"မိုရ်က ချောလိုက်တာကွယ်...လူပျိုကြီးဖားဖားဖြစ်လာပြီ"
မမကြီးက မိုရ့်ကို အားရပါးရ ချီးကျူးနေခဲ့ပေမယ့်
မိုရ်ကတော့ ခပ်သာသာလေးပဲ ခေါင်းညိတ်ပြလိုက်တယ်။ လူတစ်ရပ်စာ မှန်ချပ်ကျယ်ထဲ ထင်ထင်ရှားရှား မြင်နေရတဲ့
သူ့ပုံစံက မမကြီးပြောသလို လူပျိုကြီးဖားဖားဆိုတဲ့ အခြေအနေမျိုးထိတော့ မရောက်သေးပါဘူး။မိုရ်က အခုမှ ဆယ့်သုံးနှစ်...။ မမကြီးနဲ့ အရပ်တန်းတူဖြစ်လာတာကလွဲရင် ကိုကိုနဲ့ဆို သူပုသေးတယ်။
ကိုကိုဆိုတာ...မမကြီးရဲ့ မောင်အငယ်ဆုံး၊ အစ်ကိုလေးရဲ့ ညီ၊ ပြီးတော့ မိုရ်ရဲ့ကိုကို...။ တစ်မိ၊တစ်ဖတည်းကနေ မွေးဖွားလာတဲ့ သွေးသားတော်စပ်သူတွေကြားထဲ မိုရ်က ကန့်လန့်ဖြစ်လာခဲ့တာ အခုဆို ဆယ်နှစ်ကျော်လောက်ရှိပြီပေါ့။
မိုရ်ရဲ့အသက်က ဆယ့်သုံးနှစ်ဆိုတော့ သူနဲ့
ဆယ်နှစ်တိတိကွာတဲ့ ကိုကို့အသက်က ဒီနှစ်ထဲမှာ နှစ်ဆယ့်သုံးကွက်တိပဲ။ မိုရ့်သူငယ်ချင်းတွေက ပြောတယ်။ နှစ်ဆယ့်သုံးနှစ်ဆိုတာ လူငယ်ဘဝရဲ့ အနှစ်သာရကို ခံစားလို့ အကောင်းဆုံး၊ ကဲလို့အကောင်းဆုံး အသက်အရွယ်တဲ့။ "တော်တော်လာတဲ့ ကောင်တွေ...၊ မင်းတို့က ဘာသိလို့လဲ"လို့ အံကြိတ်ပြောပြီး သူ ချက်ချင်း ငြိမ်သက်ပြခဲ့တော့ သူငယ်ချင်းတွေကလည်း ပါးစပ်ပိတ်သွားကြတယ်။မိုရ်တို့ ငြင်းနေခဲ့ကြတာလေ။ သူငယ်ချင်းတွေကို ဖိတ်ဖို့ဆိုပြီး
မေမေကြီး ထည့်ပေးလိုက်တဲ့ ဖိတ်စာကတ်သုံးကတ်ကြောင့် မိုရ်တို့ ငြင်းနေကြရတာ...။ တကယ်ဆို မိုရ်ကလည်း လျှာရှည်တာပါ။ သားသူငယ်ချင်းတွေကိုရော ဖိတ်လို့ရမလား မေးမိတဲ့ ဒီပါးစပ်ကို အဲ့ဒီအချိန်တုန်းကသာ အပ်နဲ့ချုပ်ထားမိရင် အခုလို စိတ်အနှောင့်ယှက်ဖြစ်ရမှာ မဟုတ်ဘူး။မိုရ် အကြာကြီး ငြိမ်နေလိုက်ပြီးမှ
"မလာချင်လည်း မလာကြနဲ့"ထပ်ပြောပြီး
ဖိတ်စာကတ်တွေကို ပြန်ဆွဲယူတော့ သုံးကောင်လုံးက
သူ့ကို ဝိုင်းချော့ကြတယ်။"စေညွှန်းကလည်း ခုနက ငါတို့နောက်တာပါ။ တချို့ဆို ဆယ့်ရှစ်နှစ်နဲ့တောင် မိန်းမယူနေကြတာပဲ။ မင်းအစ်ကိုက မိန်းမ အယူမစောပါဘူး။ အတော်ပါပဲ"တဲ့
ESTÁS LEYENDO
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
Ficción GeneralOn the other side...Love or Hate Own creation by Han_Me