Chapter 122 (Unicode)

1.9K 211 14
                                    

'အလုပ်တွေ အရမ်းများနေလို့ ကျောင်းကိုတောင် ကားမောင်းသွားဖို့ အချိန်မ၇နိုင်ဘူး။ ဆောင်းရာသီဆိုတော့ ညဆိုရင် မှောင်ပြီး တယောက်တည်းကားမောင်းလေ့ကျင့်ဖို့က အန္တာရာယ်များတယ်။ ငါ သွေးပူလေ့ကျင့်ခန်း အနေနဲ့ ကားမောင်းစကေးတွေ လေ့ကျင့်လို့ ၇တဲ့ဂိမ်းရှာကြည့်၇မှာလား?'

......

ကျူးကျူး ဆိုဖာပေါ်မှာ ထိုင်နေပြီး မျက်နှာတည်ကြီးနဲ့ ဖုန်းကိုကြည့်နေပုံဟာ မသိတဲ့သူတွေမြင်ရင် တခုခုဖြစ်နေသလိုတောင် ထင်၇နိုင်သည်။

သူမရဲ့နောက်ကျောက တည့်မတ်နေပြီး သိုလှောင်အိမ်ကို အဝင်နဲ့ နောက်ပြန်ဝင်တဲ့ အခြေခံတွေကို လေ့ကျင့်နေသည်။ ဘေးကနေ ဖြတ်သွားတဲ့ ချန်ကျမ်းက သူမကို ထူးဆန်းစွာကြည့်လိုက်သည်။ 

ကျူးကျူးတယောက် PUBG ထဲမှာ ကားမောင်းရင်း ဖြေးဖြေးချင်းရပ်လိုက်၊ ကွေ့လိုက်၊ ဖြေးဖြေးချင်းနောက်ဆုတ်လိုက်၊ ရပ်လိုက်လုပ်နေတာကို ချန်ကျမ်းကြည့်နေသည်။

ကျူးကျူးက အသံပိတ်ထားပေမဲ့ အသင်းသားတွေရဲ့ အသံက ဖွင့်ထားလေသည်။

"ဒီမိန်းမ ဘာတွေလုပ်နေတာလဲဟ?"

.......

.......

"လီး! ပြေး၇တဲ့ဂိမ်းမှာ ဘယ်လိုတောင် နောက်ပြန်ဆုတ်နေတာလဲ?"

"ငါတကယ်အံ့ဩမဆုံးနိုင်ဘူး။ နောက်ဆုံးတခေါက်က ငါကောင်မလေးတယောက် PUBG ကို အပျော်ဆော့တာ တွေ့လိုက်တုန်းက ငါ ကစားပုံအဆိုးဆုံးကို တွေ့လိုက်၇ပြီလို့ ထင်နေတာ။ အခုတော့ ငါကားမောင်းကျင့်နေတာကို တွေ့နေရတာလား????"

"QQ speed ကိုသွားပြီးတော့ လေ့ကျင့်လေ ကားမောင်းသင်ချင်နေတာဆိုလဲ!!"

စကားမပြောပဲနေနေတဲ့ ကျူးကျူးဟာ အံဩသွားပေမဲ့ ရုတ်တရက် သူတို့ပြောတာမှန်တယ်လို့ ခံစားလိုက်၇တယ်။

ကျူးကျူး ။ "သဲလွန်စပေးတဲ့အတွက် ကျေးဇူးပါ"

သူမပြောပြီးတာနဲ့ နံရံဆီကို ကားမောင်းသွားပြီး ကိုယ့်ကိုကိုယ်သတ်သေလိုက်သည်။

အသင်းသားတွေ ။ "........"

'ငါတခါမှ ဒီလိုကိုယ့်ကိုကိုယ် ရက်စက်တဲ့သူ မတွေ့ဖူးဘူး'

ထို့နောက် ဆယ်မိနစ်ကြာပြီးနောက် ကျူးကျူးရဲ့ပုံဟာ အမြန်နှုန်းမျက်နှာစာမှာ ပေါ်လာသည်။ အကုန်လုံးက မြေပုံရဲ့ လမ်းညွှန်ချက်အတိုင်း ရှေ့ကိုအမြန်သွားနေကြသည်။ ကျူးကျူးဟာ နောက်မှာကျန်နေခဲ့ပြီး တနေရာတည်းမှာ ပိတ်မိနေသလိုမျိုး အေးဆေးလမ်းလျှောက်နေသည်။ ခြေတလှမ်း နှစ်လှမ်းအတွင်းမှာ အစနေရာကို ပြန်ပို့ခံလိုက်၇သည်။

ကျူးကျူး ။ 'ငါကတကယ်ကို ဆုံးဖြတ်ချက်ပြင်းပြီး စိတ်ရှည်တဲ့သူပဲ'

အဲဒါက သူမကို နောက်တနေ့ မထနိုင်အောင်ဖြစ်သွားစေသည်။ ကျူးကျူး မျက်လုံးနှစ်လုံးအောက်မှာ မျက်ကွင်းညိုနှစ်ခုနဲ့ သူမမျက်နှာဟာ ပင်ပန်းမှုတွေနဲ့ ပြည့်နေပြီး ကိုယ့်ကိုကိုယ်စစ်ဆေးဖို့ ဂိမ်းတွေကို ထပ်မသုံးတော့ဘူးလို့ ကျိန်ဆိုလိုက်သည်။ 'မနေ့ညက ငါလေ့ကျင့်ရင်းနဲ့ ကစားနေလိုက်တာ မိုးလင်းပေါက်အထိပဲ။ ငါအရမ်းလဲချပြီးတော့ အိပ်ချင်နေပြီ'

သူမသမ်းဝေလိုက်သည်။ 

လောင်မန့်အံ့ဩသွားပြီး ပြောလိုက်သည်။

"ငါအမြဲတမ်း မင်းက ကုမ္ပဏီနဲ့ ကွဲပြားနေတယ်လို့ အမြဲတမ်းခံစားနေမိတာ။ အခုတော့ လိုက်ဖက်မှုကို ရှာတွေ့ခဲ့ပြီ"

ကျူးကျူး ။ "ဘယ်နေရာမှာလဲ?"

"မျက်ကွင်းညိုတွေ"

"......"

လောင်မန့် ကြင်နာစွာနဲ့ ပြောလိုက်သည်။

"တခုခုအကြံပေး၇မယ်ဆိုရင် ပရိုဂရမ်သမားကို ယူထားရင် အာမခံတွေ အများကြီးဝယ်ထားဖို့ သတိ၇နော်။ ဘယ်လိုတောင် မြန်မြန်ငွေရှာပြီး အလုပ်ပိပြိးသေမလဲ မသိနိုင်ဘူး"

ကျူးကျူးအံ့ဩသွားပြီး ခေါင်းခါလိုက်ကာ ပြုံးလိုက်သည်။ "ကျွန်မယောင်္ကျားက ပရိုဂရမ်သမားမဟုတ်ပါဘူး" 'e-sport ကစားသမားက ပရိုဂရမ်သမားနဲ့ ကွာခြားချက်တွေရှိ‌သေးတယ်။ ချန်ကျမ်းတယောက် က အိမ်ထဲမှာပဲ တနေ့တနေ့ ကောင်းကောင်းနေတာကို ပြန်တွေးကြည့်လိုက်ရင် ဘယ်လိုသေသွားနိုင်မှာလဲ? ရုတ်တရက် သေတာကတော့ ဖြစ်နိုင်ပါတယ်။ အစာနင်ပြီးလည်း သေသွားနိုင်တာပဲ'


{Eng နဲ့မှာက ကြက်စားတဲ့ဂိမ်းလို့ပဲ သုံးထားပေမဲ့ reader တယောက်က ကြက်စားတဲ့ဂိမ်းက PUBG လို့ပြောဖူးလို့  PUBG ပဲသုံးလိုက်ပါတယ်နော်။ တခါမှ မကစားဖူးတာမို့လို့ အသုံးအနှုန်းတွေ လွဲသွားရင်လည်း ခွင့်လွှတ်ပေးကြပါလို့}


(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now