Part 19: I don't know about Tomorrow

3.3K 66 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 19]

ပြတင်းမှန်တံခါးမှတစ်ဆင့် ထိုးဝင်လာသည့်နေရောင်စူးစူးကြောင့် ကုတင်နံဘေးတွင်မီလျက်လက်ပိုက်ရက်သားကျုံ့ကျုံ့လေးအိပ်ပျော်နေရာမှနိုးလာ၏။

"အင်း"

မျက်လုံးကိုပွတ်သပ်ရင်း နေရာမှအမြန်ထလိုက်ကာ အခန်းတံခါးဘက်ကိုစစ်ကြည့်လိုက်‌ေတာ့ဦးစူးရှဝင်လာမှာစိုးလို့ အတွင်းကနေလော့ချထားသည့်အတိုင်း မယိုမယ‌ွင်းဆက်ရှိနေတော့မှ သက်ပြင်းချမိသည်။

"ဟင်း"

မျက်နှာသစ်ဖို့ထလာတော့ တစ်ညလုံးငိုထားလို့မို့အစ်နေတဲ့မျက်နှာဖောင်းဖောင်းနဲ့သူမပုံရိပ်က ‌မှန်ထဲမြင်ရသလောက်တော့အတော်လေးကြည့်ရဆိုးနေသည်။ ရွှေထိုက်ပြောနေကျအပူသည်ရုပ်ဆိုတာကို ကိုယ့်အလှည့်ကျမှသေချာမြင်ဖူးရတော့၏။မျက်နှာသစ်ဆပ်ပြာရယ်လို့ထွေထွေထူးထူးရှိ‌မနေသည့်ဘေစင်အသစ်စက်စက်မှာ ရေနဲ့သာမျက်နှာသစ်ချလိုက်ရသည်။

နွမ်းနေသည့်စိတ်ရောကိုယ်ကိုပါရေချိုးသန့်စင်ပစ်ချင်ပေမယ့် တစ်ရက်နဲ့တစ်ညဝတ်ထားသည့်ဂါဝန်တစ်စုံ တည်းသာရှိတာမို့ အဝတ်အစားအပိုလဲလို့မရသေးသောအဖြစ်ကြောင့် ရေချိုးခန်းထဲကထွက်လိုက်ဝင်လိုက်လုပ်နေမိသည်။

"ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူး"

ရေချိုးခန်းထဲတွင်လွှားထားသည့်တစ်ထည်တည်းရှိသောမွှေးပွသဘက်ဆီမျက်လုံးရောက်သွားသည့်နောက်...ရေချိုးလိုက်ဖို့အားတက်သွားတော့၏။ရေပူစက်ရှိပေမယ့် ဒီလိုအချိန်တောင်းတနေသည်ကရေအေးလေးနှင့်ချိုးလိုက်ဖို့သာ။

"ဗြော"

ရေပန်းခလုတ်ဖွင့်လိုက်တာနှင့် ဗြောခနဲကျလာတော့ရေစက်တို့က အနည်းငယ်တော့လန်းဆန်းသွားစေပေမယ့် လေးနေတဲ့စိတ်ကတော့ရင်ဘက်ထဲမှာတစ်ခုခုခံနေသလိုမျိုးကျန်ရှိနေသေးသည်။
ရေလည်းချိုးပြီးရော သဘက်တစ်ထည်တည်းနှင့်ရေခြောက်အောင်မနဲသုတ်နေရကာ ခေါင်းမလျော်လိုက်တာတော်သေးသည်။ မဟုတ်ရင်သတင်းဆံပင်ရှည်တွေက ဒီသဘက်တစ်ထည်တည်းနှင့်ဆိုတော်တော်နှင့်မခြောက်လောက်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now