ကွာရှင်းစာချုပ်က လက်မှတ်ထိုးထားရုံပဲရှိပေမဲ့ တရားဝင်ရုံးမတင်ရသေးပေ။ ကျူးကျူးဟာ ချန်ကျမ်းနဲ့ ဆက်ပြီးတူတူမနေခင် စာချုပ်ကိုသေချာအောင် သိမ်းထားရမယ်လို့ တွေးလိုက်သည်။
"ဘုန်း"
"ဘုန်း"
အံဆွဲကို ပြောင်းပြန်လှန်နေအောင် ကျူးကျူးရှာပေမဲ့ ကွာရှင်းစာချုပ်ကို အရိပ်အယောင်တောင် မတွေ့ရပေ။ နောက်ဆုံးတော့ အောက်ဆုံးအံဆွဲထောင့်ဆုံးမှာရှာတွေ့ပေမဲ့ သူမလက်မှတ်ထိုးထားတဲ့နေရာကို ကြည့်လိုက်ချိန်မှာတော့
အပေါက်ကြီးဖြစ်နေလေသည်။
ကျူးကျူးဟာ ချန်ကျမ်းကို ချက်ချင်းဖုန်းဆက်တော့သည်။
တဖက်လူဟာ ဖုန်းမကိုင်ပေ။
ကျူးကျူးဟာ ဆက်တိုက်ခေါ်နေရင်းနဲ့ တခြားလက်ရေးကွာရှင်းစာချုပ်ကို ရှာတွေ့သွားသည်။ ကံကောင်းတာက လက်ရေးကွာရှင်းစာချုပ်က ပြဲနေတာတော့မရှိပေ။ ကျူးကျူးလက်မှတ်အပေါ်မှာ ထိုးထားတဲ့လက်မှတ်ဟာ ကျူးကျူးအကြည့်ကို ဖမ်းစားသွားလေသည်။
'ချန်ရှု????'
'ဒီကောင် တကယ်ကြီး ချန်ရှုလို့ ထိုးထားတယ်ပေါ့?'
ကျူးကျူးဟာ တခဏလောက် ဘာစကားမှမပြောနိုင် ဖြစ်သွားလေသည်။ သူမဟာ လုံးဝ ချန်ကျမ်းဦးနှောက်လည်ပတ်ပုံဆီမှာ အရှုံးပေးလိုက်ရလေသည်။
ကျူးကျူး ထပ်ပြီးဖုန်းဆက်လိုက်တော့ ဒီတခေါက်တော့ချန်ကျမ်း ဖုန်းကိုင်လာလေသည်။
ကျူးကျူး။ "နင် အိမ်ပြန်လာပြီး အရိုက်လာခံစမ်း!!!"
ချန်ကျမ်းဟာ ဖုန်းတဖက်ကနေ ဖြေးဖြေးချင်းပြောလိုက်သည်။ "ပိုက်ဆံသုံးတာ ကုန်သွားလို့လား?"
ကျူးကျူး ။ "ပိုက်ဆံက တပြားမှတောင် မသုံးရသေးဘူး..... ခဏလေး!! နင်ဘာလုပ်ထားလဲ လာကြည့်စမ်း! စာချုပ်ကို နင်ဖျက်ဆီးထားတာလား?"
ချန်ကျမ်းရဲ့လေသံက အပြစ်ကင်းစင်နေလေသည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကြွက်ကိုက်သွားတာ ဖြစ်မှာပေါ့"
ကျူးကျူး ။ "....."
'ချန်ကျမ်းဆိုတဲ့ ကြွက်ကြီး ကိုက်သွားတာဖြစ်မှာပေါ့'
ကျူးကျူးဟာ စိတ်လျော့လိုက်ပြီး "နင်ဘယ်မှာလဲ? ငါနင့်ဆီလာခဲ့မယ်"
ချန်ကျမ်းဟာ သံသယဝင်စရာကောင်းလိုက်အောင် တိတ်ဆိတ်သွားလေသည်။
"ငါအလုပ်ခရီးထွက်နေတယ်" သူ့အသံကထစ်နေတာကြောင့် လိမ်နေမှန်းသိသာနေလေသည်။
ချန်ကျမ်းစကားဆုံးတာနဲ့ တုနွမ်ရဲ့အသံကြီးကို ဖုန်းထဲကနေ ကြားလိုက်လေသည်။ "သူဌေး၊ ဖုန်းပြောလို့ ပြီးသွားပြီလား?"
ကျူးကျူး ။ "....."
ချန်ကျမ်း ။ "......တုနွမ်လည်း ပါတယ်"
ကျူးကျူး ။ "ငါချက်ချင်း ကုမ္ပဏီကို လာခဲ့မယ်။ နင်စောင့်နေလိုက်"
အဲဒီနေ့က ချန်ကျမ်းဟာ ကုမ္ပဏီမှာနောက်ဘာဆက်လုပ်မလဲတောင် မသိတော့ပဲ ကြောင်တောင်တောင်ဖြစ်နေလေသည်။ ကျူးကျူးကတော့ ချန်ကျမ်းဘာလ်ု့ ဒီလိုလုပ်လဲ နားမလည်နိုင်ပဲ ခေါင်းရှုပ်နေလေသည်။
ကျူးကျူးဟာ ဖုန်းချပြီးတာနဲ့ အင်္ကျီကောက်ဝတ်ပြီး ချန်ကျမ်းကို ရှာဖို့သွားလေသည်။
ကုမ္ပဏီက သိပ်မဝေးတာကြောင့် ခဏအကြာမှာပဲ ကျူးကျူးရောက်သွားတော့သည်။
'ဒီနေ့က အလုပ်လည်း မရှိဘူး။ မန့်မန့်ကလည်း ထပ်ပြီးအားလပ်ရက်ယူသွားပြန်ပြီ' ဒါကြောင့် ကျူးကျူးလည်း ခွင့်တရက်ယူလိုက်တာပေ။ 'ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေးထားမှာတုန်း' သူမရဲ့ခြေလှမ်းက မြန်လာပြီး သူမရဲ့ဒေါက်ဖိနပ်သံဟာ တဒေါက်ဒေါက်ပိုမြည်လာပြီး ထောင့်ကွေ့အရောက်မှာတော့ တယောက်ယောက်နဲ့ တိုက်မိမလိုဖြစ်သွားလေသည်။
ကျူးကျူးပြုတ်ကျတော့မလို ဖြစ်သွားပေမဲ့ ကံကောင်းတာက တဖက်လူက သူမထက် တုံ့ပြန်တာမြန်ပြီး သူမလက်ကို မြဲမြဲဆွဲထားလိုက်တာကြောင့် ပြုတ်မကျလိုက်ပေ။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်...."
ကျူးကျူး ခေါင်းမော့ကြည့်လိုက်ချိန် ဇူးမာကို တွေ့လိုက်ရလေသည်။
သူမ အနည်းငယ်အံ့အားသင့်သွားလေသည်။ "ဇူးမာ? ရှင်က ဘာလို့ ဒီမှာရောက်နေတာလဲ?"
ဇူးမာဟာ အပြုံးလေးနဲ့ ပြောလိုက်သည်။ "လုပ်စရာလေးတွေရှိလို့လေ။ မင်းအလုပ်လာတက်တာလား?"
ကျူးကျူး ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "ဖြေရှင်းရမဲ့ကိစ္စတွေရှိလို့လေ"
ဇူးမာ ။ "ဒါဆိုရင် အတူတူ တက်သွားကြမလား?"
"ကောင်းတာပေါ့"
ပြီးခဲ့တဲ့ ရှက်စရာကိစ္စတွေကြောင့် ဇူးမာရဲ့အခြေအနေတွေက်ု ကျူးကျူးမမေးဖြစ်ပေ။ သူရှက်သွားမှာလည်း စိုးလ်ု့ပေ။ နှစ်ယောက်သား မြန်မြန်သွားနေတာမဟုတ်ပေမဲ့ ဇူးမာဟာ နှစ်ယောက်ကြား အကွာအဝေးကို သေချာထိန်းထားပြီး ကောင်းကောင်းမွန်မွန်ပဲ စကားပြောလေသည်။
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)