Chapter 106 (Unicode)

2.4K 296 3
                                    

အန်ရူရဲ့ မျက်နှာဟာ ဖြူဖျော့သွားသည်။

"နှုတ်ထွက်စာရေးထားလိုက်"

အန်ရူဟာ ချန်ကျမ်းက နှုတ်ထွက်ရန် ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူမလက်သီးဆုပ်လိုက်ပြီး သွားကိုကြိတ်ကာ ပြောလိုက်သည်။ "ကျွန်မသွားရင် ကျွန်မအလုပ်နေရာကို ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူးနော် ရှင် အဲဒါကိုတွေးထားရဲ့လား?"

ချန်ကျမ်း ဖြေးဖြေးချင်း ပြန်လှည့်လိုက်သည်။

ညအချိန်မှာ သူ့မျက်လုံးတွေဟာ မဲနက်ပြီး ကျူးကျူးတခါမှ မမြင်ဖူးတဲ့ပုံစံနဲ့ တောက်ပနေသည်။ သူဟာ တည်ငြိမ်လျက် တည်ငြိမ်နေသည်။ အန်ရူမျက်ရည်ကျနေတာကို မရပ်နိုင်ဖြစ်နေတာတောင် သူ့ကိုစိတ်လှုပ်ရှားအောင်မလုပ်နိုင်ပေ။ "အလုပ်မှာ ဘယ်သူမှ ထူးခြားနေတယ်ဆိုတာ မရှိဘူး"

အဲဒါကြောင့် မင်းရဲ့ ဂုဏ်နဲ့ အတွေ့အကြုံတွေကို သုံးပြီး တခြားအရာတွေကို ၇ဖို့ကြိုးစားတာက မှားယွင်းပေသည်။

အန်ရူတကိုယ်လုံးတုန်လှုပ်နေသည်။

တုနွမ်ပြောခဲ့တဲ့ စကားတွေကို သူမပြန်လည်ကြားယောင်လာသည်။ 

'အန်ရူ၊ မင်းချန်ကျမ်းကို နားမလည်နိုင်သေးပါဘူး'

သူမတကယ်ပဲ ဘာကြောင့် သူဒီလိုမျိုး ဘာကိုမှ ဂရုမစိုက်နိုင်၇သလဲဆိုတာ နားမလည်နိုင်ပေ။

အန်ရူ မျက်ရည်တွေသုတ်ပြီး ဆန္ဒမရှိစွာနဲ့ မေးလိုက်သည်။ "ကျွန်မမှာ မေးစရာနောက်ဆုံးမေးခွန်းတခုရှိတယ်။ .....ရှင့်ကမ္ဘာ့မှာ ထူးခြားတဲ့ တစုံတယောက်ရှိလာနိုင်လား?"

လရောင်အောက်မှာ ရပ်နေတဲ့ ယောင်္ကျားဟာ သူ့ရဲ့အကြည့်တွေက ပင်လယ်ကို အေးဆေးငေးကြည့်နေသည်။ သူ့အသံက ဦးတည်ရာမဲ့ နေသလိုမျိုး ကြမ်းခြေကိုရိုက်ခတ်နေတဲ့ လှိုင်းသံတွေအောက်မှာ ဖုံးလွှမ်းခံလိုက်၇သည်။

"မသိဘူး"

.....

နောက်တနေ့ အန်ရူအခန်းဟာ လွတ်နေတော့သည်။ နှုတ်ထွက်စာတစောင်ပဲ ကျန်နေခဲ့သည်။

အဲသတင်းကိုကြားတဲ့သူတိုင်း ထိတ်လန့်သွားသည်။ ကျောင်းဖန် သူမကို ချက်ချင်းဖုန်းဆက်လိုက်ပေမဲ့ ဘယ်ချိန်ကနေ အခန်းထဲကို ဝင်လာမှန်းမသိတဲ့ ချန်ကျမ်းက သူ့ကိုတားလိုက်သည်။ "မလိုတော့ဘူး"

"သူဌေး၊ အလုပ်တွေ တဝက်တပျက်နဲ့ ဒီအတိုင်းသွားခွင့်ပြုလိုက်တာလား?"

"အင်း"

ချန်ကျမ်းစကားထွက်လာတာနဲ့ ပြန်ချေပစရာအကြောင်းမရှိတော့ပေ။ တုနွမ်ဟာ သက်ပြင်းချပြီး ခေါင်းကုတ်ကာပြောလိုက်သည်။ "မင်းဘာပြောလိုက်လို့လဲ?"

ချန်ကျမ်းရဲ့ပုံစံက အေးဆေးနေသည်။

မင်း CG ပန်းချီဆရာအသစ်တွေ ရှာနေတာမဟုတ်ဘူးလား? သေချာစီစစ်လိုက်" အလုပ်မြန်မြန်စနိုင်လေ ကောင်းလေပဲ။

CG အတွက် ခေါ်တာ.....

တုနွမ်တို့တယောက်ကိုတယောက်ကြည့်လိုက်မိသည်။

'ပထမနေရာက ရွမ်ကျူးကျူး မဟုတ်ဘူးလား!'

"ဟတ်ချိုး!"

ကျူးကျူးနှာချေလိုက်တာကြောင့် နှာခေါင်းကို ခပ်ကြမ်းကြမ်းပွတ်လိုက်မိသည်။

မနေ့ညက ကောင်းကောင်းအိပ်မပျော်တဲ့ အပြင် ဆံပင်ကလည်း ကြက်သိုက်လိုဖြစ်နေပြီ။ သူမခေါင်းဖြီးနေရင်း ဖုန်းကိုယူလိုက်တော့ နံပါတ်အသစ်ကနေ မက်ဆေ့တစောင်ရောက်နေတာကို တွေ့လိုက်၇သည်။ တဖက်လူဟာ သေချာပေါက် ဒေါသထွက်နေပုံ၇ပြီး "!" တွေ အများကြီးသုံးထားလေသည်။

"ငါနင့်ရဲ့ညီမလေးမဖြစ်နိုင်တော့ဘူး!!!!!!!!"

ကျူးကျူး ။ "????"

ချက်ချင်းဘယ်သူဖြစ်လောက်မယ်မှန်း ခန့်မှန်းမိသွားသည်။ ကျူးကျူး အပြစ်ကင်းစွာတွေးလိုက်သည်။ 'ဒီအန်ရူက စိတ်ဝင်စားစရာကောင်းတာပဲ'

ကျားချန်ရဲ့သူဌေးဖြစ်တဲ့ ချန်ကျမ်းဟာ တရားတော့မျှတပေသည်။ 

အန်ရူအတွက် နောက်ဆုံးထွက်ပေါက်ချန်ထားပေးသည်။ ကျားချန်ကနေထွက်သွားခဲ့၇ရင်တောင် တခြားသူတွေ အန်ရူကို အလုပ်ခန့်ရန်လိုအပ်သေးသည်။ အပြင်ဘက်မှာတော့ မိသားစုအကြောင်းကိစ္စကြောင့် အန်ရူနိုင်ငံခြားကို ထွက်သွား၇တာလို့ အသိပေးထားသည်။ မထွက်သွားခင်မှာ သူမကို နှစ်တိုးလစာတနှစ်စာနဲ့ အပိုဆုကြေးတွေကို သူမရဲ့ကုမ္ပဏီအပေါ်အကျိုးပြုခဲ့တာတွေကို တွေးပြီး ပေးလိုက်သည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now