Chapter 127 (Unicode)

2K 237 9
                                    

ချန်ကျမ်းဟာ တဖက်မှာ ကြွတ်ကြွတ်အိတ်အလွတ်တခုကို ကိုင်ထားပြီး တဖက်မှာတော့ စာရွက်တလိပ်ကိုင်ကာ ကျူးကျူးရဲ့ ဒီကံဆိုးမှုကို ကူညီပေးဖို့လိုက်လာလေသည်။ 'ဒီလိုမျိုး ပါဆယ်မှာထားတာတွေ ပြန့်ကျဲ့သွားတာ၊ ငါဒီအတိုင်းအိပ်၇တော့မှာလား?' ကျူးကျူးတွေးရင်းနဲ့ ဂနာမငြိမ်ဖြစ်လာသည်။

'ဘယ်လိုလူက ငွေနှစ်ရာကျော်တန်တာကို မြေကြီးပေါ်ပစ်ချမှာလဲ?!!!' ကျူးကျူး တွေးရင်းနဲ့ ပိုစိတ်တိုလာသည်။

'ငါ့လောက်တုံးတဲ့သူ ရှိပါတော့မလား?'

နှစ်ယောက်သား crayfish ရဲ့ ဘေးနားကိုသွားကာ ထိုင်ချလိုက်ပြီး တယောက်ကို တယောက် တိတ်ဆိတ်စွာနဲ့ ကြည့်နေမိသည်။

အနေရခက်နေတာကို သက်သာစေဖို့ ကျူးကျူးဟာ နောက်ပြောင်ပြီး ပြောလိုက်သည်။ "ငါကြားဖူးတာက မြေပေါ်ပြုတ်ကျသွားလည်း စက္ကန့်အနည်းငယ်အတွင်း ကောက်လိုက်ရင်စားလို့၇သေးတယ်တဲ့။ ငါတို့က မိနစ်နည်းနည်းလောက်ပဲ ကျော်သွားတာပါ။ အဆင်ပြေအုန်းမှာပါနော်"

ကျူးကျူး ပြောတာနားထောင်ပြီး ဘေးနားမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ချန်ကျမ်းတယောက် အတွေးများသွားတော့သည်။

သူ မြေပြင်ပေါ်မှာ ပြုတ်ကျနေတဲ့ crayfish အေးစက်စက်ကို စိုက်ကြည့်လိုက်သည်။

သူ ပလတ်စတစ်လက်အိတ်ဝတ်လိုက်ပြီး ပါဆယ်ထုတ်ကို ကောက်ယူလိုက်ကာ စာရွက်နဲ့ အကြိမ်များစွာ သုတ်လိုက်သည်။ ကျူးကျူးကတော့ ဘေးနားကနေ သူမရဲ့ဖုန်းမီးလေးနဲ့ ကူညီပြီး ထိုးပေးထားသည်။

ချန်ကျမ်းဟာ တလျှောက်လုံး ဘာစကားမှ မပြောပေ။ သူ crayfish ကို ကောက်ယူလိုက်ပြီး တိတ်ဆိတ်နေသည်။

ကျူးကျူး ခေါင်းငုံ့ကာ "ငါတောင်းပန်ပါတယ်"

သူအေးစက်နေတဲ့ အကင်ချောင်းတွေ ကောက်ယူလိုက်ပြီး တိတ်ဆိတ်နေပြန်သည်။

ကျူးကျူး သူမခေါင်းကို ပိုနှိမ့်ချလိုက်ပြီး "ငါတောင်းပန်ပါတယ်"

မသိအောင် ပါဆယ်မှာစားတာကို တွေ့သွားတာတောင် ရှက်စရာကောင်းနေပြီ။ အခုတော့ သူမတယောက်တည်းမှာထားတဲ့ အစားအသောက်သက်သေတွေကို သူမရှေ့မှာတင် ကောက်ယူနေတာကြောင့် ကျူးကျူးရှက်ပြီး မျက်ရည်ထွက်လုဖြစ်နေလေပြီ။

'ဘုရားရေ၊ ငါကျိန်ဆိုတယ်။ ချန်ကျမ်းမသိအောင် ဘယ်တော့မှ ခိုးမစားတော့ဘူး!!!'

ကျူးကျူး မဝံ့မရဲမေးလိုက်သည်။ "နင် ငါပါဆယ်မှာတာကို ဘယ်လိုသိသွားတာလဲ?"

'ချန်ကျမ်းမှာ ခွေးလိုနှာခေါင်းမျိုးရှိပြီး မိုင်တထောင်ကနေတောင် အနံ့ခံနိုင်တာလားဟ!!'

ချန်ကျမ်းကတော့ တည်ငြိမ်နေသည်။

"လေကောင်းလေသန့်၇အောင်လို့ တံခါးဖွင့်လိုက်တာနဲ့ တိုက်ဆိုင်သွားတာ"

ကျူးကျူး ။ "....."

'ငါတကယ်ကံဆိုးလိုက်တာ'

တကယ်တော့ ချန်ကျမ်းဟာ ပြတင်းပေါက်ရှေ့မှာရပ်ပြီး အပြင်ကကွင်းပြင်ကို ကြည့်လိုက် ကျူးကျူးပြတင်းပေါက်ကို ကြည့်လိုက် လုပ်နေတာပေ။ သူကြည့်နေတုန်း ပါဆယ်ပို့တဲ့သူ လှေကားဆီလျှောက်လာတာကို တွေ့တော့ ချန်ကျမ်း ပြတင်းပေါက်ကို တိတ်တိတ်လေးဖွင့်လိုက်စဉ် ဘေးပြတင်းပေါက်ကနေ ကြိုးပစ်ချပေးနေတဲ့ မြင်ကွင်းကို တွေ့လိုက်၇တာပေ။

ကျူးကျူး သက်ပြင်းချလိုက်မိသည်။

ထိုစဉ် ချက်ချင်းပဲ သူမဗိုက်ကနေ တဂွီဂွီမြည်သံ ထွက်လာတော့သည်။

ချန်ကျမ်းဟာ လက်ထဲမှာ အရမ်းကြီး မညစ်ပတ်နေတဲ့ အမှိုက်ထုတ်ကို ကိုင်ကာ ရပ်လိုက်ပြီး ရှေ့ကနေ လျှောက်သွားတော့သည်။ လေအေးအေးကိုဖြတ်ပြီးတော့ သူ့ရဲ့ တည်ငြိမ်နေတဲ့ အသံထွက်လာသည်။

"သွား၊ တယောက်တည်းသွားစား"

ကျူးကျူး သူမမှားမှန်းသိတာကြောင့် မကြားချင်ယောင်ဆောင်နေလိုက်သည်။

ချန်ကျမ်းပြောတဲ့ တယောက်တည်းသွားစားက အလုပ်မဖြစ်လိုက်ပေ။

နှစ်ယောက်သား ကျန်းဟူစားသောက်ဆိုင်ထဲဝင်လိုက်ပြီး စားပွဲအပြည့်ဟင်းပွဲတွေမှာလိုက်ကြသည်။ အရောင်အသွေးစုံလင်စွာနဲ့ အသားကင်တွေရော၊ နီရဲတဲ့ဟင်းပွဲတွေရော၊ အကြော်တွေနဲ့ပြည့်နေပြီး တွေ့တဲ့သူတိုင်း သွားရည်မကျပဲ မနေနိုင်လောက်အောင်ကို ဆွဲဆောင်နေသည်။ ကျူးကျူးဟာ ချန်ကျမ်းကို အားနာမနေတော့ပဲ နီရဲကြွပ်ရွနေတဲ့ ဟင်းပွဲတခုကို ရွေးလိုက်ပြီး စစားသောက်တော့သည်။ သူမပါးစပ်နဲ့အပြည့် ဆီတွေရော အစပ်တွေရော ပြည့်နေပေမဲ့ သူမကတော့ အလှမပျက်ပေ။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now