Chapter 122 (Zawgyi)

875 23 2
                                    

'အလုပ်တွေ အရမ်းများနေလို့ ကျောင်းကိုတောင် ကားမောင်းသွားဖို့ အချိန်မရနိုင်ဘူး။ ဆောင်းရာသီဆိုတော့ ညဆိုရင် မှောင်ပြီး တယောက်တည်းကားမောင်းလေ့ကျင့်ဖို့က အန္တရာယ်များတယ်။ ငါ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ကားမောင်းစကေးတွေလေ့ကျင့်လို့ရတဲ့ဂိမ်းရှာကြည့်ရမှာလား?'
.....
ကျူးကျူး ဆိုဖာပေါ်မှာ ထိုင်နေပြီး မျက်နှာတည်ကြီးနဲ့ ဖုန်းကိုကြည့်နေပုံဟာ မသိတဲ့တဲ့သူတွေ မြင်ရင် တခုခုဖြစ်နေသလိုတောင် ထင်ရနိုင်သည်။
သူမရဲ့နောက်ကျောက တည့်မတ်နေပြီး သိုလှောင်အိမ်ကို အဝင်နဲ့ နောက်ပြန်ဝင်တဲ့ အခြေခံတွေက်ု လေ့ကျင့်နေသည်။ ဘေးကနေဖြတ်သွားတဲ့ချန်ကျမ်းက သူမကို ထူးဆန်းစွာ ကြည့်လိုက်သည်။
ကျူးကျူးတယောက် PUBG ထဲမှာ ကားမောင်းရင်း ဖြေးဖြေးချင်းရပ်လိုက်၊ ကွေ့လိုက်၊ ဖြေးဖြေးချင်းနောက်ဆုတ်လိုက်၊ ရပ်လိုက် လုပ်နေတာကို ချန်ကျမ်းကြည့်နေသည်။
ကျူးကျူးက အသံပိတ်ထားပေမဲ့ အသင်းသားတွေရဲ့ အသံကဖွင့်ထားလေသည်။
"ဒီမိန်းမ ဘာတွေလုပ်နေတာလဲဟ?"
.....
.....
"လီး! ပြေးရတဲ့ဂိမ်းမှာ ဘယ်လိုတောင် နောင်ပြန်ဆုတ်နေတာလဲ?"
"ငါတကယ် အံ့သြမဆုံးနိုင်ဘူး။ နောက်ဆုံးတခေါက်က ငါ ကောင်မလေးတယောက် PUBG ကို အပျော်ဆော့တာတွေ့လိုက်တုန်းက ငါကစားပုံအဆိုးဆုံးကို တွေ့လိုက်ရပြီလို့ထင်နေတာ။ အခုတော့ ငါ ကားမောင်းကျင့်နေတာကို တွေ့နေရတာလား????"
"QQ speed ကိုသွားပြီးတော့ လေ့ကျင့်လေ ကားမောင်းသင်ချင်နေတာဆိုလဲ!!"
စကားမပြောပဲနေနေတဲ့ကျူးကျူးဟာ အံ့သြသွားပေမဲ့ ရုတ်တရက် သူတို့ပြောတာမှန်တယ်လို့ ခံစားလိုက်ရတယ်။
ကျူးကျူး ။ "သဲလွန်စပေးတဲ့အတွက် ကျေးဇူးပါ"
သူမပြောပြီးတာနဲ့ နံရံဆီကို ကားမောင်းသွားပြီး ကိုယ့်ကိုကိုယ်သတ်သေလိုက်သည်။
အသင်းသားတွေ ။ "........."
'ငါတခါမှ ဒီလိုကိုယ့်ကိုကိုယ် ရက်စက်တဲ့လူ မတွေ့ဖူးဘူး'
ထို့နောက် ဆယ်မိနစ်ကြာပြီးနောက် ကျူးကျူးရဲ့ပုံဟာ အမြန်နှုန်းမျက်နှာစာမှာ ပေါ်လာသည်။ အကုန်လုံးက မြေပုံရဲ့လမ်းညွှန်ချက်အတိုင်း ရှေ့ကိုအမြန်သွားနေကြသည်။ ကျူးကျူးဟာ နောက်မှာကျန်နေခဲ့ပြီး တနေရာတည်းမှာ ပိတ်မိနေသလိုမျိုး အေးဆေးလမ်းလျှောက်နေသည်။ ခြေတလှမ်း နှစ်လှမ်းအတွင်းမှာ အစနေရာကို ပြန်ပို့ခံလိုက်ရသည်။
ကျူးကျူး ။ 'ငါကတကယ်ကို ဆုံးဖြတ်ချက်ပြင်းပြီး စိတ်ရှည်တဲ့သူပဲ'
အဲဒါက သူမကို နောက်တနေ့ မထနိုင်အောင်ဖြစ်သွားစေသည်။ ကျူးကျူးမျက်လုံးအောက်မှာ dark circles နှစ်ခုနဲ့ သူမမျက်နှာဟာ ပင်ပန်းမှုတွေနဲ့ပြည့်နေပြီး ကိုယ့်ကိုကိုယ်စစ်ဆေးဖို့ ဂိမ်းတွေကို ထပ်မသုံးတော့ဘူးလို့ ကျိန်ဆိုလိုက်သည်။ 'မနေ့ညက ငါလေ့ကျင့်ရင်းနဲ့ ကစားနေလိုက်တာ မိုးလင်းပေါက်ထိပဲ။ ငါအရမ်းလဲချပြီးတော့ အိပ်ချင်နေပြီ'
သူမ သမ်းဝေလိုက်သည်။
လောင်မန့် အံ့သြသွားပြီး ပြောလိုက်သည်။ "ငါအမြဲတမ်းမင်းက ကုမ္ပဏီနဲ့ ကွဲပြားနေတယ်လို့ အမြဲတမ်းခံစားနေမိတာ။ အခုတော့ လိုက်ဖက်မှုကို ရှာတွေ့ခဲ့ပြီ"
ကျူးကျူး ။ "ဘယ်နေရာမှာလဲ?"
"မျက်ကွင်းညိုတွေ"
"....."
လောင်မန့် ကြင်နာစွာနဲ့ ပြောလိုက်သည်။ "တခုခုအကြံပေးရမယ်ဆိုရင် ပရိုဂရမ်သမားကိုယူထားရင် အာမခံတွေ အများဝယ်ထားဖို့ သတိရနော်။ ဘယ်လိုတောင်မြန်မြန်ငွေရှာပြီး အလုပ်ပ်ပိပြီးသေမလဲ မသိနိုင်ဘူး"
ကျူးကျူး အံ့သြသွားပြီး ခေါင်းခါလိုက်ကာ ပြုံးလိုက်သည်။ "ကျွန်မယောင်္ကျားက ပရိုဂရမ်သမားမဟုတ်ပါဘူး" 'e-sport ကစားသမားက ပရိုဂရမ်သမားနဲ့ ကွာခြားချက်တွေ ရှိသေးတယ်။ ချန်ကျမ်းတယောက်က အိမ်ထဲမှာပဲ တနေ့တနေ့ ကောင်းကောင်းနေတာကို ပြန်တွေးကြည့်လိုက်ရင် ဘယ်လိုသေသွားနိုင်မှာလဲ? ရုတ်တရက်သေတာကတော့ဖြစ်နိုင်ပါတယ်။ အစာနင်ပြီးလည်း သေသွားနိုင်တာပဲ'

{Eng နဲ့မှာက ကြက်စားတဲ့ဂိမ်းလို့ပဲ သုံးထားပေမဲ့ reader တယောက်က ကြက်စားတဲ့ဂိမ်းက PUBG လို့ပြောဖူးလို့ PUBG ပဲသုံးလိုက်ပါတယ်နော်။ တခါမှမကစားဖူးတာမို့လို့ အသုံးအနှုန်းတွေလွဲသွားရင်လည်း ခွင့်လွှတ်ပေးကြပါလို့}

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now