Part 18: I hate you

3.4K 66 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 18]

လှိုင်းတဖြူဖြူး လေတလူးလူးနဲ့‌ေချာင်းသာကမ်း‌ေခြ၏ သဲသောင်ပြင်ပေါ်မှာ ပြေးလွှားဆော့နေတဲ့ကလေးမလေးကို ဖအေဖြစ်သူက လိုက်တမ်းပြေးတမ်းဆော့ပေးနေရင်း ကလေးမလေးကတစ်ခုခုပူဆာလိုက်တာကို...

"သမီးတကယ်‌ ဘနားနားဘုတ်ကြီးစီးမှာလား"

"ချီးမှာ"

"ဟားဟားဟား ပန်းကလေးတို့ကတော့ထွဋ်ခေါင်သမီးလို့မပြောရဘူး အာဂပဲဟေး"

စကားမပ‌ီတတ်‌ေသးတဲ့ငါးနှစ်အရွယ်မြတ်ပန်းသတင်းကအဲ့ဒိကတည်းကအဖေချစ်ကလေး။

"ပန်းလေး မီးငယ်လေး တီမြတ်စိတ်မချဘူးနော်"

"ရပါတယ်မမြတ်ရယ် ကလေး‌အတွေ့အကြုံရတာပေါ့"

တီမြတ်ကရင်တမမနဲ့တားနေတဲ့ကြားထဲက ဖအေဖြစ်သူကတော့အားပေးအားမြှောက်အလိုလိုက်လို့ ဇွတ်အတင်းစီးခဲ့တဲ့ဘနားနားဘုတ်ကို ငါးနှစ်ကလေးလေးမို့လို့ တာဝန်ရှိသူတွေကမှောက်ခုံလှန်ခုံပေးမစီးတာတောင် မတော်တဆတစ်ခုကြောင့်ရေအောက်ပြောင်းပြန်လှန်မိသွားလို့အသက်ဘေးနီးနေသောသမီးဖြစ်သူကို မရအရပြန်ရှာကယ်ခဲ့တဲ့ဖအေဖြစ်သူရေထဲစုံးစုံးမြုပ်ပြီးပြန်ပေါ်မလာတော့တာကို ဘေးကမြင်နေရပြီးဘာမှလည်းလုပ်မပေးတတ်။

"‌ကျွန်မဖေကြီးရေနစ်နေလို့ကယ်ပေးကြပါ"

လူတွေကိုပြေးလွှားအကူအညီတောင်းကြည့်ပေမယ့် ဘယ်သူကမှအရေးတယူမလုပ်ကြ။ ခုနကသူမရေနစ်နေတာပါ။ အခုကမ်းပေါ်ပြန်ရောက်နေပြီး ငါးနှစ်အရွယ်ပန်းကလေးမဟုတ်‌ပဲ ဆယ့်ကိုးနှစ်အရွယ်မြတ်ပန်းသတင်းဖြစ်နေခဲ့လျက်..

"ဖေကြီး သတင်းလာပြီ သတင်းလာကယ်မယ် အရှူံးမပေးနဲ့နော်"

အသံကုန်အော်ပြောရင်းရေထဲဆင်းပြေးပေမယ့်ကမ်းမမြင်ရသည့်ပင်လယ်ပြင်ကြီးမှာ ဖေကြီးကိုမမြင်ရတော့။

"ဖေကြီးရေ ဖေကြီး"

သူမအော်သံလည်ချောင်းမှတစ်ဆင့်လျှံထွက်လာ‌ေတာ့မှ မောဟိုက်နွမ်းလျစွာအိမ်မက်မှနိုးလာခဲ့သည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now