ကျူးကျူး စိတ်သက်သာ၇စွာ သက်ပြင်းချလိုက်ပြီး "ဒါဆိုရင်လည်း သူ့ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ကျူးကျူးစကားကိုကြားပြီး ချန်ကျမ်းဟာ သူမ ဇူးမာပြိုင်ပွဲမှာ ဝင်ပြိုင်မှာကို သိသွားကြောင်းသိလိုက်သည်။ အဲလိုတိကျတဲ့သတင်းအချက်အလက်က ဘယ်ကနေ ၇လာတာလဲ၊ နှစ်ယောက်ကြားဘယ်လိုကိစ္စတွေရှိခဲ့တာလဲဆိုတာကို ချန်ကျမ်းမသိ၇ပေ။
'အခုချိန်မှာ ကျူးကျူးဒီနေ့စိတ်ကောင်းဝင်နေပုံ၇ပြီး အခုထိပျော်နေသေးတာက ဇူးမာကြောင့်လား?'
'သူမပါးစပ်ကနေ ဇူးမာကိုပြောပြီး သူမရဲ့ခံစားချက်အတက်အကျကလည်း ဇူးမာကြောင့်ပဲ။ ငါ့အတိတ်ကိုမေးဖို့ကျတော့ ပျင်းနေပြီး ဇူးမာနာမည်ကိုတော့အရင်ထုတ်မေးတာက ဇူးမာရဲ့အားသာချက်ကို သိ၇ဖို့အတွက်ကြောင့်ပဲပေ့ါ'
'ဇူးမာ၊ ဇူးမာ၊ အကုန်ဇူးမာအကြောင်းချည်းပဲ '
ချန်ကျမ်းရဲ့ ပင်ပန်းပြီး လေးလံနေတဲ့ မျက်လုံးဟာ အနည်းငယ်ပြောင်းလဲသွားသည်။
သူ အခုချိန်မှာ ကျူးကျူးရဲ့ ပြုံးနေတဲ့ မျက်နှာကို မမြင်ချင်ဖြစ်နေပြီး မျက်စိစမွှေးစူးနေသလို ခံစားနေရလေသည်။ သူ ချက်ချင်းထရပ်လိုက်ပြီး စာကြည့်ခန်းဆီ လမ်းလျှောက်သွားလိုက်တော့သည်။
သူ့အနောက်က ကျူးကျူးဟာ လန့်သွားပြီး မေးလိုက်သည်။ "ဟေး၊ နင်မစားတော့ဘူးလား?"
"....."
"နင်ဘာဖြစ်သွားတာလဲ?"
ကျူးကျူး ပြန်၇လိုက်တာကတော့ တံခါးပိတ်သွားတဲ့အသံပေ။
'သူဘာဖြစ်သွားတာလဲဟ?'
'အဲဒါက ချက်ချင်းဖြစ်သွားတဲ့ ခံစားချက်အပြောင်းအလဲကြောင့်ပဲနေမှာပါ'
ကျူးကျူးဟာ ချန်ကျမ်းတယောက် တခဏတာစိတ်မကြည်တာလို့ တွေးထားပေမဲ့ ချန်ကျမ်းဟာ အချိန်ကြာအောင်ထိ ထွက်မလာပေ။ ကျူးကျူး စိတ်တိုစပြုလာပြီ။ သူမအခန်းထဲကို စိတ်တိုစွာနဲ့ ပြန်သွားပြီး တံခါးကို ပိတ်လိုက်တော့သည်။ ရည်ရွယ်ချက်ကတော့ သူမစိတ်မပျော်ဘူးဆိုတာကို ချန်ကျမ်းကို ပြရန်အတွက်ပေ။
ကျူးကျူးဟာ အိပ်ရာပေါ်မှာလဲနေရင်း ဖုန်းနဲ့ကစားနေပြီး တခဏနေရင် ချန်ကျမ်းနဲ့ ပြန်ပြီး သင့်မြတ်အောင်လုပ်မလို့ စောင့်နေပေသည်။ စောင့်ပြီးရင်း စောင့်နေပေမဲ့ ဘာမှဖြစ်မလာခဲ့ပေ။
သူမအိပ်ရာပေါ်မှာ ဘယ်အချိန်တုန်းက အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပေ။
သူမနိုးလာချိန်မှာ အလွန်ဗိုက်ဆာသလိုခံစား၇တာကြောင့် ကျူးကျူးတိတ်တဆိတ်တံခါးဖွင့်ကြည့်လိုက်တော့ ချန်ကျမ်းရဲ့စာကြည့်ခန်းက အခုထိပိတ်ထားတုန်းဆိုတာကိုတွေ့လိုက်၇သည်။ သူမ မတရားသလိုခံစားလိုက်၇ပြီး ဒီနေ့ကစပြီး ထမင်းမချက်တော့ပဲ ချန်ကျမ်းကို အငတ်ထားတော့မယ်လို့ ဆုံးဖြတ်လိုက်သည်။
ဗိုက်ကနေ ထွက်လာတဲ့ တဂွီဂွီမြည်သံဟာ ကျူးကျူးရဲ့ ပြားကပ်နေတဲ့ ဗိုက်ကို စမ်းမိသွားစေသည်။
ကျူးကျူး ။ "......"
ကျူးကျူးတိတ်တဆိတ် delivery မှာပြီး ကောင်းကောင်းစားပစ်မယ်လို့ ဆုံးဖြတ်လိုက်သည်။ သူမရိုးရိုးရှင်းရှင်း crayfish အစပ်နဲ့ dragon skewers တွေ အကင်ချောင်းတွေမှာလိုက်သည်။ ကျူးကျူးကြည့်နေရင်း သွားရည်တောင်ကျလာသည်။
သူမငွေရှင်းမလို့ နှိပ်မလို့လုပ်လိုက်ပေမဲ့လည်း ရုတ်တရက် သူမပါဆယ်မှာလိုက်ရင် ချန်ကျမ်းဆီမှာ မိသွားမှာကို သတိ၇လိုက်သည်။ 'အဲအချိန်ကျရင် တယောက်တည်းစားနေတာကို ချန်ကျမ်းဆီမှာ မိသွားတဲ့ ကြောက်စရာကောင်းတဲ့ကိစ္စကို ချန်ကျမ်းထပ်ပြီး အစဖော်ဖို့၇သွားတော့မှာပဲ'
ဒါကြောင့် ကျူးကျူး အကြံထုတ်၇တော့သည်။
သူမမှတ်ချက်မှာ ဒီလိုရေးလိုက်သည်။ "ကျေးဇူးပြုပြီး အဓိကဝင်ပေါက်ကနေ မလာဘဲနဲ့ တောင်ဘက်ပြတင်းပေါက်ကနေ လာလို့၇မလားရှင့်၊ အဲမှာကြိုးတချောင်းတွဲချထားတာ ရှိပါလိမ့်မယ်၊ တင်းတင်းချည်ပေးဖို့ သတိ၇ပေးပါ"
ကျူးကျူး ပျော်ရွှင်စွာနဲ့ ငွေရှင်းဖို့ နှိပ်လိုက်တော့သည်။
{ပုံတွေ ထည့်မ၇လို့ zawgyi မှာပဲ သွားကြည့်ပေးကြပါနော်}
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)