အကြောင်းပြချက်တွေ ပျောက်ဆုံးသွားတဲ့အခါ ခြေလှမ်းတွေဟာ ဦးတည်ရာမဲ့လာတယ်။ လက်ထဲက လွတ်ထွက်သွားတဲ့ စွန်ကြိုးလေးကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း လက်လျှော့လိုက်ရသလိုမျိုး... အချစ်၊ အိပ်မက်နဲ့ မျှော်လင့်ခြင်းတွေကို သယ်ဆောင်သွားတဲ့ အဲ့ဒီစွန်လေးရော ဘယ်နေရာအထိ မျောလွင့်သွားပြီး ဘယ်နေရာမှာ အဆုံးသတ်မလဲ မသိနိုင်ခဲ့တာကဘဲ ခြေလှမ်းတွေကို အမျိုးမျိုးသော ဦးတည်ဘက်တွေဆီ ပြောင်းလဲသွားစေတာ ဖြစ်ပါလိမ့်မယ်။
.
.
.
"ဟဲလို""ဖုန်းခေါ်ထားတာ မမကြီးအခုမှမြင်လို့...
မွေးလူနာတွေဆက်နေတာနဲ့ မိုရ်ရယ်...""ကျွန်တော် ရန်ကုန်ပြန်ရောက်နေပြီမမကြီး"
"ဟယ်...ပြန်လာပြီလား
ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီး....""ခုနကမှ မမနှင်းနဒီဝေနဲ့ တွေ့ပြီးခဲ့တာ..."
"မိုရ်က နဒီနဲ့တွေ့ခဲ့တယ်...ဒါဆို သိပြီးပြီပေါ့"
"ဟုတ် သိပြီးပြီ မမကြီးတို့က ကျွန်တော့်ကို ဘာမှမပြောကြဘူး။ မေမေကြီးလည်း အတူတူပဲ နေ့တိုင်းဖုန်းဆက်နေတာတောင် ကိုကိုတို့အကြောင်း မပြောဘူး"
"အဝေးကလူကို စိတ်မရှုပ်စေချင်လို့ပါ
မောင်လေးရယ်။ အခုက ဘယ်မှာလဲ အိမ်ရောက်နေပြီလား""ရောက်နေပြီ..."
အိမ်ထဲမဝင်ဖြစ်သေးဘဲ ခြံပြင်မှာ
ရပ်နေမိဆဲဆိုတာကိုတော့ သူ မပြောဖြစ်။ "မိုရ် ပြန်လာတာကောင်းတယ်"လို့ တတွတ်တွတ်ပြောနေတဲ့ မမကြီးရဲ့စကားက သူ့အတွက်တော့ အဓိပ္ပာယ်ပြောင်းပြန်။ သူပြန်လာတော့ရော ဘာတွေများ ကောင်းသွားမှာလဲ။
သူ ပြန်မလာတော့ရော ဘာတွေများ ဆိုးသွားမှာမို့လို့လဲ။
ကိုကိုနဲ့နီးကပ်လာတာနဲ့အမျှ ကောင်းခြင်းတွေ သယ်ဆောင်မလာနိုင်တဲ့ ခြေလှမ်းတွေကို မေမေကြီးတို့ကတော့ ဝမ်းသာအားရကြိုဆိုကြတယ်။
မမနှင်းနဒီဝေနဲ့ ကွာရှင်းပြီးကတည်းက သူ့ကိုယ်သူ အခန်းထဲပိတ်လှောင်ထားတဲ့ ကိုကို့အတွက် မိုရ် အိမ်ပြန်ရောက်လာခြင်းက ကိုကို့ကို ပုံမှန်အတိုင်း
ပြန်ဖြစ်လာစေမယ့် နည်းလမ်းကောင်းတစ်ခုလို့ မေမေကြီးတို့က ယုံကြည်နေကြတယ်လေ။
YOU ARE READING
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
General FictionOn the other side...Love or Hate Own creation by Han_Me