"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[ Episode -14 ]ဟိုတယ်ကထွက်လို့ လေယာဉ်ပေါ်ရောက်သည်အထိ သတင်းကိုဘာဆိုဘာမှမခိုင်းပဲ ဘာစကားမှလည်းမပြော။ ကင်းရဲ့မျက်နှာခပ်လွှဲလွှဲပုံစံကို စူးစမ်းသလိုကြည့်လိုက်ပြီး ဘာများစိတ်ဆိုးစရာ လုပ်မိပါလိမ့်ဟု ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ရသည်။
"ဘုရားရေ!"
ညက rum မူးပြီး အမှားတစ်ခုခုလုပ်မိလိုက်တာလား။ ဟိုတယ်ခန်းမပြန်ခင်အချိန်တွေအထိပဲ မှီလိုက်သောမှတ်ဉာဏ်ကြောင့် ထိုနောက်ပိုင်းကိုဘာမှစဉ်းစားမရသောအခါ။
"ကောင်းလိုက်တဲ့ဦးနှောက်"
ဘန်ကောက်ကပြန်လာလာချင်းအနားမရပါ။ မနက်ခင်း flight နဲ့ပြန်လာပြီး တနင်္လာနေ့ဆိုတော့ ရုံးကိုပဲတန်းပြန်လိုက်ရသည်။
"Happy birthday!"
"wow"
ရုံးခန်းတံခါးကိုဆွဲဖွင့်ပြီးဝင်လိုက်တယ်ဆိုရင်ပဲ မျှော်လင့်မထားသည့် surprise တို့ကဆီးကြိုလျက်။
"Happy 18th year birthday နော်သတင်း"
သိမ့်ကသတင်းကိုပြေးဖက်ပြီး မွေးနေ့ဆုတောင်းစကားပြောသည်။ ထို့အတူ မစီ၊ မျိုး ၊ မဖြူပြာ၊ ကိုငြိမ်းသာနှင့် သတင်းတို့ဌာနကလုပ်ဖော်ကိုင်ဖက်အားလုံးကပါ သီတင်းအတွက် မွေးနေ့ကိတ်နှင့်အတူ ပန်းစည်းလေးတွေပြင်ဆင်ပေးထားကြတာကြောင့် အံ့ဩဝမ်းသာဖြစ်ရသည်။ ကိုယ့်မျက်နှာကို လက်ဖုဝါးနှစ်ဖက်ယှက်အုပ်ရင်း အားလုံးကိုလည်းဝေ့ကြည့်လိုက်ကာ...
"မထင်ထားဘူး အားလုံးကိုကျေးဇူးတင်လိုက်တာ"
"လာလာ မွေးနေ့ရှင်လေးကိတ်မုန့်ခွဲပါဦး
မစီကသတင်းကို ဦးထုတ်ချွန်လေးေဆာင်းဖို့ကြိုးေလးမေးမှာသိုင်းပေးပြီး ဖုယောင်းတိုင် 18 တိုင်ထွန်းထားသည့် မွေးနေ့ကိတ်လှလှလေးနားဆွဲခေါ်ယူသည်။ တလောကမှ ဆိုင်ကယ်အက်ဆီးဒန့်ကြောင့် ဆေးရုံတက်ထားရသည့်မစီကိုလည်း အခုမှပဲသတင်းမေးရ၏။
"မစီ သက်သာသွားပြီနော်"
"ဒေါင်ဒေါင်ကိုမြည်လို့"
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...