Part 23 (Unicode)

1.7K 154 11
                                    

"တီတီကြီး....သားအတွက် ဘာပါလာလဲ"

"ကိတ်မုန့်တွေ ပါလာပါတယ်ရှင်...
သားရဲ့ဦးငယ်ရော... ဦးငယ်ဘယ်ရောက်နေလဲ"

မမကြီးအသံကြားလို့ အပြင်အထွက်၊ မေးခွန်းမေးသံလည်းအကြား... မမကြီးက အနားရောက်လာတဲ့မိုရ်ကို မြင်တာနဲ့ ချက်ချင်းလှမ်းပြုံးပြပြီး သူ့ကိုပတ်ချာလည်ပတ်ပြေးရင်း မြူးထူးပျော်ရွှင်နေတဲ့ ကလေးငယ်လေးလက်ထဲကို မုန့်ထုတ်ထည့်ပေးလိုက်တယ်။ ပိတ်ရက်မဟုတ်ဘဲ ရောက်လာတာဖြစ်တဲ့အတွက်
သူ ပြင်ဦးလွင်သွားမယ့်အကြောင်းကို မေမေကြီးဆီက ကြားထားလောက်ပြီလို့ ယူဆရတယ်။ ​နောက်တော့ သူထင်နေတဲ့အတိုင်း "မိုရ်...ပြင်ဦးလွင်ခြံကို သွားမလို့ဆို..."ဆိုပြီး မေးလာတယ်။

"ဟုတ်တယ်မမကြီး...
နောက်တစ်ပတ်လောက်နေရင် သွားမလားလို့..."

"ဇွဲကောင်းကိုရော ပြောပြီးပြီလား"

မိုရ် ခေါင်းခါပြလိုက်တော့ မမကြီးက သူဆက်ပြောရမယ့်စကားကို ခဏတန့်ပြီးစဥ်းစားတယ်။ ဒီတစ်ခါ မိုရ် အိမ်ကထွက်သွားပြီးရင် ပြန်မလာတော့မှာကို ကြိုသိနေတဲ့အလား စိုးရိမ်စိတ်တွေကိုလည်း မျက်နှာပေါ်မှာ အထင်းသားမြင်နေရတယ်။

"ဘာလို့ ရုတ်တရက်ကြီးလဲ မိုရ်....ဇွဲကောင်းနဲ့ ပြဿနာတစ်ခုခုရှိနေလို့လား"

သူ့ရင်ထဲထိတ်ခနဲ ဖြစ်သွားခဲ့ရတယ်။ ကိုကို့ကို မပြောရသေးဘူးဆိုတာနဲ့တင် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်နေကြတယ်လို့ ထင်နိုင်စရာပဲ။ ဒီလိုမေးခွန်းမျိုးမေးလာနိုင်တယ်လို့ မမှန်းထားတဲ့မိုရ်ကသာ ရုတ်တရက်မို့ ဖြေစရာပျောက်သွားခဲ့ရတယ်။ သံပရာရည်ခွက်ကိုင်ပြီး မိုရ်တို့အနားရောက်လာတဲ့ မမနှင်းနဒီဝေကြောင့်သာ မဟုတ်ခဲ့ရင် မမကြီးရဲ့ သံသယမေးခွန်းတွေက ဆက်ရှည်နေခဲ့ဦးမှာ...။

"သူတို့ညီအစ်ကိုနှစ်ယောက်လား...
ပြဿနာရှိမှာ မမရယ်။ ချစ်လိုက်ကြတာမှ...
နဒီ ဒီအိမ်ကိုစရောက်ကတည်းက ထမင်းစားရင်
သူ့ညီကို ဟင်းမထည့်ပေးတဲ့နေ့ဆိုတာ မရှိသလောက်ဘဲ...။ သူအလုပ်သွားတဲ့နေ့တွေမှသာ မိုရ်က သူ့ဟာသူ ထည့်စားရတာ။ မျက်စိအောက်ကနေလည်း ကြာကြာကိုအပျောက်မခံတာ။ သူအလုပ်ပြန်လာလို့ ညီကိုမတွေ့တာနဲ့ မိုရ် ဘယ်ရောက်နေလဲဆိုပြီး တန်းမေးတော့တာပဲ။ သူ တစ်နေရာရာကို သွားရရင်လည်း သူ့ညီအတွက် လက်ဆောင်အမြဲပါတယ်။ လေသံမာမာပြောဖို့မပြောနဲ့...မိုရ်မျက်နှာမကောင်းတာ
မြင်ရင် သူ့မျက်နှာလည်း အလိုလိုပျက်နေပြီ"

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Dove le storie prendono vita. Scoprilo ora