ဖုဇီချန်နဲ့ ကျောင်းဖန်ဟာ ချက်ချင်းပဲ တုဖန်ကိုဆွဲလိုက်ပြီး ရိုက်နှက်ကြတော့သည်။ "ဟေး၊ ဟေး၊ ဟေး၊ ဖြေးဖြေးလုပ်ကြပါဟ"
တုနွမ် အတွင်းရေးမှုး လောင်ယွမ်ဟာ သူမသူဌေးအရိုက်ခံနေရတာကို တွေ့ပေမဲ့ တခဏလောက်တိတ်ဆိတ်သွားကာ မမြင်ချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်လေသည်။ 'ငါအနားယူဖို့လိုနေပြီ' သူမ အေးဆေး ရုံးခန်းထဲပဲ ဝင်သွားလိုက်သည်။
.....
အကြည့်စူးစူးတွေပစ်နေတဲ့ ချန်ကျမ်းဟာ ကျူးကျူးကိုကြည့်မိချိန်မှာတော့ ကူကယ်ရာမဲ့ပြီး အားနည်းသွားသလို ခံစားလိုက်ရလေတယ်။
ကျူးကျူးဟာ ချန်ကျမ်းကို ရန်တွေ့မယ်လို့လုပ်ထားပေမဲ့ ချန်ကျမ်းဟာ သူမရဲ့ပျော့ကွက်ဖြစ်တဲ့ သနားစရာပုံလေးကြောင့် သူမပြောစရာစကားတောင်ပျောက်သွားလေတယ်။
ကျူးကျူး ။ 'အိမ်ပြန်ရောက်မှပဲ စာရင်းရှင်းရမယ်'
'ချန်ကျမ်းရဲ့စရိုက်က နှေးကွေးပြီး အထီးကျန်တယ်။ တခြားသူတွေနဲ့လည်း အဆင်ပြေတဲ့ပုံမဟုတ်ဘူး။ ငါနဲ့လည်း သိပ်ကီးမကိုက်ပေမဲ့ အတူတူနေတာကြာလာတော့ ငါ့ကိုမိသားစုလို ခင်တွယ်ရှာမှာပဲ'
'သူက မိခင်မေတ္တာလည်း ငတ်နေရှာတာ။ အဖော်လုပ်ပေးတဲ့သူလည်း လိုချင်ရှာမှာပဲ'
ကျူးကျူးဟာ ချက်ချင်းဆိုသလို အမေနေရာ အမနေရာ ရောက်သွားတဲ့စိတ်ဝင်လာကာ ရုတ်တရက်ဆိုသလို ဖိအားများလာလေသည်။ 'ဒီကောင်လေးကတော့ တကယ်ပြိုးထောင်ဖို့ ခက်လိုက်တာ။ စိတ်ကောက်တတ်တာကလည်း နှစ်ယောက်မရှိဘူး'
နှစ်ယောက်သား ဆိုဖာပေါ်မှာထိုင်ပြီး ကျူးကျူးဟာ အရင်ကသဘောတူထားတဲ့ ကွာရှင်းစာချုပ်ကို ယူလိုက်ပြီး အလေးအနက်နဲ့ပြောလိုက်သည်။
"ဒါဆိုရင် ငါဒီစာချုပ်မှာ လက်မှတ်ထိုးပြီနော်။ ပြသာနာတခုခုရှိရင်လည်း ငါအချိန်မရွေးထွက်သွားပေးလို့ရတယ်။ စာချုပ်ထဲကဟာတွေလည်း မလိုတော့ဘူး။ နင်က ငွေလိုအပ်နေတာမှမဟုတ်တာ။ တကယ်လို့ ငါကျန်နေသေးတဲ့အချက်တွေရှိတယ်လို့ထင်ရင် နင်စာချုပ်အသစ်ရေးလို့ရတယ်နော်"
ချန်ကျမ်းဟာ ဘာမှမပြောပေ။
"နင်ဘာမှမပြောရင် သဘောတူတယ်လို့ မှတ်လိုက်မယ်နော်"
ကျူးကျူးဟာ စာချုပ်ကို နောက်တခေါက်ဖတ်ကြည့်လိုက်ကာ လက်မှတ်ထိုးလိုက်သည်။
လွန်ခဲ့တဲ့လအနည်းငယ်တုန်းက "သူမ" ထွက်သွားစေဖို့အတွက် တယောက်ယောက်ကို သူစာချုပ်လုပ်ခိုင်းခဲ့တာ။ လအနည်းငယ်ကြာပြီးတောက်မှာတော့ သူမစာချုပ်မှာ လက်မှတ်ထိုးပေမဲ့ ဒါကသူလိုချင်နေတဲ့ရလဒ်မဟုတ်တော့ပေ။
ကျူးကျူးဟာ လက်မှတ်ထိုးနေပေမဲ့ သူမရှေ့ကလူကတော့ အဲဒီစာချုပ်ကို ဘယ်လိုပျောက်သွားအောင် လုပ်ရမလဲပဲ တွေးတောနေလေတယ်။
"ဒါနဲ့ လက်နဲ့ရေးထားတဲ့ဟာလည်း ရှိသေးတယ်မလား။ အဲဒီမှာလည်း လက်မှတ်ထိုးရဦးမှာ"
ပြန်လာတဲ့လမ်းတလျှောက်လုံး ဒီအကြောင်းကိုပဲ ကျူးကျူးစဉ်းစားလာတာပေ။ စာချုပ်ရဲ့အဓိကအကြောင်းအရာက လင်မယားကြား ဘာဆက်ဆံရေးမှ မရှိကြောင်းကို အခြေခံထားတာပေ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ကွာရှင်းဖို့ပြောလာခဲ့ရင် နောက်တဖက်က ချက်ချင်းလက်ခံရပြီး နောင်တမရရပေ။
ကျူးကျူးဟာ ချန်ကျမ်းကို ဘောပင် ပေးလိုက်ကာ "နင်လည်း လက်မှတ်ထိုးလေ"
ချန်ကျမ်း ။ "......."
ကျူးကျူးဟာ ထပ်ပြီး မီးထဲလောင်စာထည့်လိုက်သည်။ "ငါတို့နှစ်ယောက်လုံး ငယ်ပါသေးတယ်။ နောက်အိမ်ထောင်ပြုဖို့ကလည်း လွယ်မှာပါ။ တယောက်နဲ့တယောက်အခက်အခဲလည်း မဖြစ်တော့ဘူးပေါ့"
'နောက်အိမ်ထောင်.....'
ချန်ကျမ်းဟာ ဘဝမှာ ပထမဆုံး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အခက်အခဲကြီးနဲ့ ကြုံနေရမှန်း ခံစားလာရမိသည်။ သူ့ခေါင်းပေါ်က ဦးထုပ်စိမ်းဟာ ပန်းခြံလောက်ရှိတဲ့ ကွမ်းပြင်စိမ်းကြီးဖြစ်လောက်အောင် စိမ်းနေတာကြောင့် သူအလွန်စိုးရိမ်လာလေတယ်။
စာချုပ်နှစ်ခုလုံးသိမ်းပြီးနောက် ကျူးကျူးဟာ ချန်ကျမ်းပြောသလို ပျော်ရွှင်ပြီး ချမ်းသာတဲ့ဇနီးအဖြစ် နေဖို့ဆုံးဖြတ်လိုက်လေတယ်။
'အားကိုးစရာရှိတာက ကောင်းလိုက်တာ' ကျူးကျူးဟာ ခံစားချက်တွေ ကောင်းနေတော့သည်။ ကျူးကျူးဟာ ချန်ကျမ်းပုခုံးက်ုပုတ်လိုက်ပြီး ပြောလိုက်တယ်။ "ငါရှိနေသရွေ့ နင်စိတ်ချထားလို့ရပါတယ်"(ဖတ်ရတာနားမလည်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ သာသာအမြင်အနေနဲ့ပြောရမယ်ဆိုရင် အစကတည်းကနေ သူတို့က စာချုပ်နဲ့ချုပ်ထားပြီးသားပါ။ ဒါပေမဲ့ သူတို့တကယ်ကြိုက်တဲ့သူပေါ်လာရင် ကွာရှင်းခွင့်တောင်းလို့ရတယ်။ တယောက်ကတောင်းတာနဲ့ တဖက်ကချက်ချင်းကွာရှင်းပေးရမယ်ဆိုတဲ့သဘောပါ။ အစက ကျူးကျူးက ချန်ကျမ်းကို ဆင်းရဲတယ်ထင်ပြီး သူကထောက်ပံ့ပေးမယ်ဆိုပြီး စာချုပ်ကို နည်းနည်းပြင်လိုက်တာပါ။ ဒါကြောင့်စာချုပ်က နှစ်ခုဖြစ်နေတာပါ။ အခုချန်ကျမ်းက ကျူးကျူး ကွာရှင်းတော့မယ်ထင်ပြီး ကြောက်နေတာပါ။ တကယ်တည်းက ကျူးကျူးက သူပြန်ပြင်ထားတဲ့စာချုပ်က ချန်ကျမ်းချမ်းသာနေတော့ အဓိပ္ပာယ်မရှိတော့လို့ ပြန်ပြင်ဖို့လုပ်တာပါ။ အခုက တဖက်လူမပေါ်လာသေးသရွေ့ နှစ်ယောက်သားဒီအတိုင်းနေဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်လို့ ထင်ပါတယ်။ တရုတ်ကနေ eng ဘာသာပြန်ထားတာကို မြန်မာလိုထပ်ပြီးဘာသာပြန်တော့ အလွဲလေးတွေ ရှိနိုင်ပါတယ်။ သည်းခံပြီးဖတ်ပေးကြပါနော်)
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)