မိုရ် လန့်နိုးနေတာ ဒီတစ်ကြိမ်နဲ့ဆို သုံးခါရှိပြီ။
နာရီလက်တံက လေးနာရီကို ညွှန်ပြနေတယ်။
အိပ်လို့မရမယ့်အတူတူ မြန်မြန်သာ မိုးလင်းလိုက်ပါတော့လို့ ညည်းညူရမယ့်အစား မိုးလင်းသွားမှာကိုပဲ သူ ကြောက်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားတဲ့ စောင်ထူထူအောက်မှာလည်း အပူချိန်က တအားမြင့်နေပြီ။ ဒါကို သူသိပေမယ့် ချွေးတွေရွှဲနေခဲ့တာကိုပါ လျစ်လျူရှူပြီး အိပ်ရာပေါ်မှာပဲ သူ့ခန္ဓာကိုယ်ကို ခေါင်းမာမာ ဆက်ကွေးထားခဲ့တယ်။အခု သူဖြစ်နေတာက... သူ့အခန်းထဲမှာ နေရာလွတ်တွေ အများကြီးရှိလျက်နဲ့ တစ်ကိုယ်စာတောင်မဆန့်တဲ့ ဘူးတစ်ခုထဲ ဝင်ခွေမိတဲ့ ကြောင်တစ်ကောင်လိုပဲ။ ကြောင်တွေအတွက် နေသားတကျရှိနိုင်တဲ့ ကျဥ်းကြပ်မှုက သူ့အတွက်ကျတော့ အသက်ရှူဖို့တောင်မလွယ်ကူဘူး။
သူ မတွေးပေမယ့် အလိုလိုပေါ်လာတဲ့ ပုံရိပ်တွေ... သူ့အတွေးမြင်ကွင်းထဲ ဝင်လာတိုင်း ဒူးခေါင်းနှစ်ဖက်ကို ရင်ဘတ်ထဲ ထိုးခွင်းဝင်သွားတော့မတတ် ကြုံ့ထားမိတာက သူ့ကိုယ်သူ လုံခြုံအောင် ကာကွယ်တဲ့ နည်းလမ်းတစ်မျိုးပဲ။ဒါပေမယ့် ဘယ်လိုပဲ လုံခြုံအောင်
ကာကွယ်...ကာကွယ်ပါ။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ကိုကို့လက်ထဲရှိနေခဲ့တဲ့ အချိန်အပိုင်းအခြားကိုပဲ သူ့ရဲ့စိတ်က ပြန်ပြန်သွားနေတယ်။ သိစိတ်က ဒါကို မဖြစ်သင့်ဘူးရယ်လို့ ရှက်ရွံ့ဆန့်ကျင်နေပြီး မသိစိတ်ကတော့ ဒီအရာပေါ်မှာ အလုံးစုံ သာယာကျေနပ်နေခဲ့တယ်။သူများတွေမြင်တဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်ကိုယ်တိုင်
သိထားတဲ့ ကိုယ့်ပုံစံ...အများကြီး ကွာခြားနေခဲ့သလိုမျိုး ဒီဖြစ်ရပ်ကနေ ညစ်ညမ်းမှုတွေပြည့်နေတဲ့ မသိစိတ်အခြမ်းကို လှစ်ခနဲ မြင်တွေ့လိုက်ရတာက မိုရ်ကိုယ်တိုင်အတွက်လည်း သူ့ကိုယ်သူ ပြန်လန့်စေတယ်။သူဟာ ဆယ့်သုံးနှစ်ပဲရှိသေးတဲ့
ကောင်လေးတစ်ယောက်ပါ။ ဆယ့်သုံးနှစ်ဆိုတာ လိင်မှုကိစ္စတွေကို တွေးမိစေဖို့ စောလွန်းသေးတဲ့ အသက်အရွယ်လို့ပြောနိုင်ပေမယ့် လုံးဝဖြူစင်တယ်လို့ သတ်မှတ်လိုက်ဖို့လည်း ခက်တယ်။ လူတွေက မိခင်ဝမ်းက ကျွတ်ပြီးချိန်ကစပြီး တစ်ရက်ထက်တစ်ရက် သိတာတွေ ပိုများလာတဲ့အတွက်ကြောင့် ကလေးတစ်ယောက်လို နူးညံ့ဖြူစင်ခြင်းဆိုတာတွေကလည်း အသက်တစ်ရက် ကြီးလာတာနဲ့အမျှ မြွေအရေခွံလဲသလို ဖြည်းဖြည်းချင်း ကွာကျပြိုပျက်ရတာပဲမို့။
YOU ARE READING
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
General FictionOn the other side...Love or Hate Own creation by Han_Me