Part 6(Unicode)

1.7K 174 10
                                    

မိုရ် မငိုချင်ဘူး....။

မိုရ် ငိုရမယ်ဆိုရင်တောင် သူ့ကို အမြဲတမ်း
စိတ်အနှောင့်​အယှက်ပေးနေတဲ့ ဒေါ်ကြီးစိန်မြရှေ့မှာတော့
မိုရ် မငိုချင်ဘူး။

အဲ့ဒီအဒေါ်ကြီးက မိုရ်ရဲ့မျက်ရည်တွေကို မြင်ချင်နေခဲ့တာ။မိုရ်ပျော်နေတာထက် မိုရ်စိတ်ညစ်နေတာကိုပဲ သူက ပိုလိုချင်မျှော်လင့်နေတာ။ ပြီးတော့ အဲဒီ့လို မြင်ချင်တာ မြင်လိုက်ရတာနဲ့ အဒေါ်ကြီးရဲ့ ကျေနပ်စိတ်က သူနဲ့ အသက်အများကြီးကွာတဲ့ ကလေးတစ်ယောက် အပေါ်မှာတောင် မညှာမတာ ထိုးထွက်လာတာ။

မိုရ် ငိုရင် ဒေါ်ကြီးစိန်မြ ပျော်တယ်။
မိုရ်ရဲ့ မျက်ရည်စီးကြောင်းပိုထင်းရင် ဒေါ်ကြီးစိန်မြရဲ့ အပြုံးတွေလည်း ပိုထင်းလာတယ်။

"ငို...ငို ​သေအောင်ငို...။ နင်လို သန္ဓေစုတ်လေးက
အမြဲတမ်း မျက်ရည်ကျနေသင့်တယ်"လို့ ပြောနေခဲ့သလိုမျိုး နှုတ်ခမ်းထောင့်စွန်းတစ်ဖက်တည်း ကော့တက်နေတဲ့ ခပ်ထေ့ထေ့အပြုံးကိုမြင်တိုင်း သူ့ရင်ထဲ နာကျင်မွန်းကြပ်ရလွန်းလို့ မိုရ် ဘယ်တော့မှ အဒေါ်ကြီးရဲ့အရှေ့ မငိုမိအောင် ထိန်းချုပ်ခဲ့တယ်။

ဒါပေမယ့် အခုတော့...သူမငိုဘဲ
မနေနိုင်လောက်အောင် အဒေါ်ကြီးရဲ့စကားတွေက မိုရ်ရဲ့နုနုနယ်နယ် နှလုံးသားလေးကို တစ်စချင်းစီ ဆွဲဖြဲဖျက်ဆီးပစ်ခဲ့လို့ နှလုံးသားထဲမှာကျနေတဲ့ သွေးစိမ်းရှင်ရှင်တွေက မျက်ရည်တွေအဖြစ်နဲ့ မျက်လုံးထဲကနေ ပြန်ထွက်လာခဲ့တဲ့အထိ မိုရ်ဟာ ဝမ်းနည်းပက်လက်နဲ့ပါပဲ။

အဲ့ဒီအချိန်မှာ မမနှင်းနဒီဝေက
ထမင်းစားခန်းထဲကို ရောက်လာခဲ့တယ်။
ရေခဲရေဘူးကို လက်တစ်ဖက်က ကိုင်ထားပြီး အံကြိတ်ငိုနေတဲ့မိုရ်ကို မြင်တော့ ကြင်နာတတ်တဲ့ အမျိုးသမီးလေးက သူ့ပခုံးနှစ်ဖက်ကို ဖွဖွလှုပ်ယမ်းပြီး
"မိုရ် ဘာဖြစ်လို့ငိုနေတာလဲ"လို့ မေးလာတယ်။

"ဒီမှာလေ သမီးရဲ့ ဒီကောင်စုတ်လေးက..." လို့
အစချီတဲ့ ခက်ခက်ထန်ထန် စကားတစ်ခွန်းကို ကြားကြားချင်း မိုရ်ခေါင်းငုံ့ထားခဲ့ရာကနေ အဒေါ်ကြီးကို မော့ကြည့်လိုက်မိတယ်။ အဒေါ်ကြီးက သူ့လက်ထဲက စာရွက်ကို မမနှင်းနဒီဝေဆီ လှမ်းပေးနေပြီမို့ မိုရ်ငိုဖို့တောင် မေ့သွားသလိုပဲ။ အဲ့ဒီစာရွက်လေး...တစ်ယောက်လက်ကနေ တခြားတစ်ယောက်လက်ဆီ ကူးပြောင်းသွားတာကိုပဲ ပါးစပ်အဟောင်းသားနဲ့ လိုက်ငေးမိရင်း မမနှင်းနဒီဝေရဲ့ တုံ့ပြန်မှုကိုပဲ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ရတယ်။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Tempat cerita menjadi hidup. Temukan sekarang