Part 13 (Unicode)

1.6K 145 9
                                    

"မိုရ်က ကလေးလေးကျနေရောကွာ။
ပြောတော့....မိုရ် ကလေးမဟုတ်တော့ပါဘူးဆို..."

"မဟုတ်ပါဘူးဆို..."

မိုရ်ပြန်ငြင်းတော့ ကိုကိုက ရယ်တယ်။
သူ့မျက်ရည်တွေ သုတ်ပေးနေတဲ့ ကိုကို့လက်ချောင်းလေးတွေကို ငြင်းဆန်ဖို့ အင်အားမရှိခဲ့သလိုမျိုး.... ရယ်နေတဲ့ကိုကို့ကို မငေးမိဘဲနေနိုင်ဖို့လည်း သူ့မှာ အင်အားမရှိပြန်ဘူး။ ကိုကိုနဲ့လက်ပွန်းတတီး နေလာခဲ့တဲ့ ညီငယ်လေးတစ်ယောက်အဖြစ်နဲ့ အသားကျလာခဲ့တဲ့နှစ်တွေက နည်းမှမနည်းတော့ဘဲ။ အခုအချိန်ကျမှ ကိုကို့ကို အဝေးတွန်းထုတ်ပစ်ဖို့ဆိုတာ ကိုကို့ကို ပိုင်ဆိုင်ခွင့်မရှိဘူးဆိုတဲ့ အတွေးတွေလိုပဲ မိုရ်ရဲ့ ဝိညာဉ်ကိုပါ တစ်စစီပျက်စီးသွားစေနိုင်တယ်လေ။

"ကိုကိုရှိတယ်လေ မိုရ်ရယ်...။ မိုရ်က
အမြဲတမ်း ကိုကိုတို့မိသားစုဝင်ပဲ။ ကိုကို့အတွက်ဆို
မိုရ်က ပထမဦးစားပေးလေ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်တယ်ဆိုတာနဲ့....တခြားဘယ်သူ့ကိုမှ မပြောချင်ရင်တောင် ကိုကို့ကိုပြော...။ မိုရ်ပြောတာမှန်သမျှ ကိုကိုနားထောင်မယ်။ အဲ့ဒီအတွက် ကိုကို မင်းကို ဆူလည်းမဆူသလို အပြစ်လည်းမပြောဘူး။ နော်....မိုရ်လေး..."

ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ မိုရ်ရဲ့နှုတ်ခမ်းတွေကို
ကြည့်ပြီး ကိုကိုသက်ပြင်းချတယ်။ ကိုကိုက မိုရ်ကို နားလည်မှုအပြည့်အဝပေးနိုင်ကြောင်း အချိန်တိုင်းမှာ သက်သေပြပေးနေပေမယ့် မိုရ်သိမ်းထားရတဲ့ ခံစားချက်တွေကတော့ ကိုကိုကြားခွင့်မရှိတဲ့
စကားလုံးတွေပဲ ဖြစ်နေတယ်။ မိုရ်ပြောတာမှန်သမျှ ကိုကိုနားထောင်ပေးမယ်ဆိုရင်တောင် မိုရ်က ကိုကိုအရင်တုန်းကသိခဲ့တဲ့ က​လေးငယ်လေးတစ်ယောက် မဟုတ်တော့ဘူး။ အပြစ်ကင်းဖြူစင်တဲ့ အတွေးတွေနေရာမှာ အရောင်မျိုးစုံရောနှောနေတဲ့ အစိုင်အခဲတွေ အစားထိုး ဝင်ရောက်လာပြီး မိုရ်တွေးသမျှ အရာရာတိုင်းကိုလည်း ကိုကိုသိအောင် ပြောပြလို့မရတော့ဘူး။

မရင်းနှီးတဲ့လမ်းတွေကို တစ်လမ်းပြီးတစ်လမ်း ကျော်ဖြတ်လာပြီးတဲ့နောက် ဆယ်စုနှစ်တစ်စုစာလောက် မိုရ်ကျင်လည်ဖြတ်သန်းခဲ့တဲ့ ကိုကိုတို့အိမ်လေးနဲ့ ပိုနီးလာတယ်။ "အကုန်လုံးက မိုရ်ကိုသတိရနေကြတယ်"လို့ ကိုကိုပြောတော့... အဲ့ဒီလူတွေထဲမှာ မမနှင်းနဒီဝေနဲ့ ဒေါ်ကြီးစိန်မြတို့တော့ ပါမှာမဟုတ်ပါဘူးလို့ မိုရ် စိတ်ထဲက ပြန်ပြောနေမိတယ်။ ကိုကိုတို့မိသားစုရဲ့ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေကိုပဲ သူပိုမှတ်မိ​သင့်ပေမယ့် အိမ်နဲ့နီးလာလေ တွေးမိလေဖြစ်နေတာတွေက ဒေါ်ကြီးစိန်မြရဲ့ မကြည်ဖြူမှုတွေနဲ့ မမနှင်းနဒီဝေရဲ့ ကိုကို့အပေါ် ပိုင်ဆိုင်ကြောင်းပြမှုတွေပဲ။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now