ရောင်စုံတွေနဲ့ ပုံဖော်သော...

2.3K 96 26
                                    

Hello... My Lovely Readers!!!!
It's me... Han_Me!!!

ဒါလေးကတော့ ဟန်မီ့ခံစားချက်တွေကို
ပြောပြချင်လို့ ရေးဖြစ်သွားတာပါ။
Final Epပြီးသွားတုန်းက ခြေကုန်လက်ပန်းကျသွားလို့ ခပ်မြန်မြန်နှုတ်ဆက်လိုက်ရတယ်။  ရက်နည်းနည်းကြာသွားတော့မှ ခံစားချက်တွေ ပြန်ငြိမ်သက်လာပြီး မိုရ်တို့ကို သဘောကျတဲ့သူတွေ ပိုများလာလို့ ကျေးဇူးတင်တဲ့အနေနဲ့ ရေးဖြစ်တာလည်း ပါပါတယ်။ အစကနေအဆုံးထိ သေချာလေး ဖတ်ပေးစေချင်ပါတယ်။

ရောင်စုံများရဲ့အခြားတစ်ဖက်ကို
အိုင်ဒီယာစရတုန်းက ခေါင်းစဥ်ကို အရင်ရခဲ့တာပါ။ တခြားဇာတ်လမ်းတွေရေးတုန်းကဆို အစကနေအဆုံးထိ အကြမ်းဖျင်းချထားပြီးတော့မှ ခေါင်းစဥ်ဘာပေးရမလဲ စဥ်းစားခဲ့တယ်။ ဒီမှာက မတူဘူး... ခေါင်းစဥ်လေးက သူ့အလိုလို နှုတ်ဖျားမှာပေါ်လာပြီးမှ ဒီခေါင်းစဥ်နဲ့ လိုက်ဖက်တဲ့ဇာတ်လမ်းဆိုတာမျိုး ဖြစ်လာခဲ့တာပဲ။

အဲ့ကနေစပြီး စေညွှန်းမြင့်မိုရ်ဆိုတဲ့
ဇာတ်ကောင်လေးကနေတစ်ဆင့် ရောင်စုံများရဲ့အခြားတစ်ဖက်ကို ပုံဖော်ခဲ့တယ်။ အံ့ဩဖို့ကောင်းတာက ဒီဇာတ်လမ်းကိုရေးဖို့ ခံစားချက်စသွင်းပြီဆိုတဲ့အချိန်မှာ ကိုယ်က ဟန်မီမဟုတ်တော့ဘဲ မိုရ်ဖြစ်သွားတယ်။ ဟန်မီက ရေးတာမို့ ဟန်မီ့အာဘော်တွေ လွှမ်းမိုးနေခဲ့မှာပဲဆိုပေမယ့်လေ ဘယ်လိုပြောရမလဲ... ဟန်မီအနေနဲ့ ခံစားပြီးရေးခဲ့တာမျိုးသာဆိုရင် မိုရ်ရဲ့အတွေးတွေ၊ ခံစားချက်တွေကို အပြည့်အဝပုံဖော်နိုင်ခဲ့မှာမဟုတ်ဘူး။ စာဖတ်သူတွေလည်း အခုလောက်ထိ ခံစားသက်ဝင်နိုင်ခဲ့မှာ မဟုတ်ဘူးလို့ဘဲထင်တယ်။

တချို့နေ့တွေမှာဆိုရင်(ပျော်နေတဲ့အချိန်မျိုး)
မိုရ်ကိုရှာမတွေ့တော့လို့ ငူငူငိုင်ငိုင်ကြီး ထိုင်တွေးနေပြီးမှ "မိုရ်ရေ...ငါ့ကိုကူညီပါဦး"လို့ အကူအညီတောင်းခဲ့ရတာမျိုးရှိတယ်။ ရယ်တော့ရယ်ချင်စရာဖြစ်နေမှာဆိုပေမယ့်
အဲ့စကားကတော့ တကယ်အကူအညီဖြစ်ခဲ့တာပါ။ အဲ့လိုပြောချပစ်ပြီးရင် နှလုံးသားက ပြန်လေးလံလာတယ်။ စာလုံးတစ်လုံးချင်းစီမှာ ရှိနေတဲ့ နာကျင်မှုတွေကို ခံစားရပြီဆိုမှ တုံ့ဆိုင်းနေတဲ့လက်တွေ ပြန်သွက်လာတယ်။ ကိုယ်က မိုရ်ကိုထိန်းချုပ်ပြီး ရေးနေခဲ့တာမျိုးမဟုတ်ဘဲ မိုရ်ကိုယ်တိုင်ခံစားရတဲ့ ခံစားမှုတွေကို ကိုယ်တိုင်နားလည်ပြီးမှ ရောင်စုံများရဲ့အခြားတစ်ဖက် ဖြစ်လာခဲ့တာ...

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now