Part 30: Will you marry me

3.9K 68 0
                                    

[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 30"]

"ကလေးတို့လူမှားတာတော့မဟုတ်ပါဘူးနော်"

"မဟုတ်ဘူးတီမြတ် သိမ့်က Keen.tech မှာနှစ်လကျော်လောက်အလုပ်သင်ဝင်ခဲ့တာ CEO ကိုခဏခဏမြင်ဖူးပြီးသား"

"သမီးလည်း  product show ပွဲမှာမြင်ဖူးတယ် အဲ့တုန်းက great speaker လေသူက"

ကလေးတွေက ကလောအထိရောက်သွားကြပြီးခြေရာကောက်နိုင်ခဲ့ကြပေမယ့် ပန်းကလေးမျက်နှာကိုမမြင်ခဲ့ရတော့သူမမှာယုံတစ်ဝက်မယုံတစ်ဝက်။ တခြားနေရာတွေကိုဖြန့်ကျက်ရှာဖွေခဲ့ပေမယ့် မေတ္တာရိပ်မြုံစံအိမ်ကြီးနှင့်အနီးဆုံးနေရာမှာရှိနေခဲ့ကြလိမ့်မယ်လို့မထင်ထားခဲ့မိပါ။ ထို့ကြောင့်လည်း ကလောတစ်ခွင်သေချာနှံ့စပ်အောင်မရှာဖြစ်ခဲ့တာဖြစ်၏။ သိမ့်နှင့်ထိုက်ထိုက်တို့ပြောစကားသာသေချာပြီဆို ဖအေလုပ်သူကိုလက်တို့လိုက်ယုံ။ ခက်တာကထွဋ်ခေါင်နဲ့စူးရှလေးနက်တို့ကြောင့် ပဲလှော်ကြားဆားညက်ရမည့်တူမလေးကိုငဲ့နေမိ၍ သူမတုံ့နှေးနေမိ၏။

"ဒ‌ီကိစ္စကို ဦးထွဋ်ခေါင်မသိစေနဲ့ဦးနော် သူမေးလာရင်ကလေးတို့ဘာမှမသိသလိုသာနေ ဟုတ်ပြီလား"

သူမနှုတ်ပိတ်လိုက်တာကြောင့်ကလေးနှစ်ယောက်ကအကြောင်းပြချက်ကို‌ေမးချင်နေပုံပေါ်ကာခေါင်းချက်ချင်းမငြိမ့်ကြပါ။

"သမီးတို့သူငယ်ချင်းကိစ္စကဒီလောက်မရိုးရှင်းဘူးကွယ့် ဖအေလုပ်သူနဲ့စူးရှလေးနက်ကြားမှာမရှင်းရသေးတဲ့ပြဿနာတချို့ရှိနေတယ် တီမြတ်တို့အလောတကြီးလုပ်ရင် ခံစားရမယ့်သူကပန်းကလေးပဲ အာ့တာကြောင့် သမီးတို့နှစ်ယောက်ကိုဒီအ‌ေကြာင်းအချင်းချင်းပဲသိထားစေချင်တာ"

"ဟုတ်ကဲ့ပါတီမြတ်"

"သမီးတို့နှစ်ယောက်လုံးကိုစိတ်ချပါ"

နှစ်ယောက်လုံးထံမှအဖြေရမှသူမခေါင်းငြိမ့်နိုင်၏။ တစ်ဆက်တည်းမှာပင် မေတ္တာရိပ်မြုံကိုနောက်တစ်ကြိမ်ထပ်သွားဖို့လည်းတွေးလိုက်မိ၏။ ကလေးတွေကိစ္စမှာသူတို့ချင်းဘယ်လိုအခြေအနေရှိကြသလဲမသိရသေးပဲ အလောကြီးလို့မရနိုင်တာကြောင့် ကိုယ့်ထက်ကြီးတဲ့ဒေါ်စောယုမြင့်မိုရ်နဲ့အရင်ညှိုနှိုင်းတိုင်ပင်ရလိမ့်မည်။ သားအပူသမီးအပူမရှာပဲ တစ်ကိုယ်တည်းအပျိုကြီးလုပ်ခဲ့ပေမယ့် အခုပူနေရတာတွေက‌ေတာ့သားသမီးနဲ့မခြားတဲ့တူမလေးအတွက်ဖြစ်နေပြန်တော့ သက်ပြင်းရှည်ကြီးတစ်ခုချမိပါ၏။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Tempat cerita menjadi hidup. Temukan sekarang