Part 8(Unicode)

1.7K 175 42
                                    

ရေစိုနေတဲ့လက်နဲ့ပဲ သူ့ခေါင်းက
ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဖွပစ်လိုက်တော့ အချောင်းလိုက်လေးတွေ ဖြစ်သွားတဲ့ ရှေ့ဆံပင်တချို့က နဖူးပေါ်မှာ ယားကျိကျိ ခံစားချက်ကို ဖြစ်လာစေတယ်။

မှန်ထဲမှာ မြင်နေရတဲ့ပုံရိပ်က
မျက်လုံးထဲမှာ မျက်ရည်ပေါက်တွေ ပြည့်နှက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ မျက်နှာ...။

ငိုချင်နေလျက် အံကြိတ်ထားတဲ့
မေးရိုးထင်းထင်း၊ အကြိမ်ကြိမ် ဖိကိုက်ထားခဲ့လို့ သွေးစို့နေခဲ့တဲ့ နှုတ်ခမ်းထူထူ၊ ခံစားချက်တွေနဲ့ ပိတ်လှောင်မွန်းကြပ်နေခဲ့တဲ့ နိမ့်ချည်မြင့်ချည် ရင်ဘတ်တစ်စုံ...။ အရာအားလုံးကို အသေးစိတ် တစ်ခုချင်းစီ လိုက်ကြည့်နေရင်း မိုရ်..သူ့ကိုယ်သူ ရွံမုန်းလာခဲ့တယ်။

သူ့လက်ချောင်းတွေက သွေးစို့နေတဲ့
နှုတ်ခမ်းထူထူလေးပေါ် ဖြည်းဖြည်းချင်း
ရောက်လာပြီးတော့ အပေါ်ယံအရေလွှာလေးကို
ခပ်ဖွဖွ ထိတွေ့ကြည့်တယ်။ သူ့အငွေ့အသက်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ အငွေ့အသက်လေးကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်မိရင်း...လွန်ခဲ့တဲ့ မိနစ်အပိုင်း​အခြားလေးဆီကို သူ့မှတ်ဥာဏ်တွေက တစ်ဖန်ခေါ်ဆောင်သွားပြန်တယ်။

မြတ်မြတ်နိုးနိုး သို့မဟုတ် မက်မက်မောမော...
သူ့နှုတ်ခမ်းလွှာတွေနဲ့ ငုံထွေးဖြစ်ခဲ့တဲ့ ကိုကို့ နှုတ်ခမ်းတစ်စုံကြောင့် သူ့စိတ်တွေ လွတ်ထွက်လုနီးပါးထိ ဖြစ်ခဲ့ရတယ်။ အထိအတွေ့တွေ၊ အငွေ့အသက်တွေဆိုတာက သူ့လိုဆယ်ကျော်သက်ကောင်လေးတစ်ယောက် အတွက်တော့ အလွန်အန္တရာယ်များတဲ့ အရာတွေပဲမလား။
အထူးသဖြင့် ကိုယ်သဘောကျနေသူရဲ့ အထိအတွေ့တွေဆိုရင် ပိုလို့တောင် ထိန်းချုပ်ရခက်သေးတာမလား။

ဒါကြောင့် ကိုကို့အသက်ရှူငွေ့လေးကို
နီးနီးကပ်ကပ် ခံစားလိုက်ရကတည်းက မိုရ်ရဲ့ခန္ဓာကိုယ်ဟာလည်း ဒီလိုမျိုး လျင်လျင်မြန်မြန် တုံ့ပြန်လာခဲ့တယ်။ ခန္ဓာကိုယ်အချင်းချင်း ပူးကပ်ထားလျက်
ပြုတ်ကျသွားခဲ့တဲ့ အိစက်ပျော့ပျောင်းတဲ့ မွေ့ယာမျက်နှာပြင်က တစ်ချိန်တည်းမှာ လေဟာနယ်ကြီး တစ်ခုလို ဖြစ်နေခဲ့တာ...။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Tempat cerita menjadi hidup. Temukan sekarang