Chapter 113 (Zawgyi)

949 20 0
                                    

ဒါပေမဲ့ ကျူးကျူးသေချာခံစားနေမိတာက သူတို့အားလုံး ကျူးကျူးရဲ့နေ့လည်စာကို အရမ်းသိချင်နေကြတယ်ဆိုတာပါပဲ။
"....."
ကျူးကျူး တကယ်ပဲ စားနေရင်းနဲ့ ထမင်းဘူးကို ဖုံးထားချင်စိတ်ပေါက်နေလေပြီ။
'တကယ်ထူးဆန်းလိုက်တာ! ဘာလို့ သူဌေးကအစ ငါ့ထမင်းဘူးကို စိတ်ဝင်စားနေကြတာလဲဟ?'
တုနွမ် တကယ်ပဲ မရီးရဲ့လက်ရာကို မြည်းချင်နေပေမဲ့ မရင်းနှီးသေးတဲ့လူရဲ့အမြင်မှာဆိုရင် တမျိုးကြီးဖြစ်သွားမှာစိုးလို့ ထုတ်မပြောရဲပေ။ သူ့ရဲ့ဆန္ဒကို နှလုံးသားထဲမှာ ကျိတ်မှိတ်မြိုသိပ်လိုက်ပြီး ထမင်းနဲ့ဟင်းကိုသာ တိတ်တိတ်လေးစားနေလိုက်ပြီး သူဌေးရဲ့လှပတဲ့ဘဝကို အားကျနေသည်။
'အရောင်အစပ်အဟပ်တွေ ကြည့်ကြပါဦး! အာဟာရရှိတဲ့တွဲဖက်မှု! အဲဒီ နွေးထွေးနေတဲ့ နေ့လည်စာထမင်းဘူး!'
'အဲဒါက အာဟာရပညာရှင်တွေနဲ့ စားဖိုမှုးတွေတောင် အဲလိုမျိုး အသေးစိပ်ကျကျနဲ့မလုပ်ပေးနိုင်ဘူး။ အဲဒါက အချစ်ပဲ'
'ဒီဆောင်းကို ဖြတ်ကျော်ဖို့ တကိုယ်တည်းသမားတွေအတွက်တော့ အရမ်းကြမ်းတမ်းတော့မှာပဲ'
ကျူးကျူး သူထမင်းတလုပ်စားလိုက် သက်ပြင်းရှည်တချက်ချလိုက်လုပ်နေတာကို ကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည်။
လက်ရှိအလုပ်ကပေးနေတဲ့ ဖိအားက များပေမဲ့ ကံကောင်းတာက ကျူးကျူးမှာ အခြေခံကောင်းကောင်းရှိနေပြီး အဲဒါက ကျားချန်ရဲ့ပုံစံနဲ့ ကိုက်ညီနေသည်။ ထပ်ပေါင်းပြောရရင် သူမနေ့တိုင်း အချိန်ပိုဆင်းပြီးတော့အလုပ်လုပ်ချင်တွေပြည့်နေသည်။ အစတုန်းကတော့ တုနွမ်က ပရိုဂရမ်ကို ဆက်လို့လုပ်လို့ အဆင်ပြေပါ့မလားလို့ စိုးရိမ်ခဲ့လေသည်။ 'အလုပ်တွေ နောက်ကျကုန်မှာကို ငါစိုးရိမ်စရာတောင်မလိုတော့ဘူး'
"မဆိုးဘူး။ တကယ်ကောင်းတယ်"
ဒီဇိုင်းကိုကြည့်ရင်း တုနွမ်ရဲ့မျက်လုံးတွေအရောင်တောက်လာသည်။ သူဟာ ကျူးကျူးကို တုံ့ဆိုင်းမှုမရှိပဲ ကိုးကြိမ်လောက်ချီးကျူးလေသည်။ "အခုအတိုင်းပဲ ဆက်သွားလိုက်ရင်ရပြီ။ ပြသာနာမရှိဘူး!"
ကျူးကျူး အနည်းငယ်တောင် ရှက်မိသွားသည်။
သူမ ပြတင်းပေါက်အပြင်က ကြည်လင်နေတဲ့ကောင်းကင်ကိုကြည့်ရင်း ရုတ်တရက် ဇူးမာကို သတိရသွားသည်။
'လဝက်ကြာပြီးနောက်  ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြားက ဆက်ဆံရေး ဘယ်လိုပြောင်းလဲသွားလောက်ပြီလဲ?'
တချိန်တည်းမှာပဲ
ရှုဘီယင်ဟာ တကယ်မခံမရပ်နိုင်ဖြစ်နေသည်။
အရင်ဘဝကနေ အခုထိ ဇူးမာဟာ သူမအပေါ် ဘယ်တုန်းကမှ မအေးစက်ဖူးပေ။ သူမ သူ့ကိုနှိမ့်သိမ့်ပေးတယ်။ အားပေးတယ်။ ဒါပေမဲ့လည်း တိုးတက်မှုအနည်းငယ်ပဲရှိတာက ရှုဘီယင်ကို သူမလုပ်နေတာမှန်ရဲ့လားလို့ သံသယဝင်လာစေသည်။
သူမတွေးခဲ့တာက သူမရဲ့ဘဝက သူမရဲ့ဆုံးဖြတ်ချက်ကို မူတည်နေတာလို့ပေ။
'အခု ဇူးမာကို ငါရွေးလိုက်တော့ ဆက်သွားရမယ်။ လမ်းတဝက်မှာ လက်လျော့လိုက်လို့မရဘူး'
ဇူးမာဟာ တံခါးအပြင်ကို ရက်အတော်ကြာ ထွက်မလာသေးပေ။ ရှုဘီယင်လည်း လမ်းပျောက်နေပြီး ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ပေ။ သူမခေါင်းထဲမှာ အရမ်းရှုပ်ထွေးနေပြီး သူမအရင်ဘဝတုန်းကတွေ့ခဲ့တဲ့ ဇူးမာရဲ့ အောင်မြင်တဲ့မြင်ကွင်းကို ထပ်တလဲလဲပြန်တွေးကြည့်နေရသည်။
'ငါမှတ်မိတာမှန်ပါတယ်။ ဒီအချိန်လောက်ပဲ ဇူးမာအကြီးကြီးထိခိုက်သွားတာ။ အခုကသူ့ရဲ့အောင်မြင်မှုဆီသွားမဲ့လမ်းရဲ့အစပဲ။ ပြီးရင် သူတဖြည်းဖြည်းတောက်ပလာလိမ့်မယ်'
'ကျားချန်၊ အိမ်မက်လို နေရာမျိုး'
ကျားချန်ကို တွေးမိလိုက်တော့ အရင်ဘဝကသူမနှစ်အတော်ကြာနေခဲ့တဲ့မြို့ကို တွေးမိလိုက်ပြီးရှုဘီယင်ကို သူမအား မြောက်များစွာသောအိမ်မက်တွေကနေ  နိုးထစေတဲ့မျက်နှာတခုကို တွေးမိသွားသည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now