Chapter 124 ( Zawgyi)

884 22 1
                                    

ကျူးကျူး စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး "ဒါဆိုရင်လည်း သူ့ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ကျူးကျူးစကားကိုကြားပြီး ချန်ကျမ်းဟာ သူမ ဇူးမာ ပြိုင်ပွဲမှာ ဝင်ပြိုင်မှာကို သိသွားကြောင်း သိလိုက်သည်။ အဲလိုတိကျတဲ့ သတင်းအချက်အလက်က ဘယ်ကနေ ရလာတာလဲ၊ နှစ်ယောက်ကြား ဘယ်လိုကိစ္စတွေရှိခဲ့တာလဲ ဆိုတာကိုချန်ကျမ်း မသိရပေ။
'အခုချိန်မှာ ကျူးကျူးဒီနေ့စိတ်ကောင်းဝင်နေပုံပြီး အခုထိ ပျော်နေသေးတာက ဇူးမာကြောင့်လား?'
'သူမပါးစပ်ကနေ ဇူးမာကိုပြောပြီး သူမရဲ့ခံစားချက်အတက်အကျကလည်း ဇူးမာကြောင့်ပဲ။ ငါ့အတိတ်ကိုမေးဖို့ကျတော့ ပျင်းနေပြီး ဇူးမာနာမည်ကိုတော့ အရင်ထုတ်မေးတာက ဇူးမာရဲ့အားသာချက်ကို သိရဖို့အတွက်ကြောင့်ပဲပေါ့'
'ဇူးမာ၊ ဇူးမာ၊ အကုန်ဇူးမာအကြောင်းချည်းပဲ'
ချန်ကျမ်းရဲ့ ပင်ပန်းပြီး လေးလံနေတဲ့မျက်လုံးဟာ အနည်းငယ်ပြောင်းလဲသွားသည်။
သူ အခုချိန်မှာ ကျူးကျူးရဲ့ ပြုံးနေတဲ့မျက်နှာကို မမြင်ချင်ဖြစ်ပြီး မျက်စိစမွှေးစူးနေသလို ခံစားနေရလေသည်။ သူ ချက်ချင်းထရပ်လိုက်ပြီး စာကြည့်ခန်းဆီ လမ်းလျှောက်သွားလိုက်တော့သည်။
သူ့အနောက်က ကျူးကျူးဟာ လန့်သွားပြီး မေးလိုက်သည်။ "ဟေး၊ နင်မစားတော့ဘူးလား?"
"....."
"နင် ဘာဖြစ်သွားတာလဲ?"
ကျူးကျူးပြန်ရလိုက်တာကတော့ တံခါးပိတ်သွားတဲ့အသံပေ။
'သူဘာဖြစ်သွားတာလဲဟ?'
'အဲဒါက ချက်ချင်းဖြစ်သွားတဲ့ ခံစားချက်အပြောင်းအလဲကြောင့်ပဲနေမှာပါ'
ကျူးကျူးဟာ ချန်ကျမ်းတယောက် တခဏတာစိတ်မကြည်တာလို့တွေးထားပေမဲ့ ချန်ကျမ်းဟာ အချိန်ကြာအောင်ထိ ထွက်မလာပေ။ ကျူးကျူး စိတ်တိုစပြုလာပြီ။ သူမအခန်းထဲကို စိတ်တိုစွာနဲ့ ပြန်သွားပြီး တံခါးကိုပိတ်လိုက်တော့သည်။ ရည်ရွယ်ချက်ကတော့ သူမစိတ်မပျော်ဘူးဆိုတာကို ချန်ကျမ်းကို ပြရန်အတွက်ပေ။
ကျူးကျူးဟာ အိပ်ရာပေါ်မှာလဲနေရင်း ဖုန်းနဲ့ကစားနေပြီး တခဏနေရင် ချန်ကျမ်းနဲ့ပြန်ပြီး သင့်မြတ်အောင်လုပ်မလို့ စောင့်နေပေသည်။ စောင့်ပြီးရင်း စောင့်နေပေမဲ့ ဘာမှဖြစ်မလာခဲ့ပေ။
သူမအိပ်ရာပေါ်မှာ ဘယ်အချိန်တုန်းက အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပေ။
သူမ နိုးလာချိန်မှာ အလွန်ဗိုက်ဆာသလိုခံစားရတာကြောင့် ကျူးကျူးတိတ်တိတ်လေးတံခါးဖွင့်ကြည့်လိုက်တော့ ချန်ကျမ်းရဲ့စာကြည့်ခန်းက အခုထိပိတ်ထားတုန်းဆိုတာကို တွေ့လိုက်ရသည်။ သူမ မတရားသလို ခံစားလိုက်ရပြီး ဒီနေ့ကစပြီး ထမင်းမချက်တော့ပဲ ချန်ကျမ်းကို အငတ်ထားတော့မယ်လို့ ဆုံးဖြတ်လိုက်သည်။
ဗိုက်ကနေထွက်လာတဲ့ တဂွီဂွီမြည်သံဟာ ကျူးကျူးရဲ့ ပြားကပ်နေတဲ့ ဗိုက်ကို စမ်းမိသွားစေသည်။
ကျူးကျူး ။ "....."
ကျူးကျူး တိတ်တဆိတ် delivery မှာပြီး ကောင်းကောင်းစားပစ်မယ်လို့ ဆုံးဖြတ်လိုက်သည်။ သူမ ရိုးရိုးရှင်းရှင်း crayfish အစပ်နဲ့ dragon skewers တွေ အကင်ချောင်းတွေမှာလိုက်သည်။ ကျူးကျူးကြည့်နေရင်း သွားရည်တောင် ကျလာသည်။
သူမ ငွေရှင်းမလို့ နှိပ်မလို့လုပ်လိုက်ပေမဲ့လည်း ရုတ်တရက် သူမပါဆယ်မှာလိုက်ရင် ချန်ကျမ်းဆီမှာ မိသွားမှာကို သတိရလိုက်သည်။ 'အဲအချိန်ကျရင် တယောက်တည်းစားနေတာကို ချန်ကျမ်းဆီမှာမိသွားတဲ့ ကြောက်စရာကောင်းတဲ့ကိစ္စကို ချန်ကျမ်းထပ်ပြီး အစဖော်ဖို့ရသွားတော့မှာပဲ'
ဒါကြောင့် ကျူးကျူး အကြံထုတ်ရတော့သည်။
သူမ မှတ်ချက်မှာ ဒီလိုရေးလ်ုက်သည်။ "ကျေးဇူးပြု၍ အဓိကဝင်ပေါက်ကနေ မလာဘဲနဲ့ တောင်ဘက်ပြတင်းပေါက်ကနေ လာလို့ရမလားရှင့်၊ အဲမှာ ကြိုးတချောင်း တွဲချထားတာရှိပါလိမ့်မယ်၊ တင်းတင်းချည်ပေးဖို့ သတိရပေးပါ"
ကျူးကျူး ပျော်ရွှင်စွာနဲ့ ငွေရှင်းဖို့ နှိပ်လိုက်တော့သည်။

Spicy Crayfish

 Dragon skewers

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Dragon skewers

 Dragon skewers

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now