Chapter 101 (Unicode)

2.6K 288 3
                                    

"ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ?" ကျူးကျူးဟာ မရင်းနှီးတဲ့လူအုပ်ကြီးကို အားတက်သရောနှုတ်ဆက်လိုက်သည်။ 

ကျူးကျူး ။ "ရှင်တို့လည်း အားလပ်ရက်ခရီးထွက်လာကြတာလား?"

"ဟုတ်တယ်၊ ဟုတ်တယ်" ဒီလိုပူပြင်းတဲ့ နေ့မှာတောင် ချွေးအေးတွေနဲ့ ဖုံးလွှမ်းခံ၇လောက်အောင် ဖိအားပိနေတဲ့ လူတအုပ်စုရှိနေလေသည်။

ကျူးကျူး ။ "??"

'ငါပဲစိတ်ထင်နေလို့လား? သူတို့ဘာကိုစိတ်ပူနေကြတာလဲ?'

အဲဒါကို စဉ်းစားနေတုန်းမှာပဲ သူမရှေ့ကို လှပကျော့ရှင်းတဲ့ပုံစံနဲ့ လူတယောက်လျှောက်လာလေသည်။ သူမမှာ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာအချိုးအစားရှိပြီး သူမဘဲလေးအကကို နှစ်အတော်ကြာသင်ယူဖူးခဲ့တာကြောင့် ဘဲလေးလိုမျိုး လှပတဲ့ကိုယ်ဟန်ရှိလေသည်။ သူမဟာ ကျူးကျူးရှေ့ကို မဖိတ်ခေါ်ပဲလျှောက်လာပြီး ပြုံးကာပြောလိုက်သည်။ "ဟဲလို၊ ငါ့နာမည်က အန်ရူပါ။ ကျားချန်ရဲ့ဒီဇိုင်းရေးဆွဲသူပါ"

အန်ရူဟာ စစ်ကြေငြာရန်လာခဲ့တာဖြစ်သည်။ ကျူးကျူးရှေ့မှာရပ်နေတာကြောင့် ထိုင်နေတဲ့ကျူးကျူးဟာ အရပ်တိုပုံပေါ်နေသည်။ အန်ရူရဲ့အတွေးကမ္ဘာထဲမှာတော့ ကျူးကျူးဟာ မျက်နှာချက်ချင်းပျက်သွားပြီး သူမနဲ့ချန်ကျမ်းရဲ့ ဆက်ဆံရေးကို သံသယဝင်သွားမယ်လို့ ထင်နေလေသည်။

မထင်မှတ်ထားတာက သူမက ဒီဇိုင်းဆွဲသူလို့ ကျူးကျူးကြားလိုက်တာနဲ့ အန်ရူလက်ကို ချက်ချင်းပဲ အားတက်သရောလှမ်းဆွဲလိုက်ပြီး အားပါးတ၇လက်ဆွဲနှုတ်ဆက်တော့သည်။

တောင်ပေါ်မှာနေတဲ့ ဆင်းရဲတဲ့အိမ်ကသူတွေက ချမ်းသာတဲ့ခေါင်းဆောင်တွေကို မြင်လိုက်သလိုမျိုး သူမရဲ့မျက်လုံးတွေ အရောင်တလက်လက်တောက်နေပြီး အပြုံးကြီးကြီးဆင်မြန်းလိုက်ပြီး "ဟဲလို၊ ငါ့နာမည်က ရွမ်ကျူးကျူးပါ။ ငါ့နာမည်ကို သေချာပေါက်မှတ်မိ၇မယ်နော်"

တခြားသူတွေ ။ "...."

အန်ရူ ။ "....."

သူမထိတ်လန့်သွားပြီး ကျူးကျူးဆီကနေ လက်ကို ပြန်ရုတ်လိုက်ပြီး သူမတခဏလောက်ကြောင်အသွားသည်။ "အင်းပါ "

'နောက်ဆုံးတော့ သူတို့ရဲ့ဒီဇိုင်းဖန်တီးသူကို တွေ့ခွင့်၇ခဲ့ပြီ' ကျူးကျူးဟာ အန်ရူနဲ့အလုပ်လုပ်၇မယ်လို့ တွေးပြီး သူမကိုပိုလို့ ဝမ်းသာတကြီး ကြိုဆိုလေသည်။ သူမရဲ့ကမ်းခြေခုံပေါ် တချက်နှစ်ချက်လောက်ပုတ်လိုက်ပြီး အန်ရူကို သူမဘေးမှာထိုင်ကာ စကားပြောရန် မျှော်လင့်ထားကြောင်း အချက်ပြလိုက်သည်။

အန်ရူဟာ တုန်လှုပ်မှုနဲ့ နောက်ကို ဆုတ်သွားလေသည်။ "မလိုဘူး မလိုဘူး မလိုဘူး!"

'တကယ်လို့ ငါသာရွမ်ကျူးကျူးကို မသိခဲ့ရင် သူမကို တခြားတယောက်နဲ့တောင် မှားမိမှာပဲ '

တုနွမ်နဲ့ သူ့အပေါင်းအဖော်များ ။ "...."

'အစက အန်ရူပြသာနာတက်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ အခုကြည့်၇တာတော့ ငါတို့ အထင်ကြီးတာများသွားပုံပဲ'

အန်ရူမျက်နှာသေနဲ့ပြောလိုက်သည်။ "ငါရေသွားကူးမလို့ " တခဏစဉ်းစားပြီးနောက် သူမနူးညံ့စွာပြုံးလိုက်ပြီး "အတူတူသွားကြမလား?"

ကျူးကျူး ခေါင်းခါလိုက်သည်။ 'နေလောင်မှာကြောက်တယ်'

သူမငြင်းလိုက်တာကိုကြည့်ပြီး အန်ရူထပ်မတိုက်တွန်းတော့ပေ။ သူမခါးကိုလှည့်လိုက်ပြီး ပင်လယ်ထဲရေသွားဆင်းကူးလေသည်။ ကျောင်းဖန်လည်း အနောက်ကနေ လိုက်သွားလေသည်။ တဖက်မှာတော့ နှစ်ယောက်သားကမ်းခြေကခုံပေါ်မှာပဲ ထိုင်ကျန်ရစ်လေသည်။ နီးကပ်နေတဲ့အကွာအဝေးကိုကြည့်ပြီး တချို့သူတွေအတွက်တော့ သည်းမခံနိုင်စရာပေ။ 

သူမအတင်းမတိုက်တွန်းတော့ပေ။ 'အရမ်းသိသာသွားရင်လည်း မကောင်းဘူး'

'ဒါဆိုရင်'

ကျူးကျူးဟာ ခုံပေါ်မှာထိုင်လျက် အန်ရူပင်လယ်ထဲမှာ ရေကစားနေတာကို တိတ်တိတ်ဆိတ်ဆိတ်ထိုင်ကြည့်နေသည်။ အန်ရူဟာ ဟိုနေရာပေါ်လိုက်၊ ဒီနေရာငုပ်လိုက်နဲ့ ရေသူမတယောက်လိုမျိုး ကစားနေလေသည်။ သူမရောက်လာတဲ့နေရာက ကျူးကျူးနဲ့ ချန်ကျမ်းရဲ့ရှေ့တည့်တည့်မှာဖြစ်သွားသည်။ အဲဒီမြင်ကွင်းက အရမ်းလှပလေသည်။ ချန်ကျမ်းလိုမျိုး သစ်သားရုပ်တောင် တုန့်ပြန့်သွားလိမ့်မယ်လို့ ကောက်ချက်ချလို့ ၇နိုင်လေသည်။


(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now