"မိုရ်...ဘာဖြစ်လာတာလဲ"
မျက်မှန်ဝိုင်းအောက်က မျက်လုံးလေးတွေက သူ့ကိုစူးစမ်းနေပြီး တစ်ချိန်တည်းမှာပဲ ခေါင်းငိုက်စိုက်ထားမိတဲ့ ခန္ဓာကိုယ်ရှေ့ကို အပြေးအလွှားလေး ရောက်ချလာတယ်။ သူတို့စသိခဲ့တာ လပိုင်းလောက်လေးပဲရှိသေးပေမယ့် စိုင်းသွင်သုက မိုရ်ရဲ့မျက်ရည်တွေကို မြင်ခွင့်ရတဲ့ ပထမဆုံး သူစိမ်းတစ်ယောက်ပဲ။ ဒါဟာ အဲ့ဒီကောင်လေးအတွက် ကံကောင်းတာလား၊ ကံဆိုးတာတော့မသိပေမယ့် စေညွှန်းမြင့်မိုရ်ရဲ့ မျက်ရည်တွေကိုမြင်တိုင်း စိုင်းသွင်သူကလည်း သူနဲ့မဆိုင်ဘဲ မျက်ရည်ဝဲတတ်ပါတယ်။
"မင်းနဲ့လည်း မဆိုင်ဘဲနဲ့"လို့ မိုရ်ပြောခဲ့တုန်းက အဲ့ဒီအသေးလေးက သူ့ကိုစိတ်ကောက်ခဲ့တယ်။ ပြီးတော့ စူပုတ်နေရင်းကြားကပဲ ပြန်ပြောတာက သူငယ်ချင်းတွေမို့...၊ မိုရ်က သူ့သူငယ်ချင်းတစ်ယောက်မို့ မိုရ်ရဲ့နာကျင်မှုကလည်း သူခံစားပေးရမယ့် နာကျင်မှုတစ်ခုပါပဲတဲ့။
"သွင်သု...ငါလေ ကိုကို...ကိုကို့ကို မချစ်ဘဲမနေနိုင်ဘူး"
စိုင်းသွင်သုဆီကနေ သက်ပြင်းရှိုက်သံ
ကြားလိုက်ရပြီး မိုရ်ရဲ့ခန္ဓာကိုယ်ဟာလည်း
ထိုကောင်လေးရဲ့ လက်တံတိုတွေကြားမှာ တင်းတင်းကြပ်ကြပ် ပိတ်မိနေခဲ့တော့တယ်။
ကျောပြင်ပေါ်မှာ ခပ်ဖွဖွရွေ့နေတဲ့ လက်ဖဝါးပြင်လေး နှစ်ဖက်က သူ ကိုကို့ကြောင့် ငိုမိတဲ့အချိန်တိုင်းမှာ ဒီလိုမျိုးလေးပဲ အလုပ်ရှုပ်နေတတ်ခဲ့တာ...။"မင်းကို ဘယ်သူက မချစ်ဘဲနေဖို့ ပြောနေလို့လဲ"
မကျေမချမ်းရေရွတ်သံက သူ့နားရွက်အောက်နားမှာ နီးနီးကပ်ကပ်။ စိုင်းသွင်သုဟာ မိုရ်ကိုဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး။ ကိုကိုနဲ့ပတ်သက်ပြီး မဖြစ်သင့်ဘူးလို့ လူတွေစွပ်စွဲပြောဆိုနိုင်တဲ့ သူ့ခံစားချက်တွေအတွက် စိုင်းသွင်သုဆီမှာ သူကြားချင်တဲ့ စကားလုံးတွေ အများအပြားရှိနေတယ်။
"ကိုကို...ကိုကိုက ကလေးအဖေဖြစ်တော့မှာတဲ့။
ငါ...ငါ ကိုကို့ကို မချစ်သင့်...""အချစ်မှာ စည်းဘောင်တွေမရှိဘူးလေ မိုရ်။ မင်းအတွက် မချစ်ဘဲနေရတာက ပိုပင်ပန်းတယ်မလား။ မင်းရဲ့ပင်ပန်းမှုကို ငါမျှဝေယူပေးမှာမို့ ဒီတိုင်းလေးလည်း အဆင်ပြေသွားမှာပါ"
YOU ARE READING
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
General FictionOn the other side...Love or Hate Own creation by Han_Me