အဲလိုတွေးပြီးတော့ ကျူးကျူးမသိမသာချောင်းကြည့်လိုက်သည်။
"...."
'ချန်ကျမ်းက တကယ်ကြီး အိပ်ပျော်နေတာလား?'
အဝေးကနေ အားကြိုးမာန်တက်ကူးနေတဲ့ အန်ရူကို ပြန်ကြည့်လိုက်ရင်း နှမြောစရာပဲလို့ တွေးမိလိုက်သည်။
အန်ရူဟာ ကိုယ်ခံအားကောင်းပြီး အချိန်အတော်ကြာ ရေကူးနေလေသည်။
အန်ရူရဲ့ လှပတဲ့ရေကူးစတိုင်ကို အချိန်အကြာကြီး ကြည့်ပြီးနောက် သူမ အန်ရူကို လက်ခုပ်တီးပေးမိတော့မတတ်ပေ။ ကောင်မလေးတယောက် ရေကူးရင်း တချက် တချက် သူမဆီ အကြည့်ပစ်နေတာက သေချာပေါက် သူမကိုကြည့်နေတာမဟုတ်ပေ။
ချန်ကျမ်းကိုကြည့်နေတာဖြစ်မှာက သေချာသလောက်ပေ။
ကျူးကျူးဟာ သေချာပေါက်မစိုးရိမ်ပေ။
'ငါ့ကိုသာ လာမရှုပ်ရင် ငါတို့က သေချာပေါက် ပျော်ရွှင်တဲ့ ညီအစ်မကောင်းတွေဖြစ်လာနိုင်တယ်'
'ငါနဲ့ချန်ကျမ်းက စာချုပ်နဲ့လက်ထပ်ထားတာပဲ။ တကယ်ဆိုရင် နှစ်ယောက်လုံးက လူပျိုလူလွတ်တွေပဲလေ။ တကယ်လို့ အန်ရူနဲ့ ချန်ကျမ်းလက်ထပ်ခဲ့ရင်တောင် ငါက သူငယ်ချင်းတယောက်အနေနဲ့ ပိုတောင်ပျော်ပေးအုန်းမှာ'
တကယ်လို့ အန်ရူသာ ကျူးကျူးရဲ့အတွေးတွေက တရားသမားလိုမျိုး တွေးနေမှန်း သိခဲ့ရင် သူမဒေါသထွက်ပြီးသေလောက်တယ်။
နောက်ဆုံးတော့ အန်ရူမောပန်းသွားလေပြီ။
သူမ သောင်ပြင်ကို ပြန်တက်လာပြီး သူမရဲ့ လှပတဲ့ ကိုယ်ဟန်ကို အကာအကွယ်မရှိဖော်ပြလေသည်။ ရေကူးဝတ်စုံက စိုနေပြီး အသားမှာတင်းကြပ်စွာကပ်နေသည်။ အနက်ရောင် ဆံနွယ်ရှည်တွေက ခေါင်းနောက်ကို သိမ်မွေ့စွာနေရာချထားလိုက်တာက အလွန်ဆွဲဆောင်မှုရှိနေလေသည်။
ကျူးကျူး ။ "အာ...."
'ငါရဲ့အခုပုံစံက မိန်းမတွေကိုတောင် ဆွဲဆောင်နိုင်မိမှာ ကြောက်မိတယ်' အန်ရူတွေးနေလိုက်သည်။
ကျူးကျူး ။ "ဒီနေ့ နေလောင်ခရမ်မလိမ်းခဲ့၇ဘူးလား?"
"....."
"....."
အန်ရူလက်ကိုမြှောက်လိုက်တော့ ဘီကနီလိုင်းနဲ့လိုက်ပြီး အဖြူနဲ့အမဲနှစ်ခြမ်းကွဲနေလေသည်။ သူမမျက်နှာဆိုရင် ဘယ်လောက်တောင် ဆိုးရွားနေမလဲ တွေးတောင်မတွေးရဲတော့ပေ။
အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက်
အန်ရူဟာခံစားချက်အပြည့်နဲ့ ငိုကြွေးတော့သည်။
ကျူးကျူးဟာ ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။
'တောင်းပန်ပါတယ်၊ ဒါက သေချာပေါက် ငါ့အမှားမဟုတ်ဘူး'
ကျူးကျူး ပြန်တွေးကြည့်လိုက်တော့ သူမက သေချာပေါက် တရားမမျှတမှန်း တွေးမိလိုက်သည်။ မိန်းမတယောက်အနေနဲ့ အန်ရူဘယ်လိုခံစားနေရမယ်ကို သူမသေချာပေါက် ခံစားပေးနိုင်သည်။
သူမဆို တိမ်ထူတဲ့နေ့ဆိုရင်တောင် နေလောင်ခရမ်လိမ်းလေသည်။ နေရောင်ထဲမှာ အကြာကြီး ရှိနေဖို့ဆိုတာကို သူမတွေးကြည့်လို့တောင်မ၇ပေ။ 'နောက်နှစ်အထိ ဖုံးကွယ်ပြီး နေသွား၇တော့မလား စိုးရိမ်မိတယ်'
ကောင်မလေးရဲ့ နီရဲနေတဲ့မျက်လုံးတွေကို တွေ့ပြီး စိတ်ညစ်နေတာကို နှိမ့်သိမ့်ပေးမဲ့ အခွင့်အရေးကို သူမယူလိုက်သည်။
သူမနှိမ့်သိမ့်ပေးတာကို နားထောင်ပြီး အန်ရူပိုလို့တောင် ငိုကြွေးတော့သည်။
အဲညနေမှာ အခန်းထဲကနေ ထွက်လာတဲ့အန်ရူဟာ နေလောင်တာသက်သာစေတဲ့ဆေးလိမ်းထားပြီး အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ နေကာဦးထုပ်၊ ထီးကိုင်ထားပြီး Mask ပါတပ်ထားကာ တကိုယ်လုံးကို သေချာဖုံးထားလေသည်။
ဟိုတယ်ဝန်ထမ်းတွေက ကမ်းခြေမှာ အသားကင်ပေးနေပြီး သူတို့က အသားကင်နဲ့အတူ ဘီယာလည်းသောက်နိုင်လေသည်။ လေအေးအေးလေးက တိုက်ခတ်နေပြီး ဘယ်လိုတောင် ဇိမ်ရှိလိုက်သလဲ
အန်ရူတယောက်တည်းသာ ခေါင်းပေါ်မှာ တိမ်မဲတအုပ်ပေါ်နေပြီး ပျော်၇ွှင်နေတဲ့ လူအုပ်စုနဲ့ကွဲထွက်နေလေသည်။ ကျောင်းဖန်ကတော့ နေလောင်တာကို ကိစ္စကြီးလို့ မတွေးထားပဲ သူတို့ကို လိုက်နာဖို့ အဆင့်တွေဆတာင် မေ့နေလေပြီ။
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)