မရီးက အဲလိုပြောနေတာကို ကြားပြီးနောက် တုနွမ်ဟာ သူဌေးကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူဌေးခေါင်းပေါ်က ဦးထုပ်စိမ်းက ပိုပိုစိမ်းလာပုံပဲလို့ တွေးလိုက်သည်။
ချန်ကျမ်း ။ "...."
"အဟမ်း၊ ဟို၊ ညစာစားလို့၇ပြီ" တုနွမ် အလောတကြီးနဲ့ ကျူးကျူးပြောနေတာကို စကားဖြတ်လိုက်သည်။
ကျူးကျူးဟာ ဖမ်းမိသွားတာတောင် နောင်တ၇ပုံတစက်မှ မပေါက်ပဲ ပျော်ပျော်၇ွှင်ရွှင်နဲ့ အသားကင်စားရန် ထွက်သွားသည်။
နှပ်ထားတဲ့အသားကင်ဟာ ဆီတလွှာသုပ်ထားပြီး မီးသွေးမီးနဲ့ ကင်ထားကာ ဆီပေါက်သံညံနေသည်။ မွှေးကြိုင်လွန်းတဲ့၇နံ့က ကျူးကျူးကို လျှာရည်ကျလာစေသည်။
အန်ရူဟာ ထိုင်ခုံပေါ်မှာ လှုပ်ရှားမှုမရှိ ထိုင်နေတာကို ကြည့်ပြီး ကျူးကျူးက မေးလိုက်သည်။ "နင်မစားဘူးလား?"
သူမရွံ့ရှာစွာနဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "ငါက သက်သက်လွတ်သမား"
ကျူးကျူး ။ "နင့်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်"
အန်ရူဟာ အနီရောင်ပုံးဆီလျှောက်သွားပြီး လှုပ်နေတဲ့ ငါးကိုကြည့်လိုက်သည်။ သူမနူးညံ့စွာနဲ့ပြောလိုက်သည်။ "ဒီငါးတွေကို မစားပါနဲ့လား၊ သူတို့ ဘယ်လောက်တောင် အသက်ရှင်နေကြလဲ၊ သူတို့ကို လွှတ်ပေးလိုက်ကြ၇အောင်နော်"
သူမအသံက အနီးအနားမှာ ထိုင်နေတဲ့ ချန်ကျမ်းကြား၇အောင် မကျယ်လောင်ပေ။
ကျူးကျူး ငြင်းဆန်လိုက်သည်။ "ဟင့်အင်း၊ ငါစားချင်တယ်"
"နင်ဒီလိုမျိုး အရမ်းရက်စက်တာပဲလား။ ငါးတွေက အသက်ရှင်နေတယ်လေ"
ကျူးကျူး ။ "????"
"ငါနှစ်တိုင်း အသက်လွှတ်တဲ့ လှုပ်ရှားမှုတွေမှာပါပြီး လိပ်နဲ့ ငါးတွေ လွှတ်ပေးတယ်" အန်ရူဟာ သူမဖုန်းကိုထုတ်ပြီး သက်သေပြရန် ပုံတွေပြလေသည်။ "နင်တွေ့လား၊ ဒီလိပ်က အရမ်းကြီးတာ၊ ဘယ်လောက်ကြာကြာအသက်ရှင်ခဲ့မှန်း ငါတောင် မခန့်မှန်းနိုင်ဘူး"
ကျူးကျူး ။ "ဒါက....ဘရာဇီးလိပ်လား...."
ဘရာဇီးလိပ်တွေဟာ ပတ်ဝန်းကျင်ဖျက်ဆီးသူတွေ အနေနဲ့ နာမည်ကြီးလေသည်။ ကြမ်းတမ်းတဲ့ အသားစားသတ္တဝါတွေဖြစ်ပြီး တခါတရံ လူတွေကိုတောင် ကိုက်ရဲလေသည်။ အန်ရူလွှတ်လိုက်တဲ့ အဲလိပ်ဟာ ကန်ထဲမှာရှိတဲ့ ငါးတွေအားလုံးနီးပါး စားလိုက်လောက်ပြီလို့ တွေးမိလိုက်သည်။
'ဘယ်လိုမျိုး လွှတ်ပေးလိုက်တာလဲ?'
အန်ရူဟာ ဘရာဇီးလိပ်ကို သိပေမဲ့ ပုံစံအတိအကျမသိပေ။ သူမမျက်နှာတောင့်တင်းသွားပြီး သူမပြောစရာစကားပျောက်သွားသည်။ ဒါကြောင့် သူမအကူအညီတောင်းတဲ့ ပုံစံမျိုးနဲ့ ချန်ကျမ်းကို ကြည့်လိုက်သည်။
ထို့နောက် ချန်ကျမ်းရဲ့မျက်လုံးတွေဟာ ငါးတွေကို စိုက်ကြည့်လိုက်ပြီး "အကုန်ကင်လိုက်တော့" လို့ပြောတာကို တွေ့လိုက်၇သည်။
အန်ရူ ။ "...."
'ယောင်္ကျားတွေက တိ၇စ္ဆာန်လေးတွေကိုချစ်တတ်တဲ့ ကြင်နာတဲ့မိန်းကလေးတွေကို သဘောကျတာမဟုတ်ဘူးလား?'
တုနွမ်ဟာ ပြုံးလိုက်ပြီး အန်ရူအရိုက်မခံ၇သေးခင် သူမကိုပြန်ဆွဲခေါ်လာခဲ့ပြီး သူတို့ကို နှောင့်ယှက်နေတာကို ရပ်လိုက်သည်။
ကျူးကျူး သူမနေရာကိုပြန်သွားလိုက်သည်။ ပုစွန်ကင်ထားတာကို တွေ့ပြီး လောဘတက်နေတဲ့မျက်လုံးတွေနဲ့ သူမလက်ဆန့်တန်းလိုက်ပြီး ယူလိုက်သည်။ ဒါပေမဲ့ တယောက်ယောက်က သူမထက်အရင် ပုစွန်ကင်ကို ယူသွားသည်။
ချန်ကျမ်းဟာ ကျူးကျူးကို ကြည့်လိုက်သည်။
ကျူးကျူးဟာ တခဏတွေးလိုက်ပြီး သူမကို ကူညီပြီး အခွံခွာပေးမှာလို့ တွေးလိုက်တာကြောင့် ပြောလိုက်သည်။ "ကျေးဇူးပဲ.....နင် နင် ခေါင်းကြီးသရဲ!!"
ချန်ကျမ်းရဲ့ ပါးစပ်ထဲကို ပုစွန်ကင်ဝင်သွားတာကို တွေ့လိုက်၇သည်။
ချန်ကျမ်းဟာ အနည်းငယ်အပူလောင်သွားပေမဲ့ သက်ပြင်းချလိုက်ပြီး မှတ်ချက်ချလိုက်သည်။ "အ၇သာရှိတယ်"
ကျူးကျူး ခါးသက်စွာနဲ့ အံကြိတ်လိုက်သည်။
သူမပြည်ကြီးငါးကင်ဆီသွားလိုက်သည်။
ဒီတခေါက်လည်း ချန်ကျမ်း သူမထက်လျင်သွားသည်။ သူ့လက်တံတွေက ကျူးကျူးကိုကျော်ပြီး ပြည်ကြီးငါးကင်ကို ကောက်လိုက်သည်။
"စားကောင်းလိုက်တာ"
ကျူးကျူး ။ "....နင်သေချင်နေတာလား?"
{အမောင်ချန်ကျမ်းတယောက် ကျူးကျူး အန်ရူနဲ့ပြောနေတာတွေကိုကြားပြီး ကျူးကျူးကို စိတ်ကောက်နေတာပါ😁😁😁}
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)