Part 15 (Unicode)

1.7K 154 6
                                    

"မေမေ....ငါးမုန့်...ငါးမုန့်...."

"ကိုလတ်ရေ...နင့်တူက ငါးမုန့်တဲ့။
တစ်ခု၊ နှစ်‌ခုလောက် ကမ်းပေးပါဦး"

"ခဏလေးဟ ဒီမှာနင့်တူမကလည်း အတင်းဆွဲ....။
အေးပါ သမီးရာ...ခဏလေး ခဏလေး...ကိုကို့ကို အရင်ပေးလိုက်ဦးမယ်"

"ဟော...အငယ်ဆုံးလေးကလည်း ငါးမုန့်ကို လက်ညှိုးထိုးနေပြီဟေ့။ ကလေးတွေ တော်တော်ကြိုက်ကြတယ်။ မစိန်ရေ... ငါးမုန့်ထပ်ကြော်လာပါဦးဟေ့"

ဒီနေ့ မိုရ်တို့အိမ်မှာ ပါတီပွဲတစ်ပွဲကျင်းပနေလို့ အသံတွေဆူညံရှုပ်ထွေးနေတယ်။ ညဂျူတီရှိတဲ့ မမကြီးရဲ့အမျိုးသားကလွဲပြီး မိသားစုဝင်အားလုံးကို မျက်နှာစုံညီမြင်ရတဲ့နေ့တစ်နေ့မှာ ပါတီပွဲလေးရဲ့ အဓိကဇာတ်လိုက်ကတော့ မိုရ်ပဲ။ လူတိုင်းက မိုရ်ရဲ့အောင်စာရင်းအကြောင်းကိုပဲ ပြောနေကြပြီး ညဆယ့်နှစ်နာရီအချိန်ကို စားရင်းသောက်ရင်း ဝိုင်းစောင့်ကြတယ်။ ဒီပွဲလေးက သူ့အတွက်လုပ်ပေးတဲ့ အကြိုဂုဏ်ပြုပွဲသဘောလိုဖြစ်နေလို့လည်း မိုရ် နည်းနည်းလေးပိုပြီး စိတ်လှုပ်ရှားနေတယ်။

အပင်လေးတွေကို ရစ်နွယ်ထားတဲ့ ရောင်စုံမီးလုံးလေးတွေကြောင့် အိပ်မက်ဆန်ဆန် နွေးထွေးနေတဲ့ ပတ်ဝန်းကျင်လေးထဲမှာ ပျော်ရွှင်မှုကလွဲပြီး ဘာခံစားချက်ကိုမှ မခံစားရတော့သလိုဖြစ်နေပေမယ့် အပြည့်အဝပျော်ရွှင်နေရတာမျိုးလည်း မဟုတ်ပြန်ဘူး။ ကိုကို့ကို ရုတ်တရက်ငေးလိုက်မိတဲ့အခါ၊
ကိုကို့ရယ်သံကို ကြားရတဲ့အခါတွေကျရင်တော့ မိုရ်ရဲ့နှလုံးသားလေးက တင်းခနဲဖြစ်ဖြစ်သွားတတ်တယ်။

သန်းခေါင်ယံအချိန်ကို နီးကပ်လာတာနဲ့အမျှ စိတ်လှုပ်ရှားမှုက ပိုပိုသာသာမြင့်တက်လာတယ်။ ကလေးတွေကတော့ အိပ်ကုန်ကြပြီ။ လူကြီးတစ်သိုက်ကသာ စကားတပြောပြောနဲ့ ဆရာမ ဖုန်းဆက်မှာကို တက်တက်ကြွကြွ စောင့်နေကြတာ... စောစောအိပ်ရာဝင်တတ်တဲ့ ဘဘကြီးနဲ့မေမေကြီးတို့တောင် သမ်းဝေတာမျိုး မဖြစ်ခဲ့တဲ့ ထူးထူးခြားခြား ညတစ်ညပဲ။ မမကြီးတို့၊ အစ်ကိုလေးတို့၊ ကိုကိုတို့တုန်းက အကြောင်းတွေကို လူကြီးတွေ အားရပါးရ ပြန်ပြောကြတော့ မိုရ် သေချာမှတ်မိနေတာ ကိုကိုတစ်ယောက်ပဲရှိတယ်။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Nơi câu chuyện tồn tại. Hãy khám phá bây giờ