Chapter 118 (Unicode)

2.1K 254 0
                                    

တုနွမ်ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အလိမ်တွေဟာ ကျူးကျူးရဲ့ သနားဂရုဏာစိတ်တွေကို တိုးသွားစေသည်။

ကျူးကျူး အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်မှာထိုင်နေတဲ့ ချန်ကျမ်းကို ကြည့်ပြီး ဖြေးဖြေးချင်းချဉ်းကပ်သွားသည်။

သူမ ချန်ကျမ်းရဲ့ ပုခုံးကိုပုတ်လိုက်ပြီး နူးညံ့စွာမေးလိုက်သည်။ "နင်ဘာစားချင်လဲ? ဒီနေ့ ပင်ပန်းနေလား? ဘဝအကြောင်းတွေ ပြောချင်လား?"

ချန်ကျမ်းဟာ တခဏလောက်တိတ်ဆိတ်သွားပြီး ရုတ်တရက် ထရပ်လိုက်သည်။

ကျူးကျူး သူသွားတာကို လိုက်ကြည့်နေမိသည်။

မထင်မှတ်ထားတာက သူဟာ ရင်းနှီးနေတဲ့နေရာကိုသွားလိုက်ပြီး ရင်းနှီးနေတဲ့....သာမိုမီတာကို ကောက်ယူလိုက်သည်။

ချန်ကျမ်း ။ "အပူချိန်"

ကျူးကျူး ။ "နင်တကယ်သေချင်နေတာလား?"

မနက်စောစော ကျူးကျူးအလုပ်သွားရန်ပြင်ဆင်လေသည်။

နေ့လည်စာဘူးတွေလုပ်ပြီး တခုကိုအိတ်ထဲထည့်ကာ တခုကို ရေခဲသေတ္တာထဲထည့်ထားလိုက်သည်။ ချန်ကျမ်း ဘယ်တုန်းကနေ စာကြည့်ခန်းထဲက ထွက်လာမှန်း သူမ မသိလိုက်ပေ။ သူ သူ့မျက်လုံးတွေကို အိပ်ချင်မူးတူးနဲ့ ပွတ်နေပြီး လက်ကို အိတ်ကပ်ထဲမှာထည့်ကာ ရေခဲသေတ္တာဆီလျှောက်လာပြီး နို့ချဉ်တဘူးကို ထုတ်ယူလိုက်သည်။ တခဏကြာတော့ သူ့အကြည့်က ကျူးကျူးဆီကနေ အိတ်ဆီရောက်သွားသည်။ အိတ်ဟာ ဖောင်းနေပုံပေါ်သည်။

ကျူးကျူးဟာ ဘာမှမလုပ်တဲ့ချန်ကျမ်းကို ကြည့်ပြီး ရုတ်တရက်စိတ်ဓာတ်ကျသွားသည်။

'ငါက မနက်စောစောသွား ညဆိုရင်နောက်ကျမှပြန်လာပြီး မိသားစုကို ငွေထောက်ပံ့ပေးဖို့ အလုပ်ကြိုးစားတဲ့ယောင်္ကျားနဲ့တူနေပြီး ချန်ကျမ်းကတော့ စားဖို့၊ သောက်ဖို့၊ ငွေနေ့တိုင်းထိုင်ဖြုန်းဖို့ ငါမွေးထားတဲ့ ဇနီးနဲ့ တူနေတယ်လို့ ခံစားနေရတယ်'

ကျူးကျူး ။ "...."

'ဒါပေမဲ့လည်း ချန်ကျမ်းလို လူချောလေးကို ပျိုးထောင်တာကလည်း ငွေဆုံးရာမကျပါဘူး။ ....သူ့ရဲ့  EQ သာ ပိုမြင့်လာရင်တော့ ပိုကောင်းမှာပေ့ါ'

'ငါ့ရဲ့ အနှိပ်ဘောလုံးကို တွေးကြည့်လိုက်ရင်...ဖွဟဲ့! အနက်ရောင်ကျောက်တုံးလေးတွေဟ!'  ကျူးကျူး အရင်မကျေနပ်ချက်ရော အခုမကျေနပ်ချက်ရော ပေါင်းပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

ချန်ကျမ်းဟာ သူမကို အပြစ်ကင်းစွာနဲ့ ကြည့်လိုက်ပြီး ဘာလို့ သူမ မနက်ကနေ ဒီလောက်ထိ စိတ်တိုနေမှန်း နားမလည်နိုင်ဖြစ်နေသည်။

"ငါအလုပ်သွားတော့မယ်။ နင်အိမ်မှာ စောင့်ကျန်နေခဲ့"

ချန်ကျမ်း နာခံစွာနဲ့ "အင်း"

သူ ကျူးကျူး ဖိနပ်ဝတ်ပြီး အပြင်ထွက်သွားတာကို ကြည့်နေသည်။ တံခါးဟာ အသံမြည်ပြီး ပိတ်သွားပြီးနောက် အိမ်ဟာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ ဒါကြောင့် ချန်ကျမ်းဟာ ထမင်းစားပွဲက ထိုင်ခုံပေါ်မှာ တယောက်တည်းထိုင်နေပြီး ရုတ်တရက် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားတာက ကောင်းတဲ့နည်းမဟုတ်ဘူးလို့ ခံစားလာ၇သည်။

'နောက်ထပ် တနေ့လုံး အိမ်ကလွတ်နေတော့မှာပဲ'

ချန်ကျမ်းဟာ နို့ချဉ်ကို တငုံသောက်လိုက်ပြီး သူ့ရဲ့ ထူထဲတဲ့ မျက်တောင်တွေကို နှိမ့်ချလိုက်သည်။ အချိန်အကြာကြီး နေပြီးနောက် သူ့နှုတ်ခမ်းကြားကနေ သက်ပြင်းချသံ တခု ထွက်ပေါ်လာသည်။

"အေးလိုက်တာ "

'စောစောထုတ်ထားလိုက်၇မှာ '

....

ကျူးကျူးဟာ ပုံမှန်အတိုင်း အလုပ်ကို တက္ကစီစီးပြီး သွားလေသည်။ သူမမှာ ကားမောင်းလိုင်စင်မရှိပေ။ အခုတလော အလုပ်သွားတာမှာ အခက်အခဲရှိတာကြောင့် ကျူးကျူးလိုင်စင်ဖြေပြီး ကားဝယ်ရင်ကောင်းမလား စဉ်းစားနေသည်။

သူမမှာ ကားမောင်းလိုင်စင်မရှိတာက ကားမတော်တဆမှုကိုကြောက်တာကြောင့်ပေ။ အခုတော့ သူမကားမောင်းချင်လာပြီ။ 'ငါတကယ် အသက်ရှည်ရှည်နေချင်သေးတယ်။ ဒါပေမဲ့.... မဆုံးဖြတ်နိုင်တော့ဘူး'

'ဒီနေ့ထွက်လာတာ နည်းနည်းနောက်ကျသွားတယ်။ လမ်းပေါ်မှာ ကားကျပ်နေပြီ'

တက္ကစီအကိုကြီးက လမ်းကြောင်းပြောင်းပြီး ကားကျပ်တဲ့လမ်းကြောင်းကို ရှောင်မလို့လုပ်ပေမဲ့ လည်း ကျူးကျူး အလုပ်နောက်မကျအောင် မလုပ်နိုင်ခဲ့ပေ။

ကျူးကျူး လောင်မန့်ကို သူမနောက်ကျနိုင်ကြောင်း၊ ဒဏ်ငွေဆောင်၇ရင်လည်း အဆင်ပြေကြောင်း ကြိုတင်ပြောထားလိုက်သည်။


(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now