"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 16]"ကင်း! တောင်ကြီးကနေအမြန်ေရှာင်တော့"
ဦးထွဋ်ခေါင်အမှုမှာမီးလောင်ဒဏ်ရာနှင့်ရုပ်ပျက်ေနသည့်အလောင်းတစ်လောင်းခြောက်ထဲမှာရှာတွေ့သည်တဲ့..။ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရရော ပါလာတဲ့ပစ္စည်းတစ်ချို့အပြင် ဝတ်လေ့ရှိတဲ့ပတ္တမြားခြယ်နဂါးလက်စွတ်အထိပါအကုန်အတူရှိနေတာကြောင့်...
"ဦးထွဋ်ခေါင်လို့အတည်ပြုလိုက်ကြတယ်..ပြီးတော့..ဒေဝကဒါတွေအားလုံးမင်းစီစဉ်တဲ့အတိုင်းသူကလုပ်ရတဲ့အကြောင်းထွက်ဆိုတယ်တဲ့"
"သူတို့မိသားစုအတွင်းရေးကနဲနဲရှုပ်တယ်..မဟေသီဆိုတဲ့အမျိုးသမီးကဦးထွဋ်ခေါင်ရဲ့ဇနီးပါဆိုပြီးမျက်ရည်စမ်းစမ်းနဲ့ပေါ်လာတယ်..မြတ်ပန်းသတင်းရဲ့အေမရင်းတော့မဟုတ်ဘူး အသက်အရွယ်ကငါတို့နဲ့မှမတိမ်းမယိမ်းေလာက်တွေ..ထူးခြားတာကရဲသွေးနဲ့မောင်နှမအရင်းဆိုတာပဲ.."
ရဲတွေသူ့ကိုမသင်္ကာမှုနဲ့လိုက်နေကြသည်ဆိုလို့ ဦးထွဋ်ခေါင်ရဲ့အမှုအတွက်သူရှောင်ရတော့မည်။ ကိုယ်မလုပ်တဲ့အရာအတွက်တေ့တေ့ဆိုင်ဆိုင်ဖြေရှင်းဖို့ရာ သူ့တပည့်ရင်းဖြစ်သူဒေဝကိုယ်တိုင်က သူ့ကိုလက်ညှိူးထိုးပုံချနေခဲ့ပြီး သက်သေအားလုံးသည်လည်းသူဘက်တွင်ရှိမနေခဲ့သောအခါ...။
သတင်းကိုသူနှုတ်မဆက်လက်မပြပဲစွန့်ခွာခဲ့တာတစ်လရှိပြီ။ အခုချိန်လောက်ဆိုသူ့အပေါ်ဘယ်လောက်တောင် မုန်းအားကြီးနေလိမ့်မလဲ။ တွေ့ချင်သည်၊ မြင်ချင်သည်။ မြတ်နိုးမဝသည့်ထိုမျက်နှာလေးအားတစ်နေကုန်ထိုင်ငေးနေချင်လောက်အောင်စွဲနစ်စွာချစ်မိခဲ့ပြီ..သို့သော်..ပူလောင်ေန၏။
~ငါ့ရဲ့အသဲတခြမ်းမင်းဆီချန်ပြီး ဒီမြို့လေးရဲ့အဝေးငါထွက်သွားတဲ့အခါနင်မမေ့ဖို့ရာ ခဏလောက်ဆက်သိမ်းထားပါ~
သူရောက်နေတာရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာဖြစ်သည်။ အခန်းငယ်တစ်ခုငှားပြီး ကိုယ့်ကိုကိုယ်တိုက်ပိတ်နေခဲ့တာ နောက်ယောင်ခံလိုက်နေသည့်ရဲလိုလိုစုံထောက်လိုလိုလူတစ်စုကြောင့်ဖြစ်၏။
လူသိပ်မစည်သည့်လမ်းကြားထောင့်လေးက လက်ဖက်ရည်ဆိုင်ကိုအခုမှထွက်လာဖြစ်ကာ ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်နေမိသည်။
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...