သူမ ကြိုးကို မရေရာမှုနဲ့ ဆွဲကြည့်လိုက်တော့ တဖက်လူက သေချာတင်းတင်းချည်ထားတာကို သိလိုက်ရတော့ ကျူးကျူးဖြေးဖြေးချင်းဆွဲလိုက်သည်။ သူမဆီကို သေချာရောက်လာဖို့အတွက် ထောင့်မှန်ကျစွာနဲ့ အရှိန်နှုန်းနှေးနှေးနဲ့ ဆွဲတင်နေသည်။
ပြောစရာမလိုတာက အထုပ်က တော်တော် လေးနေသည်။
နောက်တစက္ကန့်မှာတော့ ကျူးကျူး ကြောင်အသွားတော့သည်။
ပါဆယ်ဟာ အောက်ထပ်က ခြံစည်းရိုးမှာ ငြိနေတော့သည်။
"..."
ကျူးကျူး မျက်နှာရဲသွားပြီး လက်ကိုပိုရှေ့ထုတ်လိုက်ကာ ပါဆယ်ထုတ်ကို ဆွဲယူဖို့ ကြိုးစားလေသည်။ ပါဆယ်ထုတ်က မပေါ့တာကြောင့် ကျူးကျူးဟာ လက်မောင်းတွေတောင် လှုပ်ပြီး ချွေးတောင်ပြန်လာသည်။ အခုချိန်မှာ သူမ စိတ်ဓာတ်ကျနေလေပြီ။ 'ငါတယောက်တည်းအစားစားရဖို့က ဘာလို့ ဒီလောက်တောင်ခက်ခဲရတာလဲဟ?'
ပါဆယ်ပို့တဲ့အကိုကြီးဟာ ရုတ်တရက် တွန်းလှည်းကို ယူပြီး ညမှောင်ထဲမှာ အဝါရောင်ပုံရိပ်ဟာ မြန်မြန်ပြေးသွားပြီး စက္ကန့်အနည်းငယ်အတွင်း ပျောက်သွားတော့သည်။
ကျူးကျူး ဖုန်းမြည်သံကို ကြားလိုက်ရသည်။
ဖုန်းသံက ချန်ကျမ်းကို နှောင့်ယှက်မိမှာ စိုးတာကြောင့် ကျူးကျူးမြန်မြန် လက်တဖက်နဲ့ ကြိုးကိုဆွဲထားပြီး နောက်တဖက်နဲ့ ဖုန်းကိုကိုင်လိုက်သည်။
"ဟေး?"
ကျူးကျူး အသံတိုးတိုးနဲ့ ပြောလိုက်သည်။ "စိတ်ချ၊ ကျွန်မ ရှင့်ကို အနီရောင်စာအိတ်ပို့ပေးမှာပါ..."
"မဟုတ်ဘူး။ အနီရောင်စာအိတ်ကြောင့် ဖုန်းဆက်တာမဟုတ်ဘူး။ ငါလည်း အလုပ်ကို သစ္စာရှိတဲ့ သူတယောက်ပါ" ရှောင်လီရဲ့အသံက တည်ငြိမ်နေသည်။ "အဲဒါက...မိန်းကလေး၊ အသိစိတ်အပြည့်နဲ့ပြောရမယ်ဆိုရင် မိန်းကလေး အပြင်ကိုကြည့်ပြီး အရှေ့အရပ်ကပြတင်းပေါက်ကို ကြည့်ဖို့ပြောချင်ပါတယ်။ ပါဆယ်လည်းပို့ပေးပြီးပြီဆိုတော့ ကျွန်တော့်တို့ ဒီမှာတင် နှုတ်ဆက်လိုက်ကြရအောင်"
"ပီ ပီ..." တဖက်လူကဖုန်းချသွားတော့သည်။
ကျူးကျူး ။ "????"
သူမမျက်နှာမှာ နားမလည်နိုင်တဲ့အမူအရာနဲ့ သူမ ခေါင်းထုတ်လိုက်ပြီး ဘယ်ဘက်ပြတင်းပေါက်ကိုကြည့်လိုက်သည်။
ထို့နောက်....
အကြည့်စူးစူးပေါင်းတထောင်လောက်နဲ့ အပစ်ခံလိုက်ရသလိုမျိုး ဖြစ်သွားပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့သွားကြတော့သည်။ အချိန်အတော်ကြာ ပြတင်းပေါက်ရှေ့မှာ ချန်ကျမ်းရပ်နေပြီး သူမကို အဲနေ့တုန်း စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့အနေရခက်စရာမြင်ကွင်းလိုမျိုး မျက်နှာသေကြီးနဲ့ ကြည့်နေလေသည်။
"....."
"....."
ကျူးကျူး ကြောင်အသွားတော့သည်။
သူမလက်ရဲ့အားဟာ သူမတောင်မသိလိုက်ပဲ အားလျော့သွားပြီး ကြိုးနဲ့အတူပါဆယ်ထုတ်ဟာလည်း အောက်ကိုပြုတ်ကျသွားတာကို တွေ့လိုက်ရတော့သည်။ ကျူးကျူးအသိစိတ်ပြန်ဝင်လာချိန် အမြန်ကယ်ဖို့လုပ်လိုက်သည်။ သူမလက်ကိုဆန့်လိုက်ပြီး ကြိုးကိုမြန်မြန်ဆွဲလိုက်သည်။ ကံမကောင်းစွာနဲ့ အရမ်းနောက်ကျသွားလေပြီ။
ကျူးကျူးဟာ သူမရဲ့ပါဆယ်ထုတ်လေးဟာ အဖြစ်ဆိုးစွာနဲ့ပြုတ်ကျသွားပြီး မြေပြင်ပေါ်ကို ကျကာ ပါဆယ်ဘူးဟာ ကွဲသွားပြီး ပလစ်စတိတ်အိတ်ထဲကနေ ထွက်ကျသွားတာကို တွေ့လိုက်ရလေသည်။
အဲဒီမြင်ကွင်းကိုကြည့်လိုက်ပြီး ကျူးကျူး ကူရာမဲ့စွာ ခေါင်းခါလိုက်ပြီး ငိုမိတော့မလိုဖြစ်သွားတော့သည်။
'ငါ့ရဲ့ပါဆယ်လေး! ငါ့ရဲ့ငွေတွေ! ငါ့ရဲ့ crayfish လေးတွေ!'
'ဘာမှမရှိတော့ဘူး!!'
....
ဆယ်မိနစ်ကြာပြီးနောက်
ကျူးကျူးဟာ အမဲရောင်ဂျတ်ကပ်အထူကိုဝတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ အောက်ထပ်ကို ဆင်းလာသည်။ နောက်ကတော့ ချန်ကျမ်းလိုက်လာပေသည်။ နှစ်ယောက်သား တလျှောက်လုံး စကားမပြောကြတာကြောင့် ကျူးကျူးကို ပိုရှက်စေသည်။
သူမ ဖုန်းမီးဖွင့်လိုက်ပြီး မြေပြင်ကို ပတ်ကြည့်လိုက်တော့ လွယ်လွယ်ကူကူပဲ ရက်စက်လွန်းတဲ့မြင်ကွင်းကို တွေ့လိုက်ရတော့သည်။
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)