Chapter 120 (Unicode)

2.3K 256 2
                                    

သူမ ကော်ဖီဆိုင်ရဲ့ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ရှေ့မှာရှိနေတဲ့ပုံစံနဲ့ ဇူးမာကို ကြည့်လိုက်သည်။ သူ့ရဲ့ညာလက်ဟာ ကျောက်ပတ်တီးအထူကြီးပတ်ထားပြီး သူ့ရဲ့မေးစေ့ဟာလည်း မုတ်ဆိတ်မ၇ိတ်၇သေးတာကြောင့် ညစ်ပတ်နေပြီး ပုံစံမကျတဲ့ပါးစပ်ကို ပုံဖော်နေသည်။ သူဟာ နေဝင်ချိန်‌‌ရောက်နေတဲ့ သူရဲကောင်းတ‌ယောက်လိုမျိုး ရေအေးထဲကို တဖြည်းဖြည်းနစ်သွားပြီး ကောင်းကင်ကို ထပ်မမြင်၇တော့မဲ့ ပုံစံပေါ်နေသည်။

ရှုဘီယင် လက်သီးဆုပ်လိုက်သည်။ "အကိုမာ၊ အကို ပြန်သက်သာလာဖို့ မျှော်လင့်နေတယ်နော်!"

ဇူးမာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်တောင် ခတ်ကာ ပြောလိုက်သည်။ "ကျေးဇူးပဲ"

ရှုဘီယင်ဟာ သူရဲ့စိတ်ဓာတ်ကျမှု၊ သူ့ရဲ့မကောင်းတဲ့ခံစားချက်တွေဟာ သူမပေါ်ကို တဖြည်းဖြည်းချင်းရစ်ပတ်လာပြီး အသက်ရှု၇ကျပ်လာအောင် လုပ်နေသလိုခံစားနေရသည်။ ဇူးမာတကယ်ပဲ ဒီပုံစံနဲ့ ပြန်လည်နလန်ထူနိုင်မလားကို သူမသံသယစိတ်တွေတိုးလာသည်။ နောက်ဆုံးတော့ အရင်ဘဝကတော့ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပေမဲ့ အခုတော့ ဇူးမာရဲ့ အနာဂတ်ဇနီးပေါ်လာနိုင်ခြေတွေကြောင့် သူမကို ပြိုလဲစေသည်။

လိပ်ပြာကို တိုက်ခတ်နေတဲ့လေဟာ များပြားတဲ့အကြောင်းအရာတွေကို ပြောင်းလဲစေနိုင်သည်။

ရှုဘီယင်ဟာ သေချာစိုက်ကြည့်လိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်သည်။ "ဒီလိုမျိုးပဲ ဆက်သွားနေရင် ကျွန်မလည်း ရှင့်ကို လက်လျော့မိသွားလိမ့်မယ်"

ဇူးမာဟာ မထူးခြားသလိုမျိုး မျက်တောင်ခတ်လိုက်သည်။

ရှုဘီယင်ဟာ သူ့ရဲ့ပြောင်းလဲမှုမရှိတဲ့ပုံစံကြောင့် စိတ်တိုလာပြီး ပြောလိုက်သည်။ "ကောင်းပြီလေ၊ တကယ်ပဲ အမှိုက်ဖြစ်ချင်နေရင်လည်း ရှင်သွားလိုက်တော့! ရှင့်တဘဝလုံး ဒီလိုပဲ နေသွားတော့! ငါတကယ်ပဲ လူကြည့်မှားခဲ့တာပဲ! ရှင်အောင်မြင်လာမယ်လို့တောင် ထင်လိုက်မိသေးတယ်!"

ရုတ်တရက် ရှုဘီယင်နောင်တ၇သွားမိသည်။

အဘယ်ကြောင့်ဆိုသော် သူမရှေ့ကရှိနေတဲ့ လူကို ဆယ်နှစ်ကြာအောင် သိလာခဲ့တာဖြစ်ပြီး အမြဲတမ်းနူးညံ့နေခဲ့တဲ့ မျက်လုံးတွေဟာ နောက်ဆုံးတော့ သူမကိုကြည့်နေချိန် နောက်ဆုံးလိုင်းကို ပြတ်တောက်သွားတော့သည်။

သူဟာ သူမကို သူစိမ်းတယောက်ကို ကြည့်နေသလိုမျိုး ကြည့်လာသည်။

ဇူးမာ ။ "မင်းတကယ်လို့ စတော့ရှယ်ယာတွေ ဝယ်ချင်တယ်ဆိုရင်လည်း ငါတောင်းပန်ပါတယ်။ ဒီစတော့ရှယ်ယာက ဆက်မရောင်းနိုင်တော့လို့။ နောက်ထပ်အံ့အားသင့်စရာကိစ္စတွေ ထပ်ဖြစ်လာတော့မှာမဟုတ်ဘူး"

ရှုဘီယင်နောက်ကျောဟာ အေးစက်သွားပြီး မြန်မြန်စကားထစ်စွာနဲ့ ရှင်းပြရန် ကြိုးစားလိုက်သည်။ "မဟုတ်ပါဘူး။ ကျွန်မ အဲလိုဆိုလိုတာ မဟုတ်ဘူး။ ကျွန်မ...."

ဇူးမာဟာ အေးစက်စွာနဲ့ပြောလိုက်သည်။ "အောင်မြင်မှုတခုတည်းက တကယ့်ငါမဟုတ်ဘူး။ မင်းတခြားတယောက်ကို ရှာလိုက်ပါ"

စကားပြောပြီးတာနဲ့ သူ့ခုံကနေ ချက်ချင်းထလိုက်ပြီး နောက်လှည့်မကြည့်ပဲ ထွက်သွားလိုက်သည်။

.....

အချိန်တွေဟာ လျင်မြန်စွာနဲ့ ကျော်ဖြတ်သွားပြီး တခဏလေးနဲ့ လဝက်တောင် ကျော်သွားလေပြီ။ ကျူးကျုုးဟာ ကုမ္ပဏီဘဝနဲ့ တဖြည်းဖြည်းအသားကျလာပြီး ပျော်နေပုံပေါ်နေသည်။

သူမကို စကားပြောဖို့ အခွင့်အရေးချောင်းနေတဲ့ဝန်ထမ်းတွေရော တခြားသူတွေနဲ့ပါ အဆင်ပြေနေသည်။

ကျူးကျူး အချိန်နဲ့လစာကို တွက်ကြည့်ပြီး အနာဂတ်မှာ ချမ်းသာတဲ့ဇနီးဖြစ်လာမှာကို စိတ်ကူးယဉ်နေသည်။ 'ငါလက်ထပ်ချင်ရင် လက်ထပ်မယ်။ လက်မထပ်ချင်ရင်လည်း ရည်းစားတွေ ထည်လဲတွဲမှာပေါ့။ ဒါက တကယ်ကို စံတင်၇တဲ့ အနာဂတ်ဘဝပဲ'

တလောကပဲ တုနွမ်ဟာ စီးပွားရေးခရီးထွက်သွားတာကြောင့် လောင်မန့်ပဲစကားပြောစရာလူကျန်တော့သည်။ လောင်မန့်က ဒုတိယကမ္ဘာစစ်ကို မမှီလိုက်တောင် တီးမိခေါက်မိရှိတဲ့ဦးလေးတယောက်ဖြစ်တာကြောင့် သမိုင်းရဲ့တိုးတက်မှုတွေကို နေ့ရောညပါ ပြောနိုင်လေသည်။ သူ မီယာဆာကီနဲ့ လက်ဆွဲနှုတ်ဆက်ဖူးကြောင်း၊ လက်တောင်ဆေးဖို့ သတိမ၇တော့ကြောင်း ပြောလေသည်။

ကျူးကျူး ။ "...."

ကျူးကျူးရဲ့ နှလုံးသားထဲမှာ လောင်မန့်ဟာ စကားများတဲ့ အဖိုးကြီး ချက်ချင်းဖြစ်သွားတော့သည်။



(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now