Chapter 105 (Zawgyi)

997 28 1
                                    

သူမစိတ်ရှည်မှုကုန်ဆုံးသွားပြီး ဂုံးကင်ဆီလက်လှမ်းလိုက်သည်။ ဒီတခေါက်မှာတော့ ချန်ကျမ်းလိုက်မလုတာကြောင့် ကျူးကျူးဂုဏ်ယူမှုအပြည့်နဲ့ ယူ....
"ပူလိုက်တာ ပူတယ်ဟ!"
ချန်ကျမ်း ။ "ဟား"
"...." 'ငါကြားလိုက်တယ်နော်'
ကျူးကျူးတယောက် ချန်ကျမ်းကို ဒုံးပျံမှာကြိုးနဲ့ချည်ပြီး ကောင်းကင်ဆီလွှတ်တင်ချင်စိတ်ပေါက်သွားသည်။ 'ကမ္ဘာပေါ်ပြန်မရောက်လာလေ ကောင်းလေပဲ'
သူမ ချန်ကျမ်းရဲ့ ဘာမှမဖြစ်သလို အေးဆေးဝါးနေတဲ့ လှပနွေးထွေးတဲ့မျက်နှာကို ကြည့်ပြီး ချန်ကျမ်းမတုံ့ပြန်လိုက်နိုင်ခင်ပဲ ရုတ်တရက် ချန်ကျမ်းပါးကိုဆွဲပြီး ကြမ်းကြမ်းတမ်းတမ်းပွတ်လိုက်သည်။
ချန်ကျမ်းမျက်နှာက ဖြူစွတ်နေတာကြောင့် တခေါက်နှစ်ခေါက်ပွတ်လိုက်ရုံနဲ့ ရဲသွားတော့သည်။
ကျူးကျူး ပျော်ရွှင်စွာပြောလိုက်သည်။ "နင်နောက်တခေါက် လုရဲလုကြည့်လိုက်လေ"
ချန်ကျမ်း ကြောင်အသွားတော့သည်။
သူမရဲ့လက်ဖဝါးကနွေးထွေးပြီး လက်ချောင်းဖျားတွေက ပူလောင်တဲ့အပူချိန်ရှိသလိုမျိုးခံစားနေရသည်။ အဲလက်ဖျားတွေက သူ့ပါးကို တင်းတင်းဆုပ်ကိုင်ထားသည်။
သူ့နှလုံးသားလည်း အဲအပူချိန်ကြောင့် တောက်လောင်လာသလိုပေ။
အခုချိန်မှာ ချန်ကျမ်းရဲ့လှပတဲ့မျက်ဝန်းတွေ ဝိုင်းစက်သွားတာကိုကြည့်လိုက်ပြီး သူမတခဏကြောင်အသွားပြီး သူမချန်ကျမ်းမျက်နှာကို ကိုင်ထားမိမှန်း သတိထားမိသွားသည်။ နှစ်ယောက်သားမျက်နှာချင်းဆိုင်လျက်ရှိနေပြီး အရမ်းလည်း နီးကပ်နေသည်။
"....."
"....."
"မင်းမျက်လုံးတွေ..."
ကျူးကျူး မျက်နှာတည်လိုက်ပြီး "ပါးစပ်ပိတ်ထား"
ဘေးမှာထိုင်နေကြတဲ့ လူတွေကတော့ တယောက်ကိုတယောက် ကြည့်နေကြသည်။ တုနွမ်ဟာ ဝိုင်တငုံသောက်လိုက်ပြီး ပြောလိုက်သည်။ "အန်ရူ၊ မင်းခေါင်းမာနေတုန်းလား? မင်း သူဌေးကို အဲလိုပုံစံမျိုးဖြစ်အောင်လုပ်နိုင်မယ်လို့ထင်လား?" 'အန်ရူတယောက်တခြားဘာကိုမှဂရုမစိုက်ပဲ ရွမ်ကျူးကျူးကိုရန်သွားစတယ်။ သူမရဲ့အရည်အချင်းကြောင့်သာ ဒီနေရာမှာရှိနေနိုင်တာပေ'
အန်ရူဟာ တခွန်းမှမပြောပဲ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။
"မင်း ဖြစ်နိုင်ရင် နောင်တရသင့်နေပြီ။ ဆက်တိုးလာရင် သူဌေးငြိမ်နေမှာမဟုတ်တာသေချာတယ်"
အန်ရူရုတ်တရက် အနည်းငယ်ဝမ်းနည်းသွားသည်။ "ငါတကယ် နားမလည်နိုင်ဘူး။ ငါက သူ့ထက်ဘယ်နေရာမသာလို့လဲ? ဘာလို့ နင်တို့အားလုံး သူ့ကိုပဲ အာရုံစိုက်နေကြတာလဲ? နာမည်ပဲရှိတဲ့ အိမ်ထောင်ရေးပဲကို ထိန်းသိမ်းနေစရာလိုလို့လား? အခုက ဘယ်ခေတ်တောင်ရောက်နေပြီလဲ? တယောက်ယောက်ကို လွတ်လွတ်လပ်လပ်ကြိုက်ခွင့်တောင်မရှိဘူးလား?"
"ဘယ်လိုလူတွေကိုနှိုင်းယှဉ်ရမှာလဲ? အန်ရူ မင်းသိပ်ရိုးရိုးလေးတွေးနေတာပဲ"
တချိန်လုံးတိတိဆိတ်နေတဲ့ ကျောင်းဖန်ဟာ သူ့မျက်နှာပျက်စွာနဲ့ပြောလိုက်သည်။ "တစုံတယောက်ရဲ့အိမ်ထောင်ရေးကို ဝင်ရောက်စွပ်ဖက်တာမှာ ခေတ်က အကြောင်းပြချက်မဟုတ်ဘူး။ ငါမင်းကို အထင်
မသေးပါရစေနဲ့"
"....."
ချန်ကျမ်းအိပ်သွားပြီလို့ ကျူးကျူးထင်လိုက်ပေမဲ့ တံခါးအပြင်မှာ ချမ်ကျမ်းဟာ ပင်လယ်လေခံရင်း ရပ်နေသည်။
သူ့ရဲ့ ပွနေတဲ့ အကျီချောင်ချောင်ဟာ လေညှင်းကြောင့် လွှင့်နေသည်။ သူဟာ နူးညံ့တဲ့သဲသောင်ပြင်ပေါမှာ တယောက်တည်းရပ်နေပြီး ဘာကိုတွေးနေမှန်း မသိရပေ။ သူ့နောက်မှာတော့ ပုံရိပ်တခုဟာ ဖြေးဖြေးချင်း သူ့ဆီချည်းကပ်လာနေသည်။ အဲဒါက အန်ရူပေ။
အန်ရူနူးညံ့စွာနဲ့ ပြောလိုက်သည်။ "ရှင် ကျွန်မကို ပြောစရာရှိလို့လား?"
ချန်ကျမ်း သူ့လက်တွေကို အိပ်ကပ်ထဲထည့်လိုက်ပြီး သူမဆီလှည့်လိုက်ပြီး တည်ငြိမ်တဲ့လေသံနဲ့ပြောလိုက်သည်။ "မင်းရဲ့ အလုပ်ဂုဏ်ကိုသုံးပြီး တခြားအရာ တွေကို လောင်းကြေးထပ်ဖို့မကြိုးစားနဲ့"
"ရှင်ဆိုလိုချင်တာက...."

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now