Chapter 117 (Unicode)

2.2K 274 3
                                    

ကျူးကျူး ။ "....."

'တကယ်လို့ သူမသာ ချန်ကျမ်းကို တိတ်တခိုးချစ်မိနေတာဆိုရင် နေရာမှာတင် ဒေါသထွက်လို့သေသွားလောက်မှာပဲ'

အဲဒါကို တွေးနေရင်း ကျူးကျူးရုတ်တရက် စိတ်ဝင်စားလာသည်။ သူမပုခုံးကို ချန်ကျမ်းလက်မောင်းဆီ ဖိလိုက်ပြီး မေးလိုက်သည်။ "ဟေး၊ နင်ချစ်ဖူးလား?"

ချန်ကျမ်းသူမကို လှည့်ကြည့်လိုက်ပေမဲ့ ပြန်ဖြေရန်တောင် ပျင်းနေသည်။

ကျူးကျူးလက်မလျော့ပဲ ထပ်မေးလိုက်သည်။ "နင်ကြိုက်တဲ့သူရော? တယောက်လောက်တော့ ရှိလောက်မှာမလား။ အချစ်မရှိရင် ငယ်ရွယ်မှုလည်း မရှိဘူးလေ"

ချန်ကျမ်းမေးလိုက်သည်။ "မင်းမှာရော ရှိလို့လား?"

ကျူးကျူးချက်ချင်း ပြောင်စပ်စပ်မျက်နှာဖြစ်သွားပြီး "ငါကောလိပ်တက်နေတုန်းက ကျောင်းဝင်းထဲမှာ အဆိုတော်လေးတယောက်ရှိတာ။ အရမ်းချောတာ။ တကျောင်းလုံးက ကြိုက်ကြ...ဟေး၊ ဖြေးဖြေးသွားဟ!"

ချန်ကျမ်းရဲ့ ခြေလှမ်းတွေ ရုတ်တရက်မြန်သွားတာကြောင့် ကျူးကျူးပြောနေတာကိုမေ့ပြီး သူ့နောက်ကို အမြန်ပြေးလိုက်သွားတော့သည်။

ကျူးကျူးဟာ အမှောင်ကြောက်တာကြောင့် ချန်ကျမ်းနဲ့ နှစ်မီတာထက် ပိုပြီးခွာလို့ မသွားရဲပေ။

ချန်ကျမ်းရဲ့ဘဝအကြောင်းတွေဟာ ကျူးကျူးအတွက်တော့ မဖြေရသေးတဲ့ ပုစ္ဆာတပုဒ်လိုပေ။

'သူဒီလိုစရိုက်မျိုးဖြစ်လာအောင် အတိတ်က ဘာတွေဖြစ်ခဲ့တာလဲ ငါမသိဘူး။ ဒါပေမဲ့ သေချာတာကတော့ကောင်းတဲ့ မှတ်ဉာဏ်တော့ မဖြစ်လောက်ဘူး။ မိထွေးကြူဝေဆီက ကြားထားတဲ့ စကားအနည်းငယ်အ၇ဆိုရင် ချန်ကျမ်းရဲ့ တခုတည်းသောကောင်းတဲ့ မှတ်ဉာဏ်က သူ့ရဲ့ကွယ်လွန်သွားတဲ့မိခင်အကြောင်းပဲ ဖြစ်၇မယ် '

သူမ ချန်ကျမ်းရဲ့ဒီနှေးကွေးတဲ့စရိုက်ကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံ၇တဲ့ပုံစံကိုတောင် ခေါင်းထဲမှာ ပုံဖော်လိုက်လေပြီ။

နေ့လည်စာစားချိန်မှာ စကားပြောနေရင်း တုနွမ်ဟာ အရေးကြီးတဲ့ အချက်ကို မတော်တဆဖော်ပြမိသွားသည်။

"ချန်ကျမ်းနဲ့ ငါက အတန်းဖော်တွေ။ အထက်တန်းရောက်တော့ နိုင်ငံခြားကိုထွက်သွားတော့ သူနဲ့အဆက်အသွယ်အနည်းငယ်ပဲရှိတော့တယ်"

ကျူးကျူး ။ "အထက်တန်းအတန်းဖော်တွေ?"

ကျူးကျူး ။ "သူ့အထက်တန်းကျောင်းက ဘယ်လိုပုံစံလဲ သိလား? ကျွန်မထင်ထားသလို ကျောင်းမှာ အနိုင်ကျင့်ခံနေရတာတော့ မဟုတ်လောက်ပါဘူးနော်"

တုနွမ် ပြောခါနီးစကားတွေကို ရုတ်တရက်ပြန်မျိုချလိုက်၇တော့ ချောင်းဆိုးသွားတော့သည်။

သူ ယုန်ဖြူလေးလို ဖြူစင်တဲ့မရီးကို ကြည့်လိုက်ပြီး တချက်တွေးလိုက်ကာ တကယ့်အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ 'မိန်းမတွေက ခံစားချက်ပြင်းတဲ့ သူတွေပဲ။ အားနည်းတဲ့သူတွေဆို သနားစိတ်ဝင်တတ်ကြတယ်။ မရီးက သူဌေးကို သနားစိတ်နဲ့ကောင်းကောင်းဆက်ဆံလေ င့ါဘဝကြီးလည်းပိုသာယာလေပဲ'

တုနွမ်လည်းခင်းပေးထားတဲ့လမ်းကြောင်းကို လိုက်ပြီး ဝမ်းနည်းစွာပြောလိုက်သည်။ "အင်း၊ တကယ် တကယ်သနားစရာကောင်းတာ၊ သူ့ဘဝက တကယ်ကို မကောင်းခဲ့ဘူး"

တုနွမ်ဆက်ပြောလိုက်သည်။ "တလောကပဲ ကျောင်းသားဟောင်းစုဝေးပွဲအတွက် ဆွေးနွေးနေကြတာ။ ငါတို့အကုန်လုံးသွားကြမလို့။ လူအို...လူအိုကြီးချန်လည်း သွားမယ်လို့ မျှော်လင့်၇တာပါပဲ"

ချန်ကျမ်းဟာ အထက်တန်းတုန်းကနေ ပိုပိုပြီး တသီးတသန့်ဆန်စွာနေလာခဲ့သည်။ တုနွမ်စိုးရိမ်နေပေမဲ့ နှစ်ယောက်သားရဲ့ တိုးတက်လာတဲ့ ခံစားချက်တွေကြောင့် အနည်းငယ်စိတ်သက်သာရာ၇သွားသည်။ ကျူးကျူး ချန်ကျမ်းကို အများကြီး ဖေးမကူညီပေးပြီး ချန်ကျမ်းပိုကောင်းမွန်စွာနေနိုင်ဖို့ပဲ တုနွမ်မျှော်လင့်နေသည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now