုံးကွယ်ထားရတာလဲ?"
ကျောင်းဖန် ။ "ဟုတ်တယ်။ လူတယောက်က ဒီလောက် လွန်လို့မရဘူး"
တုနွမ် ။ "သူဌေးကို ဒီလိုလူစားမျိုးလို့ မထင်ထားခဲ့ဘူး"
လူပေါင်းများစွာရဲ့ အပြစ်တင်မှာတွေကို ခံနေရတာတောင် ချန်ကျမ်းဟာ သူ့ရဲ့ ကွန်ပြူတာကို တည်ငြိမ်စွာ ပြလိုက်ကာ "ဒါကြောင့် ဒီနေ့ ငါတို့ဆွေးနွေးမဲ့ အကြောင်းအရာက ဒီဟာတွေ--"
သေချာပေါက် ပြထားတာက:
"ဘယ်လိုလုပ် ဇနီးကို အမှန်တရားကို ထိရောက်စွာပြောမလဲနှင့် ယောကျာင်္းရဲ့ သရုပ်မှန်ကို အမြန်နှုန်းနဲ့ လက်ခံနိုင်ကြောင့် လုပ်မလဲ"
တခြားသူများ ။ "......"
'ဘုရားရေ ၊ မရီးကို ပြောရဲသေးတယ်ပေါ့'
'မိန်းမတွေ မပြောပဲ ဒီကမ္ဘာမှာ ငွေမကြိုက်တဲ့သူဆိုတာ ဘယ်မှာရှိလို့လဲ။ ကိုယ့်ယောကျာင်္းက လုံးဝသူဌေးကြီးဆိုတာရယ်၊ ကိုယ့်ကြိုက်တဲ့ကုမ္ပဏီပိုင်ရှင်ဆိုတာရယ် သိသွားရင် လုံးဝပြီးပြည့်စုံတာမဟုတ်ဘူးလား? ဘာပြောနေစရာလိုသေးလို့လဲ?'
တုနွမ်ဟာ အေးဆေးပြောလ်ုက်သည်။ "သတ္တိရှိရှိနဲ့သာ ပြောလိုက်။ အများဆုံး စောစောမပြောရဘူးလားလို့ အပြစ်တင်ပြီး စိတ်ဆိုးလိမ့်မယ်။ ပြီးရင်တော့ လက်ဆောင်တွေ အများကြီးဝယ်ပေးလိုက်။ မရီးအတွက် ဂါဝန်လှလှလေးဝယ်ပေးလို့ရတယ်။ ပြီးရင် တကယ်လို့ မရီးက မပျော်ဘူးဆိုရင်တောင် ဘာဖြစ်မှာမို့လို့လဲ? သူမ ကွာရှင်းခွင့်တောင်းမှာမို့လို့လား😁😁😁?"
ချန်ကျမ်း ။ "တောင်းမှာ"
တုနွမ် ။ "...😳😳😳နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ မပြောသင့်တာ ပြောမိသွားပါတယ်"
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)