ချန်ကျမ်း ။ "ကောင်းပြီလေ"
ကျူးကျူး ။ "ငါ့လောက် ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့သူ...."
"နောက်ဆုံးတော့ ခေါက်ဆွဲခြောက်တွေပဲ ဆက်စားရမလားဆိုတာကို စိတ်ပူစရာမလိုတော့ဘူး" ချန်ကျမ်းဟာ ဖြေးဖြေးချင်း ပြောလိုက်သည်။
ကျူးကျူး ။ '.....ဖင်ကို ချစ်စရာကောင်း!!'
ကျူးကျူး သူ့ကို အကြည့်စူးစူးနဲ့ ပစ်ကျွေးလိုက်လေသည်။
ချန်ကျမ်း ။ "ညကျရင်ဘာစားမှာလဲ?"
ကျူးကျူး နှာခေါင်းရှုံ့လိုကါပြီး "ခေါက်ဆွဲ"
"......"
နောက်တနေ့
ချန်ကျမ်းဟာ ကျူးကျူးကို ကတ်တခုလှမ်းပေးလ်ုက်လေသည်။ ကျူးကျူး အဲကတ်ကိုတွေ့ချိန်မှာတော့ လုံးဝကို အံ့အားသင့်သွားလေသည်။ 'ဒါကြီးက လုံးဝရုပ်ရှင်တွေထဲကလို အာဏာကောင်းတဲ့သူဌေးကြီးတွေသုံးတဲ့ black card ကြီး မဟုတ်ဘူးလား!!!!!'
"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ"
ကျူးကျူးဟာ အနည်းငယ်လောက် ကတ်ကို ဟိုလှည့် ဒီလှည့်နဲ့ကြည့်လိုက်ပြီး ချန်ကျမ်းကို မေးလိုက်သည်။ "ဒါက ငါ့အတွက်လား?"
ချန်ကျမ်း ။ "အင်း၊ ကြိုက်သလိုသုံးလေ"
ကျူးကျူး ရှက်သွေးဖျာလာလေသည်။
"နောက်တခေါက်လောက် ပြောပေးလ်ု့ရမလား?"
ချန်ကျမ်းဟာ မျက်နှာပေါ်မှာ "ရူးနေတာလား?" ဆိုတဲ့ မျက်နှာပေးနဲ့ ကျူးကျူးက်ု ကြည့်လာလေသည်။
ကျူးကျူးဟာ ဆက်ပြီး ရှက်သွေးဖြာနေလေသည်။ "ဘုရားရေ၊ အဲစကားကို ယောကျာင်္းတွေပြော ရင် အရမ်းမိုက်တာပဲ"
'ချန်ကျမ်းလိုလူမျိုးတောင် မိမိုက်သွားရေ'
ချန်ကျမ်း ။ "......"
ကြိုသလိုသုံးလို့သာ ပြောပေမဲ့ တကယ်တည်းကျတော့ ကျူးကျူးမှာ သုံးစရာမရှိပေ။ 'နေ့စဉ်သုံးနေတဲ့ စားစရာ၊ သောက်စရာကလွဲရင် ငါသုံးတာကလှတဲ့အဝတ်အစားနည်းနည်းလေးဝယ်တာလောက်ပဲ။ ဒီကတ်ထဲကငွေကို ဂဏန်းတောင် ပြောင်းသွားအောင် လုပ်နိုင်မှာတောင် မဟုတ်ဘူး'
ဒီတခါတော့ လင်မယားနှစ်ယောက် ပြသာနာဖြေရှင်းပြီးသွားတော့ ချန်ကျမ်းတယောက် ပုံမှန်လိုမျိုး အလုပ်လုပ်နိုင်လေပြီ။ ကျူးကျူးဟာ နောက်ဆုံးတော့ ချန်ကျမ်းနဲ့အတူတူအလုပ်လုပ်ရတဲ့ကောင်းကျိုးကို တွေ့သွားလေပြီ။
အဲဒါကတော့ ကားမောင်းစရာမလိုတော့တာပါပဲ။
'ချန်ကျမ်းမှာ ကိုယ်ပိုင် ဒရိုင်ဘာတောင် ရှိတာလား!'
ကျူးကျူးဟာ ပြောစရာစကားမဲ့နေလေသည်။
ချန်ကျမ်းကားမမောင်းတာက ကားမောင်းလိုင်စင်မရှိလို့ မမောင်းတာလို့ ထင်နေတာပေ။ 'ချန်ကျမ်းကားမောင်းရမှာ ပျင်းလို့ မမောင်းတာလ်ု့ ဘယ်သူထင်မှာတုန်း'
လူများတွေ သံသယမဝင်အောင်လို့ ကျူးကျူးဟာ ကုမ္ပဏီကနေ မီတာရာကျော်လောက်ကနေ ကားပေါ်ကနေစောဆင်းပြီး သွားလေသည်။ ကုမ္ပဏီမှာရှိ ဝန်ထမ်းအများစုက ချမ်ကျမ်းကို မသိကြပေမဲ့ ကျူးကျူးကတော့ ဆင်းပဲလျှောကါသွားလေသည်။
သူမ ရုံးက်ုရောက်လာချိန်မှာတော့ တုနွမ်ဟာ သူဘာမှမလုပ်ထားသလိုမျိုး ပြုံးပြနေလေသည်။
ကျူးကျူးဟာ တခုနားမလည်တာရှိနေတာကြောင့် တုနွမ်ကို မျက်နှာသေကြီးနဲ့ လက်ညိုးထိုးလိုက်ပြီး "ရှင်က တောင်ဘက်က နှမ်းမဲလား?"
တုနွမ် ။ "အမ်...."
"ရှင်က ကြည့်ကောင်းတဲ့အသင့်စား ခေါက်ဆွဲခြောက်?"
ဖုဇီချန် ။ "အဟွတ်...."
"ရှင်က ဖက်ထုပ်လောက် ကောင်းတာမရှိ?"
ကျောင်းဖန်ဟာ ကြောက်အားလန့်အားနဲ့ စကားတောင် သေချာမပြောနိုင်တော့ပေ။ "ကျွန်တော်တောင်းပန်ပါတယ် ဖက်ထုပ်။ စကားပြောတာမှားသွားပြီ။ မဟုတ်ဘူး၊ မဟုတ်ဘူး!! မရီးလို့ ခေါ်ရမှာကို! ဘုရားရေ! ကျွန်တော် ကိုယ့်ဗိုက်ကိုလှီးပြီး အဆုံးစီရင်ပါမယ်!!"
မစ္စတာ ဝါးဟားဟားကတော့ ဝါးဟားဟားကို အေးဆေးသောက်ရင်း အပြင်ကိုကြည့်နေလေသည်။
ကျူးကျူးဟာ ချန်ကျမ်းက်ု စိုက်ကြည့်နေလိုက်တော့ သူမနောက်က ယောကျာင်္းတစုကတော့ ခရမ်းသီးပုတ်ကို ရိုက်လိုက်သလိုမျိုး ပျော့ခွေသွားတော့သည်။
'လင်မယားအချင်းချင်းပြန်တည့်သွားတာက ကောင်းတာမဟုတ်ဘူးလား!!'
'ဘာလို့ နောက်ဆုံးတော့ ငါတို့ပဲ ခံရတာလဲဟ?!!'
တုနွမ်ဟာ တိတ်တဆိတ်ပဲ မျက်ရည်တွေကို မျိုချလိုက်ရသည်။
'ငါ့ရဲ့နှစ်စဉ် အားလပ်ရက်ခရီးလည်း ဘယ်ဆီရောက်သွားမှန်းမသိ။ ငါ့ရဲ့ နှစ်စဉ်ဘောက်ဆူးလည်း.....တွက်ချက်ကြည့်လိုက်မယ်ဆိုရင် ဒီနှစ်တော့ ဘိုင့်ဘိုင်ပဲ'
ဒီဘက်က အတွဲက အဆင်ပြေနေသလောက် တဖက်မှာတော့ တကယ့်ဇာတ်လိုက်မ ရှုဘီယင်တယောက်ကတော့ ပြန်လည်မွေးဖွားလာကတည်းကနေ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရလေသည်။
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)