ကျူးကျူးဟာ တွေးလေလေ မယုံနိုင်လေဖြစ်နေသည်။
'ကုမ္ပဏီကြီးတခုရဲ့သူဌေးက ဘယ်လိုလုပ်ပြီး အိမ်ဟောင်းမှာနေ၊ ခြောက်ကပ်နေတဲ့အိမ်ထဲမှာပဲ အပြင်မထွက်ပဲ တနေ့လုံးနေနိုင်ရတာလဲ?'
ကျူးကျူးဟာ အနည်းငယ် လမ်းပျောက်နေသည်။ သူမအတွေးထဲမှာ ဒါကယုတ္တိရှိပေမဲ့ လက်ခံဖို့ခက်ခဲနေလေသည်။
ချန်ကျမ်းဟာ မတ်တပ်ရပ်လိုက်ကာ ကျူးကျူးရှေ့လျှောက်လာခဲ့လေတယ်။
"ငါ မင်းကိုစီးပွားရေးကိစ္စတွေရော မိသားစုကိစ္စတွေရော ဘာမှစိတ်မပူစေချင်ဘူး။ မင်းပုံမှန်အတိုင်းပဲ မင်းကြိုက်တဲ့အလုပ်လုပ်ပြီးတော့ မင်းလိုသလောက် ပိုက်ဆံဖြုန်းလို့ရတယ်"
ကျူးကျူး။ "နင် ငါ့ကို တင်ကျွေးထားမှာလား?"
ချန်ကျမ်း။ "ရတယ်"
ကျူးကျူး။ "...."
'ဒီစကားက အရမ်းကို ချမ်းသာတဲ့လူတွေပဲ ပြောနိုင်တဲ့စကားပဲဟ!'
ကျူးကျူး ခေါင်းခါလိုက်ပြီးေုခလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ကာ ပြောလိုက်သည်။ "ငါခေါင်းအေးအေးထားပါရစေဦး"
'အစကတော့ ဝင်ငွေကောင်းကောင်းလေးနဲ့ ချမ်းသာတဲ့သူဖြစ်လာဖို့ တွေးထားတာလေ။ ရုတ်တရက်ကြီး ချမ်းသာသွားတယ်တဲ့လား?'
ကျူးကျူးဟာ အစကတည်းကနေ ချန်ကျမ်းနဲ့ သူမရဲ့အဆင့်အတန်းကွာခြားနေခဲ့တာကို သဘောပေါက်သွားလေတယ်။ 'သူက ကျားချန်ရဲ့သူဌေးကြီးဖြစ်ပြီး ချန်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူရောပဲ'
'ငါကတော့....'
ကျူးကျူး သက်ပြင်းချလိုက်ပြီး "ငါတို့အခု..."
ချန်ကျမ်း ခေါင်းငုံ့လိုက်ပြီး ရုတ်တရက် ဆုံးရှုးစရာမရှိတော့တဲ့လူတယောက်လိုမျိုး ကျူးကျူးကိုဆွဲလိုက်ကာ အသံတိုးတိုးလေးနဲ့ပြောလိုက်သည်။
"မသွားပါနဲ့"
ချန်ကျမ်းဟာ မျက်လွှာချထားတာကြောင့် သူ့မျက်လုံးတွေကို သေချာမမြင်ရပေ။
သူ့အသံက တိုးဖျော့နေပြီး သိပ်မကြားရပေ။ သူ ကျူးကျူးရဲ့ အဝတ်ဖျားလေးဆွဲထားတာပေမဲ့ ရေနစ်နေတဲ့သူက ကောက်ရိုးတမျှင်တောင် အားကိုးတကြီးဆွဲထားသလိုမျိုး ဆွဲထားရတာ ပင်ပန်းလွန်းလှပေတယ်။
သူ့စကားတွေကြားလိုက်ရတာနဲ့ ကျူးကျူးဟာတခဏလောက်ဆွံ့အသွားကာ ဘာပြန်ပြောရမလဲမသိဖြစ်သွားလေသည်။
'ချန်ကျမ်းက ဘယ်သွားချင်တာတုန်း?'
'ငါအစက ပြောမလို လုပ်ထားတာက ငါတို့အခု သေချာထိုင်ပြီး စကားပြောကြရအောင်လို့ ပြောမလို့လေ'
စာအုပ်ထဲကို ကူးပြောင်းလာပြီးကတည်းကနေ ကျူးကျူးဟာ ဒီလောက်ကြီးတဲ့ကိစ္စနဲ့ မကြုံဖူးပေ။ ချန်ကျမ်းရဲ့သရုပ်မှန်က သူမအနာဂတ်နဲ့ ဆိုင်နေနိုင်သည်။
ချန်ကျမ်းလက်က ကျူးကျူးကို ဆွဲထားတာ မလွှတ်ပေ။ သူက ကျူးကျူးထက် ခေါင်းတလုံးစာပိုရှည်ပေမဲ့ အဲဒီအချိန်မှာတော့ ကလေးတယောက်လို သနားစရာကောင်းနေလေတယ်။
သူ့ပုံစံကိုကြည့်ပြီး ကျူးကျူးရဲ့နှလုံးသားဟာ နူးညံ့သွားတော့တယ်။
'ချန်ကျမ်းရဲ့ သနားစရာကောင်းပုံစံကိုမြင်တာနဲ့ ငါဘာမှတောင် မပြောနိုင်တော့ဘူး'
သူမ အသံရွှင်ရွှင်နဲ့ ပြောလိုက်တယ်။ "ငါတို့အိမ်ပြန်ပြီး ပြောကြရအောင်"
'တခြားသူတွေ မြင်သွားတာက ချန်ကျမ်းပုံရိပ်အတွက် မကောင်းဘူး'
ချန်ကျမ်း ။ "မသွားတော့ဘူးလား?"
ကျူးကျူး ။ "ငါတို့ စကားပြောရအုန်းမယ်လေ"
သူနှုတ်ခမ်းကိုက်လိုက်ပြီး ဘာမှမပြောပေမဲ့ ခွေးပေါက်လေးလိုမျိုး သူ့ခေါင်းမှာ နားရွက်လေးနှစ်ခုရှိနေပြီး မပျော်ရွှင်ဖြစ်လို့ နားရွက်လေးတွေအောက်ကျနေတဲ့ ပုံစံလိုမျိုး ဖြစ်နေသည်။
ကျူးကျူး။ "...." 'ဒီအကွက်က တကယ်ကိုပြင်းလွန်းတယ်။ ငါမခံနိုင်ဘူး'
နှစ်ယောက်သား လမ်းတလျှောက် စကားမပြောပဲ တိတ်ဆိတ်စွာ သွားနေကြသည်။
ကျူးကျူးက ရှေ့ကသွားနေပြီး ချန်ကျမ်းကနောက်ကလျှောက်နေသည်။ တုနွမ်အပါအဝင် လူတော်တော်များများဟာ ထောင့်တနေရာကပုန်းနေပြီး ချန်ကျမ်းနဲ့ ကျူးကျူးတို့ အောက်ထပ်ကိုဆင်းသွားတော့မှာကို ချောင်းကြည့်နေကြသည်။ ရုတ်တရက် အိပ်ပျော်နေတဲ့ဇာမဏီငှက်က မျက်လုံးကိုတဝက်သာဖွင့်လိုက်ပေမဲ့ မျက်လုံးတွေက နက်မောင်စူးရှနေသလိုမျိုးလူအုပ်ကြီးကို နောက်လှည့်ကြည့်တဲ့ အကြည့်ကို တွေ့လိုက်ကြရလေသည်။
သေစေလောက်တဲ့အကြည့်ကြောင့် လူအုပ်ကြီးဟာ ဒူးတုန်သွားပြီး နှလုံးသားတွေ နာကျင်လာလေသည်။
'သွားပြီ၊ သူဌေး အငြိုးထားနေပြီ။ သေတော့မှာပဲ'
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)