Chapter 109 (Unicode)

2.2K 271 2
                                    

အလုပ်တက်တဲ့ ပထမဆုံးရက်

ကျူးကျူးဟာ မိတ်ကပ်ကို သေချာလိမ်းပြီး ဆံနွယ်ရှည်တွေကို ကျစ်ဆံမြီးကျစ်ထားတာကြောင့် ဖြူဖွေးသေးသွယ်တဲ့ လည်တံကို ဖော်ပြထားသလိုဖြစ်နေသည်။ ဒေါက်တိုဖိနပ်တွေဟာ ကြမ်းပြင်ပေါ်မှာ တရှပ်ရှပ်အသံမြည်စေပြီး မနက်ကနေ အိမ်ကနေ ထွက်မဲ့အချိန်ထိ အလုပ်ရှုပ်နေလေသည်။

အချိန်အတော်ကြာပြီးနောက် ချန်ကျမ်းဟာ သူ့မျက်ခုံးတွေကို ပွတ်ရင်း စာကြည့်ခန်းထဲကနေ အိမ်စီးဖိနပ်ပါးကိုစီးပြီး မျက်နှာပေါ်မှာ အိပ်ချင်နေသေးတဲ့ ပုံစံနဲ့ ထွက်လာခဲ့သည်။ သူ အကျင့်ပါစွာနဲ့ နို့ချဉ်တဗူးဖွင့်လိုက်စဉ် ဖုန်းမက်ဆေ့သံမြည်လာသည်။

အဲဒါက တုနွမ်ရဲ့ ဂရုထဲမှာ ပို့လိုက်တဲ့ မက်ဆေ့သံပေ။

"မရီး မလာသေးဘူးလား? ဘာလုပ်၇မလဲ။ ကျွန်တော် အရမ်းရင်ခုန်နေပြီ။ သူဌေး!!"

ဂရုထဲကို ပြန်အသွင်းခံ၇တဲ့ တုနွမ်ဟာ အပိုစကားတွေမပြောရဲပဲ ကျူးကျူးအလာကို စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေသည်။

ကျောင်းဖန် ။ 'ဒီနေ့ တုနွမ် ရေညှိရောင် ဝတ်လာတယ်လို့ သတင်းကြားမိသလိုပဲ"

ဖုဇီချန် ။ "နှင်းလိုမျိုးဖြူတဲ့ အင်္ကျီဝတ်လာတယ်"

ကျောင်းဖန် ။ "ဖုဇီချန် ဖိနပ်အသစ်စီးလာတယ်"

ဖုဇီချန် ။ ".....ညီအကို၊ မင်းငါ့ကို ကြည့်နေတာပေါ့။ ဖိနပ်နှစ်ရံက တခုနဲ့တခုလုံးဝကွာခြားတာ။ မင်းတယောက်ပဲ မြင်တာပဲ!!"

ဂရုထဲမှာ ဆူညံနေပြီး တခဏအတွင်းမှာ ၉၉+ ဖြစ်သွားသည်။

သူတို့ပြသာနာရှာနေတာကို ချန်ကျမ်းကြည့်ရုံပဲ ကြည့်နေပြီး ဝင်မပြောပေ။ အဆုံးမှာ သူတခဏလောက်တွေးလိုက်ပြီး ပြောလိုက်သည်။ "အထူးဂရုစိုက်ပေးနေစရာမလိုဘူး" 'အခုချိန်မှာ ဖုံးကွယ်ထားနိုင်ပေမဲ့ တနေ့နေ့မှာအမှန်တရားက ပေါ်လာမှာပဲ။ အဲချိန်ကျရင် သူမရဲ့ အောင်မြင်မှုတွေအားလုံးက နောက်ခံကြောင့် ၇လာတာလို့ထင်သွားလိမ့်မယ်။ အဲလိုကျရင် မကောင်းတဲ့အမြင်ဖြစ်သွားလိမ့်မယ်'

တုနွမ် သူ့ကို ပြန်မဖြေနိုင်ခင် ကောင်တာကနေ အောက်ထပ်မှာ ကျူးကျူးရောက်နေပြီလို့ ပြောတာကြောင့် သွားလိုက်၇သည်။

အန်ရူရဲ့နေရာကို အမည်မသိ အသစ်လေးတယောက်က ယူသွားတယ်လို့ ကုမ္ပဏီမှာ သတင်းပျံ့နေတာကြောင့် ပွဲကြီးပွဲကောင်းကြည့်ရန် တယောက်ပြီး တယောက်စောင့်နေကြသည်။

ကျူးကျူး တံခါးကနေ မဝင်လာသေးခင်ထိ သူတို့ရဲ့ မျက်လုံးတွေကို တည်ထားကြသည်။ 'အလုပ်လား? အလှလေးလား? ရွေးစရာပဲ ရှိတယ်။ ဒီကုမ္ပဏီမှာက ဝံပုလွေတွေပဲ များပြီး အသားကနည်းတယ်' ပရိုဂရမ်သမားတွေ ပျော်ရွှင်စွာနဲ့ ဝံပုလွေတွေလို အူလိုက်ကြသည်။ ကျူးကျူးရဲ့အကြောင်းတွေကို မေးခွန်းတွေမေးနေကြပြီး တရုံးလုံး တခဏလောက် ဆူညံနေကြသည်။ အချိန်ကြာလာတာတောင် မတိတ်ဆိတ်နိုင်ပေ။

ကျူးကျူးဟာ အသက်ကြီးပေမဲ့ ချစ်စရာကောင်းတဲ့ ဦးလေး လောင်မန့်နဲ့ တွဲပေးခံလိုက်၇တော့ တရုံးခန်းလုံး ညည်းညူသံတွေနဲ့ ပြည့်သွားတော့သည်။

သူဟာ အကျင့်ကောင်းပြီး ရှင်းပြတဲ့နေရာမှာလည်း အရမ်းစိတ်ရှည်ပေသည်။ အစပိုင်းမှာတော့ ကျူးကျူး စိတ်ပူနေပေမဲ့ တဖြည်းဖြည်းစိတ်ပါဝင်စားလာပြီး တချက် တချက် မေးခွန်းတွေ မေးလေသည်။

တုနွမ်ဟာ တနေ့လုံး စိတ်နဲ့လူနဲ့ မကပ်ပေ။ သူလိုအပ်နေတာက လောင်မန့်ဆီက သတင်းပြန်တာကိုပေ။

ကျူးကျူး ရုံးခန်းထဲမှာ လေ့လာနေတဲ့အချိန်မှာ လောင်မန့်ဟာ တုနွမ်ရုံးခန်းဆီ ခိုးဝင်လာပြီး ပြောလိုက်သည်။ 'ကျွန်တော့်အထင် ကျွန်တော်တို့ လိုချင်တဲ့ ဒီဇိုင်းဆွဲတဲ့သူမ၇တော့ဘူးလို့ ထင်နေတာ။ စကေးတွေကတော့ မဆိုးပါဘူး"

တုနွမ် ရုတ်တရက်ပျော်ရွှင်သွားသည်။ "အောင်မြင်နိုင်ခြေရှိလား?"

"ပြသာနာမရှိပါဘူး။ သူမသာ ပင်ပန်းတာတွေကို ခံနိုင်ရည်ရှိရင် မြန်မြန်အလုပ်စလုပ်နိုင်လိမ့်မယ်"

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now