Chapter 121 (Unicode)

2.6K 287 11
                                    

လောင်မန့် TV ဟာ မနားတမ်းဖွင့်ထားသလို ပြောနေတာကြောင့် ကျူးကျူး ဦးနှောက်တွေတောင် ထုံလာသည်။အပြင်ထွက်ဖို့အကြောင်းပြချက်ပြပြီး လောင်မန့်ဘေးကနေ ရှောင်ထွက်လာခဲ့တော့သည်။

နေ့လည်ခင်းမှာ အလုပ်လုပ်စရာတွေ ရှိသေးတာကြောင့် ကျူးကျူး နေရောင်ခဏခံပြီး ပြန်ဝင်သွားရန် ဆုံးဖြတ်လိုက်သည်။

အပြင်မှာ နေစူးနေတာကြောင့် ကျူးကျူး မျက်လုံးမမှိတ်လိုက်ခင်မှာ ရင်းနှီးနေတဲ့ပုံရိပ်ကို မြင်လိုက်၇သည်။ အဲဒါက ဇူးမာဖြစ်နေသည်။

သူက တံခါးအပြင်ဘက်မှာ ရပ်နေပြီး ခန္ဓာကိုယ်ဟာ ပိန်ပါးနေကာ သူ့ရဲ့အသက်မဲ့နေတဲ့မျက်နှာဟာ ကျူးကျူးကို တွေ့ပုံမပေါ်ပေ။

ကျူးကျူး တခဏရပ်တန့်သွားမိသည်။

'ထူးဆန်းလိုက်တာ။ ဒီနှစ်ယောက်က အလှည့်ကျလာနေကြလား? တယောက်ချင်းစီလာပြီး ဘာလို့ကျားချန်တံခါးဝမှာပဲ နေနေကြတာလဲဟ'

ကျူးကျူး ရှေ့တိုးလိုက်ပြီး "ဇူးမာ"

ဇူးမာရဲ့အသက်မဲ့နေတဲ့မျက်လုံးတွေဟာ ချက်ချင်းကြည်လင်သွားတော့သည်။ သူကိုယ်ကို မတ် လိုက်ပြီး အဝေးကြီး ရှာစရာမလိုလိုက်ပဲ ကျူးကျူးကို တွေ့သွားသည်။

"မင်း..."

ကျူးကျူး သူ့နောက်က အဆောက်အအုံကို လက်ညိုးထိုးလိုက်ပြီး "ငါဒီမှာ ပန်းချီဆွဲတဲ့အလုပ်လုပ်နေတာလေ"

သူ အနည်းငယ်အံ့ဩသွားပေမဲ့ အကြည့်က သက်တောင့်သက်သာဖြစ်သွားသည်။ "နောက်ဆုံးတခေါက်တုန်းက  CG artist ခန့်တုန်းက ပထမကျတဲ့ နံပါတ် ၂၃၃ က မင်းကိုး"

"ရှင်မှတ်မိနေသေးတာလား? ဂုဏ်ယူစရာပဲ" ကျူးကျူး သူ့ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဘယ်လိုလဲ? အထဲဝင်မှာလား? ဒါပေမဲ့ဒီနေ့တုနွမ်မရှိဘူး"

"..."

ဇူးမာဟာ တိတ်ဆိတ်နေသည်။

နဂိုက သူ ကျားချန်ကို နောက်ဆုံးအနေနဲ့တွေ့ဖို့လာတာဖြစ်သည်။ သူ့ဘဝရဲ့ ဆိုးရွားတဲ့ကျဆုံးမှုကိုလည်း နှုတ်ဆက်ရင်းနဲ့ပေ့ါ။ အခုတော့ ကျူးကျူးက ဒီလိုမျိုး ပြုံးပြပြီး အေးဆေးမေးနေတော့ ဘာတခွန်းမှ ပြောမထွက်တော့ပေ။

'သူမက ငါသန်မာတယ်လို့ထင်မှာပဲ။ ငါလည်း အဲလိုထင်ခဲ့တာ'

ကျူးကျူးကိုကြည့်ရင်း ဇူးမာ လစ်ဇ်ကို သတိ၇သွားသည်။ 'လူတယောက်က ဘယ်လိုတောင်ကြံ့ခိုင်တာလဲ? ငါကကျတော့ အသက်နှစ်ဆယ်အစောပိုင်းပဲ ရှိသေးတယ်။ ဘဝကို အရှုံးပေးဖို့ ပြင်ဆင်နေပြီ'

'တကယ်ပြော၇မှာ ရှက်စရာပဲ'

ကျူးကျူး ။ "ဘာလဲဟင်?"

"ဘာမှမဟုတ်ဘူး"

သူ့အသံက အနည်းငယ်ခြောက်ကပ်နေပြီး နဂိုလိုပြေပြစ်မနေပေ။ ဒါပေမဲ့သူခေါင်းမော့လိုက်ချိန်မှာတော့ စိတ်ပိုင်းဖြတ်ထားတဲ့ ပုံစံပေါက်နေသည်။

"ငါလက်လျော့မှာမဟုတ်ဘူး " ဇူးမာ ကိုယ့်ကိုကိုယ် ကျိန်ဆိုသလို ရွတ်ဆိုလိုက်သည်။

ဇူးမာဟာ အဲလိုရေရွတ်ပြီးတော့ ပြန်သွားတော့သည်။

ကျူးကျူးဟာ သူက အမြဲတမ်းကွဲပြားခြားနားတယ်လို့ ထင်နေမိသည်။ 'ဒီအတွေ့အကြုံက သူ့ကို အများကြီး ပြောင်းလဲသွားစေတယ်ထင်တယ်။ တည်ငြိမ်မှု၊ ရင့်ကျက်မှုတွေ တိုးလာတာက ဇူးမာအတွက် ကောင်းတာပါပဲ'

ညစာစားချိန်မှာ ချန်ကျမ်းနဲ့ကျူးကျူးဟာ စားပွဲရဲ့ တဖက်တချက်စီမှာထိုင်ပြီး ရင်းရင်းနှီးနှီး စကားပြောရင်း အယောင်ဆောင်စုံတွဲရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေလေသည်။ 

ကျူးကျူး ။ "ငါလစာ၇လာရင် နင့်ကို သေချာတခေါက်လိုက်ကျွေးမယ်'

'တယောက်နဲ့တယောက် အမှီသဟဲပြုပြီး နေကြတာမှာ တယောက်နဲ့တယောက် ကြင်ကြင်နာနာရှိ၇မှာပေ့ါ '

သူမလစာဘယ်လောက်လဲဆိုတာကို ချန်ကျမ်းသိပေသည်။ တကယ်တော့ လစာကို သူဆုံးဖြတ်တာပဲလေ။ ချန်ကျမ်း ခေါင်းငုံ့လိုက်ပြီး စွပ်ပြုတ်တဇွန်းသောက်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ကောင်းပြီလေ"

ကျူးကျူး ။ "င့ါအထင် ငါကားမောင်းဖို့ သင်၇မယ်နဲ့တူတယ်။ မဟုတ်ရင် အလုပ်ကိုသွားလာ၇တာက အဆင်မပြေဘူး"

ချန်ကျမ်း ။ "ဖိုက်..."

သူ့စကားဟာ ကျူးကျူးဖြတ်ပြောတာခံလိုက်၇သည်။ 

ကျူးကျူး ။ "ငွေရှိပေမဲ့လည်း ငွေကိုဖြုန်းတီးတာက မကောင်းဘူး။ လောင်စာချွေတာ၇မယ်"

"မဟုတ်ရင် ကားမောင်းပေးတဲ့လူခေါ်လိုက်၇မလား? ဒါပေမဲ့ နင်ပြောတဲ့ ယွဲ့ယွဲ့က အဲလောက်တန်လို့လား? မဖြစ်နိုင်ဘူးထင်တယ် "

ချန်ကျမ်း မျက်တောင်ခတ်လိုက်သည်။

'တကယ်တော့ သူမရုံးသွားဖို့ အသင်းတသင်းလုံးငှားရင်လည်း ၇တယ်'

'ဒါပေမဲ့ အဲဒါကိုပြောနိုင်တဲ့နည်းလမ်းမရှိဘူး'

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now