Chapter 113 (Unicode)

2.2K 270 2
                                    

ဒါပေမဲ့ ကျူးကျူး သေချာခံစားမိနေတာက သူတို့အားလုံး ကျူးကျူးရဲ့ နေ့လည်စာကို အရမ်းသိချင်နေကြတယ်ဆိုတာပါပဲ။

"...."

ကျူးကျူး တကယ်ပဲ စားနေရင်းနဲ့ ထမင်းဘူးကို ဖုံးထားချင်စိတ်ပေါက်နေလေပြီ။

'တကယ်ထူးဆန်းလိုက်တာ! ဘာလို့ သူဌေးကအစ ငါ့ထမင်းဘူးကို စိတ်ဝင်စားနေကြတာလဲဟ?'

တုနွမ် တကယ်ပဲ မရီးရဲ့ လက်ရာကို မြည်းချင်နေပေမဲ့ မရင်းနှီးသေးတဲ့သူရဲ့ အမြင်မှာ ဆိုရင် တမျိူးကြီးဖြစ်သွားမှာ စိုးလို့ ထုတ်မပြောရဲပေ။ သူ့ရဲ့ ဆန္ဒကို နှလုံးသားထဲမှာ ကျိတ်မှိတ်မျိုသိပ်လိုက်ပြီး ထမင်းနဲ့ဟင်းကိုသာတိတ်တိတ်လေးစားနေလိုက်ကာ သူဌေးရဲ့ လှပတဲ့ ဘဝကို အားကျနေသည်။

'အရောင်အစပ်အဟပ်တွေ ကြည့်ကြပါဦး! အာဟာ၇ရှိတဲ့ တွဲဖက်မှု! အဲဒီ နွေးထွေးနေတဲ့ နေ့လည်စာထမင်းဘူး!'

'အဲဒါက အာဟာ၇ပညာရှင်တွေနဲ့စားဖိုမှုးတွေတောင် အဲလိုမျိုး အသေးစိပ်ကျကျမလုပ်ပေးနိုင်ဘူး။ အဲဒါက အချစ်ပဲ'

'ဒီဆောင်းကို ဖြတ်ကျော်ဖို့ တကိုယ်တည်းသမားတွေအတွက် တော့ အရမ်းကြမ်းတမ်းတော့မှာပဲ '

ကျူးကျူး သူထမင်းတလုပ်စားလိုက် သက်ပြင်းရှည်တချက်ချလိုက်လုပ်နေတာကို ကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည်။

လက်ရှိအလုပ်ကပေးတဲ့ ဖိအားကများပေမဲ့ ကံကောင်းတာက ကျူးကျူးမှာ အခြေခံကောင်းကောင်းရှိနေပြီး အဲဒါက ကျားချန်ရဲ့ ပုံစံနဲ့ ကိုက်ညီနေသည်။ ထပ်ပေါင်းပြော၇ရင် သူမနေ့တိုင်း အချိန်ပိုဆင်းပြီးတော့ အလုပ်လုပ်ချင်စိတ်တွေပြည့်နေသည်။ အစတုန်းကတော့ တုနွမ်က ပရိုဂရမ်ကို ဆက်လို့လုပ်လို့ အဆင်ပြေပါ့မလားလို့ စိုးရိမ်ခဲ့လေသည်။ 'အလုပ်တွေ နောက်ကျကုန်မှာကို ငါစိုးရိမ်စရာတောင်မလိုတော့ဘူး'

"မဆိုးဘူး။ တကယ်ကောင်းတယ်"

ဒီဇိုင်းကို ကြည့်ရင်း တုနွမ်ရဲ့ မျက်လုံးတွေ အရောင်တောက်လာသည်။ သူဟာ ကျူးကျူးကို တုံ့ဆိုင်းမှုမရှိပဲ ကိုးကြိမ်လောက်ချီးကျူးလေသည်။ 'အခုအတိုင်းပဲ ဆက်သွားလိုက်ရင် ၇ပြီ။ ပြသာနာမရှိဘူး!"

ကျူးကျူး အနည်းငယ်တောင် ရှက်မိသွားသည်။

သူမ‌ပြတင်းပေါက်အပြင်က ကြည်လင်နေတဲ့ ကောင်းကင်ကို ကြည့်ရင်းရုတ်တရက် ဇူးမာကို သတိ၇သွားသည်။

'လဝက်ကြာပြီးနောက် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားလောက်ပြီလဲ?'

တချိန်တည်းမှာပဲ

ရှုဘီယင်ဟာ တကယ်မခံမရပ်နိုင်ဖြစ်နေသည်။

အရင်ဘဝကနေ အခုထိဇူးမာဟာ သူမအပေါ် ဘယ်တုန်းကမှ မအေးစက်ဖူးပေ။ သူမ သူ့ကို နှိမ့်သိမ့်ပေးတယ်။ အားပေးတယ်။ ဒါပေမဲ့လည်း တိုးတက်မှု အနည်းငယ်ပဲ ရှိတာက ရှုဘီယင်ကို သူမလုပ်နေတာ မှန်ရဲ့လားလို့ သံသယဝင်လာစေသည်။

သူမတွေးခဲ့တာက သူမရဲ့ဘဝက သူမရဲ့ဆုံးဖြတ်ချက်ကို မူတည်နေတာလို့ပေ။

'အခုဇူးမာကို ငါရွေးလိုက်တော့ ဆက်သွား၇မယ်။ လမ်းတဝက်မှာ လက်လျော့လိုက်လို့ မ၇ဘူး'

ဇူးမာဟာ တံခါးအပြင်ဘက်ကို ရက်အတော်ကြာထွက်မလာသေးပေ။ ရှုဘီယင်လည်း လမ်းပျောက်နေပြီး ဘယ်လိုဆက်လုပ်၇မလဲ မသိတော့ပေ။ သူမခေါင်းထဲမှာ အရမ်းရှုပ်ထွေးနေပြီး သူမအရင်ဘဝတုန်းကတွေ့ခဲ့တဲ့ ဇူးမာရဲ့ အောင်မြင်တဲ့ မြင်ကွင်းကို ထပ်တလဲလဲပြန်တွေးကြည့်နေရသည်။ 

'ငါမှတ်မိတာ မှန်ပါတယ်။ ဒီအချိန်လောက်ပဲ ဇူးမာအကြီးကြီး ထိခိုက်သွားတာ။ အခုက သူ့ရဲ့ အောင်မြင်မှုဆီသွားမဲ့လမ်းရဲ့ အစပါပဲ။ ပြီးရင် သူ တဖြည်းဖြည်းတောက်ပလာလိမ့်မယ်'

'ကျားချန်၊ အိမ်မက်လို နေရာမျိုး'

ကျားချန်ကို တွေးမိလိုက်တော့ အရင်ဘဝက သူမ နှစ်အတော်ကြာ နေခဲ့တဲ့ မြို့ကိုတွေးမိလိုက်ပြီး ရှုဘီယင်ကို သူမအား မြောက်များစွာသော အိမ်မက်တွေကနေ လန့်နိုးစေခဲ့တဲ့ မျက်နှာတခုကို တွေးမိသွားသည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now