Part 9: Don't try to love you now

3.5K 72 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့" [ Episode - 9 ]

ဘာမှထူးထူးခြားခြားဖြစ်မသွားတာမို့ တစ်ညနဲ့တစ်မနက်သာဆေးရုံမှာနေခဲ့သည်။ အန်တီမြတ်သည် ခဏတဖြုတ်ရောက်လာတာပေမယ့် ‌ဆေးရုံစားရိတ်ကအစ သူ့ခြေသူ့လက်ကြိုတင်ရှင်းပေးသွားခဲ့ပြီး ကင်းတို့ကလည်းထိုကိစ္စကိုသာရောက်လာမေးမြန်းကြကာ..သတင်းကိုယ်တိုင်တောင်ကြိုတင်သိမထားခဲ့တာမို့ ဘာပြန်ပြောရမှန်းမသိခဲ့။

ရုံးပြန်တက်ချိန်တွင်တော့...

"တကယ်ဆို ရုံးမှာဖြစ်တဲ့ကိစ္စရုံးနဲ့လုံးဝသက်ဆိုင်တယ် ငါတို့ဘက်ကတာဝန်အပြည့်အဝယူဖို့ပေမယ့် ဒီတစ်ခါအတွက်ကိုအကြွေးတင်သွားခဲ့တာပေါ့ ‌ကိုယ့်ကိစ္စကိုယ်ရှင်းမယ်ဆိုတဲ့စတိုင်လုပ်သွားခဲ့လည်း သူဌေးက‌ေတာ်ရံု‌ေလာက်ကို ကျေးဇူးတင်မှာမဟုတ်ဘူး"

Finance manager ကထိုကဲ့သို့တည်တင်းစွာပြောပြီး ကိုယ့်စားရိတ်ကိုယ်ရှင်းလိုက်သည့် သတင်းတို့ကပဲအပစ်လုပ်မိသလို။ ပြောချင်တာပြောပြီးမှ...

"အဟွန်း အစ်မကပြောပြတာ မင်းတို့ကိုယ့်ကိစ္စကိုယ်ရှင်းတော့ အစ်မတို့ဘက်လည်းဇယားမရှုပ်တော့ဘူးပေါ့"

မခိုင်ဟုအများကခေါ်သောသူမကို ဒီတစ်ခါပဲသေချာစကားပြောဖူးတာဖြစ်ကာ မထိခလုတ်ထိခလုတ်စကားတွေကို မနဲသည်းခံလာခဲ့ရပေသည်။

သိမ့်ကတော့ သတင်းဘက်ကမကျေမချမ်းစွာနှင့်...

"အဲ့မန်နေဂျာမ နင့်လူကြီးကိုကြိတ်‌ေကြွနေတာဖြစ်ရမယ်"

"ကြိတ်ကြွေတယ်ပဲထားပါဦး ငါနဲ့သူတို့သူဌေးနဲ့လဲဘာမှမဆိုင်ကြပါပဲနဲ့ ငါ့ကိုပဲမကြည်သာဖြစ်နေတာ"

တကယ်တော့ မခိုင်တစ်ယောက်တည်းသတင်းကိုမကျေနပ်နေတာမဖြစ်နိုင်။ မနေ့ကတစ်ရက်ပဲနားပြီး ဒီမနက်ချက်ချင်းအလုပ်ပြန်ဆင်းတာကို မနက်ကတည်းကတစ်ရုံးလုံးနီးပါး သတင်းကိုပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ တချို့က‌ေတာ့ ခေါင်းချင်းဆိုင်ပြီးတောင် ပေါ်ပေါ်တင်တင် တတွတ်တွတ်ပြောကြသေး၏။ အတင်းစကားဖြစ်ဖို့များတာမို့ နားမထောင်ပဲနေလိုက်တော့လည်း ဘာပြောနေကြမှန်းမသိရ။နေ့ခင်း နေ့လည်စာစားချိန်မှ မစီတစ်ယောက်သတင်းတို့ထမင်းစား‌ေနသည့်နားရောက်ချလာကာ..

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now