Part 6: First girl with third prize 2

3.9K 69 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

"နေပါဦး ရှင့်ကိုသတင်းသိတယ် အဲ့ညကရှင်"

"မင်း!"

မဆိုင်တဲ့ကိစ္စထည့်ပြောရမလားလို့ စိတ်တိုသွားသည်။ တစ်လက်စတည်း သူမလက်ထဲက CV form ကိုပြန်ဆွဲယူလိုက်ကာ

"အသက်မပြည့်သေးဘူး ဒီ form ပယ်လိုက်"

လျှောက်လွာလက်ခံသည့်ဝန်ထမ်းကိုလှည့်ပြောလိုက်ပြီး သူမဘက်ကိုလည်း မင်းနဲ့မသက်ဆိုင်ဘူးဆိုသည့်အကြည့်နှင့် ခပ်စိမ်းစိမ်းကြည့်ပစ်လိုက်၏။ ဒါတောင်လက်မလျော့နိုင်သေးပဲ..

"ကျွန်မလည်းဒုတိယနှစ်ကျောင်းသူပဲ"

"မရဘူး"

"ကျွန်မအသက်ပြည့်ဖို့ လပိုင်းပဲလိုတော့တာပါ"

" စည်းမျဉ်းကစည်းမျဉ်းပဲ"

စည်းဆိုတာကျော်ဖို့အတွက်လို့ရွဲ့ပြောလိုက်ချင်သည်။ ဘာကြောင့်များ အခါခါတွန်းထုတ်နေရပါသလဲ သူနှင့်နီးစပ်ဖို့ကြိုးစားတာကသက်သက်ပါ။ တကယ်အတွေ့အကြုံလိုချင်လို့စိတ်အားထက်သန်စွာ လျှောက်လွှာတင်ပေမယ့် 18 နှစ်ပြည့်ရန်လပိုင်းလိုနေမှုကြောင့်ငြင်းပယ်ခံရသည်။

"ရှင့်အတွက် အသက်အရွယ်ကအဓိကလား အရည်အချင်းကအဓိကလား"

"အသက်မပြည့်သေးတဲ့လူတစ်ယောက်ကိုအလုပ်ခန့်ပြီး နောက်ဆက်တွဲပြဿနာတွေဖြေရှင်းဖို့ထိငါမအားဘူး..မင်းပြောတဲ့အရည်အချင်းဆိုတာ ရင့်ကျက်ခြင်းတွေကလာတယ်"
ပြောပြီး..သူ့လက်ထဲက CV form စာရွက်ကိုပြန်လုယူထားသည့်သူမလက်တို့ကို မျက်တောင်ဖျားတို့မှေးစင်းကြည့်ကာ

"အရိပ်သုံးပါးနားလည်တာလဲရင့်ကျက်ခြင်းပဲ အခုလိုအများသူငါတွေကြားမှာ ဒီလိုပြုမူလိုက်တဲ့မင်းအရည်အချင်းကိုမင်းပြန်စမ်းစစ်ပေါ့"

စကားလုံးတစ်လုံးစီတိုင်းက သတင်းလုပ်ရပ်ကို အတိအကျဝေဖန်သည်။ နင်ဘာပြောမလဲသတင်း..အကြာကြီးနေမှတစ်ခါပြန်တွေ့ပြီး သူနဲ့နီးဖို့ပဲကြိုးစားမယ်ဆုံးဖြတ်လိုက်တာလေ။ ကံတရားကနင့်ဘက်မှာ ဒီလောက်ကလေးနဲ့ တုံ့ဆိုင်းမသွားနဲ့စမ်း။ ကိုယ့်ကိုကိုယ် အထပ်ထပ်သတိပေးရင်း...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ